တင်ပါးကို ဂေါ့ဖ်ကွင်းလုပ်ပေးပြီး ဒဏ်ရာရခဲ့တဲ့ ပလေးဘွိုင်းမော်ဒယ် လျော်ကြေးရ



ပလေးဘွိုင်းမော်ဒယ် အဲလိဇဘက်ဒစ်ဆန်ဟာ သူ့တင်ပါးပေါ်မှာ ဂေါ့ဖ်ဘောလုံးတင်တဲ့ Teeနဲ့ ဘောလုံးကိုတင်ပြီး တင်ပါးဂေါ့ဖ်ကွင်းလုပ်ပေးတုန်းက ဂေါ့ဖ်သမားကြောင့် ဒဏ်ရာရခဲ့တဲ့ တင်ပါးအတွက် လျော်ကြေးပြန်ရခဲ့တယ်လို့ သိရပါတယ်။

သူဟာ အရိုက်ခံရမှု၊ ဂရုမမူမှုစွဲချက်တွေနဲ့ ဒေါ်လာ ၅ သိန်း ရလိုကြောင်း တရားစွဲခဲ့ပြီး ပလေးဘွိုင်းအင်တာပရိုက်စ်က အဲဒီလျော်ကြေးကို ပေးချေခဲ့ရတာပါ။
ဒစ်ဆန်ဟာ ပလေးဘွိုင်းရဲ့ မောနင်းရှိုးမှာ ကီဗင်ကလင်းရဲ့ ဂေါ့ဖ်ရိုက်ချက်ကြောင့် တင်ပါးမှာ အညိုအမည်းစွဲခဲ့ပြီး အဲဒီအဖြစ်အပျက်ကြောင့် သူ့တင်ပါးအရွတ်တွေနဲ့ အကြောတွေပျက်စီးသွားတယ်လို့လည်း ဆိုခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန်>>> https://www.youtube.com/watch?v=ZrxmZcSKgvY

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ