လိင်အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့ နှာဘူးတစ်ယောက် ၁၆နှစ်ထောင်ကျ
မကောင်းဆိုးရွား၊ အန္တရာယ်ကောင် နှာဘူးတစ်ယောက်ဟာ လိင်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့တဲ့အတွက် သူ့ကို ထောင် ၁၆နှစ် ချခဲ့တယ်လို့ သတင်းရရှိပါတယ်။
Anthony Ronald Rushanopsky ဆိုသူဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ အမျိုးသမီး သုံးဦးကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
သူဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းကျင့်ရန်ကြိုးပမ်းမှု တို့နဲ့ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် Tesside Crown တရားရုံး တရားသူကြီးက သူ့ကို ၁၆နှစ် ထောင်ဒဏ်ပေးခဲ့တာပဲဖြစ်ပါတယ်။
သူ မုဒိမ်းကျင့်ခဲ့တဲ့ သူတွေထဲက တစ်ယောက်ဟာ “ခုတော့ စိတ်သက်သာရာ ရသွားပါပြီ၊ ဒီလိုထောင်ဒဏ် ချမှတ်ခဲ့တဲ့အတွက် အရမ်းကိုပျော်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ သူမရဲ့ နာမည်ကိုတော့ ဥပေဒကြောင်းအရ ဖော်ပြခွင့် မရှိခဲ့ပါဘူး။
“သူက မကောင်းဆိုးရွားကောင်၊ အန္တရာယ်ကောင်။ ပြီးတော့ သူ တရားစွဲခံရတဲ့အချိန်မှာ စိတ်သက်သာရာ ဖြစ်ခဲ့တယ်။” လို့ သူမ ကပြောခဲ့ပါတယ်။
ဆယ်ကျော်သက်တစ်ယောက် အပါအဝင် အမျိုးသမီး ၃ဦးကို မုဒိန်းကျင့်ခဲ့တဲ့ Rushanopsky ဟာ အသက် ၅၂နှစ်ရှိပါပြီ။ သူ့ကို Gatwick လေဆိပ်မှာ မုဒိမ်းမှုအတွဲလိုက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Skyler - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ