ဂီတသက်တမ်း ၁၁ နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ဦးသုမောင်ရဲ့သားအနေနဲ့ရော၊ ဖိုးသောကြာအနေနဲ့ပါ ပရိသတ်လက်ခံ အားပေးခဲ့တဲ့အပြင် သူ့ရဲ့ ချစ်ဇနီး လှိုင်ရတနာစုနဲ့အတူ ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်သက် တစ်နှစ်ကျော်အတွင်းမှာ ရွှေသုဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို မကြာသေးခင်ကမှ ပိုင်ဆိုင်ထားခဲ့တဲ့ ဖိုးသောကြာကို ဂီတရေးရာများအပြင် ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်များကို မေးမြန်းကြည့်မိတဲ့အခါ
-နေ့ချင်းညချင်း ဖခင်ဖြစ်သွားတဲ့ စိတ်ခံစားချက်လေးကို အရင်ဆုံး သိချင်ပါတယ်။
အစကတော့ မွေးမဲ့ရက် မရောက်သေးဘူးပေါ့။ ဒါပေမဲ့ ကိုယ်ကဖျော်ဖြေရေးနဲ့ခရီးသွားဖို့ရှိတော့ ဆရာမကို နည်းနည်း အပူကပ်ကြည့်တာပေါ့။ ဆရာမကလဲ ရတယ်ဘာညာဆိုတော့ ရိုးရိုးပဲ ပင်လုံဆေးရုံမှာမွေးလိုက်တယ်။ ရိုးရိုးပဲမွေးတာပါ။ ပျော်တာကတော့ အခုချိန်ထိ မပြီးသေးပါဘူး။ ကလေးကို စမြင်ရတဲ့အချိန်မှာ ပျော်တဲ့အပျော်က ပြောမပြတတ်လောက်အောင်ပါပဲ။ စကားနဲ့သုံးနှုန်းပြီး မပြောပြတတ်ဘူး။ ကိုယ်တွေတုန်းကလဲ ကိုယ်တွေအမေတွေ ဒီလိုပဲ ခံစားခဲ့ရမှာပါပဲ။ စိတ်ထဲမှာဖြစ်နေတဲ့ အပျော်ကို ဘယ်လိုပြန်ပြောပြရမှန်းမသိပါဘူး။
-သမီးလေးဖြစ်တဲ့အခါမှာ ကိုယ်လိုချင်တာနဲ့တစ်ထပ်တည်းကျခဲ့ရဲ့လား။
ခံစားချက်က ဘယ်လိုရှိလဲဆိုတော့ ဟိုးအစ ကိုယ်ဝန်စရှိကတည်းက ဘာလေးဖြစ်ဖြစ်ဆိုပြီး စိတ်ထဲမှာ ထည့်ထားတယ်။ ပိုလိုချင်တာကတော့ ယောကျာ်းလေးပေါ့။ မွေးပြီးတဲ့အချိန်မှာ မိန်းကလေးဖြစ်နေပေမဲ့ မိန်းကလေးမို့လို့ ဟင်ဆိုပြီးဖြစ်သွားတာမျိုး မရှိဘူး။ စတွေ့ကတည်းက ဆရာမတွေ လက်ထဲက သွားလုမလို့။ ကျွန်တော်ကိုယ်တိုင်မွေးခန်းထဲထိ လိုက်သွားတာပေါ့နော်။ ချွဲစုပ်တာတွေ ဘာတွေလုပ်တော့ ဘေးကနေကြည့်ပြီး အရမ်းအသည်းယားတယ်။ မလုပ်လဲ မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူတို့ဆေးပညာအရက လုပ်ရမှာပဲဆိုတော့လေ။ ဘေးကနေကြည့်ပဲနေရတယ်။
-သမီးလေးကို မွေးတဲ့ဆရာမနဲ့ဘယ်အချိန်၊ ဘယ်နေ့မှာ မွေးခဲ့လဲဆိုတာသိချင်ပါတယ်။
( ၂၅.၁၀.၁၅ ) တနင်္ဂနွေနေ့ မနက် ၁၀ နာရီ ၄၀ မှာ ပင်လုံဆေးရုံမှာမွေးခဲ့တာပါ။ ၇ ပေါင် ၁၁ အောင်စ ရှိပါတယ်။ ရိုးရိုးပဲမွေးခဲ့တာပါ။ မွေးပေးတဲ့ ဆရာမကတော့ ဒေါက်တာ ငြိမ်းမိုးသော်ပါ။ အိမ်ခေါ်နာမည် ကတော့ ရွှေသုလို့ပေးထားတယ်။ နာမည်လဲ မရွေးရသေးပါဘူး။
-အစ်ကို့အနေနဲ့ သားသား၊ မီးမီးလေးတွေဘယ်နှစ်ယောက်လောက်မွေးဖို့စိတ်ကူးထားလဲ။
၂ ယောက်ပေါ့။ ဒါပေမဲ့ သူတို့အဖွားတွေက ၃ ယောက်၊ ၄ ယောက်၊ ၅ ယောက်မွေးခိုင်းနေတယ်။ ၂ ယောက်ဆို တော်ပါပြီ။ ဒါပေမဲ့ နောက်တစ်ယောက် ထပ်လိုချင်တဲ့ စိတ်ဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။
-သမီးလေးအတွက် ဘယ်လိုမျိုးလေးရော စိတ်ကူးထားလဲ။
အကောင်းဆုံးတွေချည်းပဲဖြစ်စေချင်ပါတယ်။ အခုဆိုရင် မနက်ဖြန် ခရီးသွားရမှာကို မသွားတော့ဘူး။ စရံပြန်လျော်မယ်လို့ပြောလို့ပြောနေကြတာ။ စရံတွေပြန်ပေးမယ်။ မလိုက်တော့ဘူးဆိုတော့ ၀ိုင်းပြောနေကြတာနဲ့အခု မနက်ဖြန် သွားရမယ်ပေါ့။
-သမီးလေးကိုရော ကိုယ့်လိုပဲ အနုပညာရှင်ဖြစ်စေချင်လား။
ကိုယ်လိုချင်တဲ့ ပုံစံသူတို့ကို ဘယ်တော့မှ ပုံမသွင်းပါဘူး။ အဲ့ဒါနှစ်ယောက်လုံးရဲ့ ဆန္ဒပါ။ သူ့ဟာသူ စဉ်းစားဆုံးဖြတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် လမ်းကြောင်းပေးမှာပါ။ ကိုယ်ဒါလုပ်ရမယ်။ ဆိုတဲ့ စည်းကမ်းမျိုး ပုံစံခွက်ထဲမျိုး ထည့်ဖို့အစီအစဉ်မရှိပါဘူး။
-အစ်ကို့သမီးလေးကို ပရိသတ်တော်တ်ာများများ ကချစ်နေကြတယ်။ ပရိသတ်တွေကိုရော ဘယ်လိုမျိုးလေးပြန်ပြောချင်လဲ။
ကျွန်တော့်ပရိသတ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်၊ ဖေဖေ့ကို မမှီတဲ့ နောက်ပိုင်းလူငယ်တွေ၂၅ ရာခိုင်နှုန်းက ဟယ် သုမောင်သားလေးဆိုပြီး ကျွန်တော့်ကို သိကြတယ်။ သုမောင်ကိုချစ်လို့ သုမောင်သားကို ချစ်တာလို့လဲပြောကြတယ်။ တခါတလေနယ်မှာ သီချင်းသွားဆိုရင် အောက်ကနေ ဖိုးသောကြာကြီးလို့မအော်ပဲနဲ့ သုမောင်သားလေးလို့အော်လိုက်ရင် အရမ်းသဘောကျတယ်။ ဖိုးသောကြာကြီး လို့ခေါ်တာထက် သုမောင်သားလေးလို့ခေါ်တာကို ပိုကြိုက်တယ်။ ကျွန်တော့်ကို ချစ်နေကြတဲ့ ကျွန်တော့်ပရိသတ်တွေကလဲ ကျွန်တော့်ကို ချစ်သလို ကျွန်တော့်သမီးလေးကို ဆက်ချစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ချစ်လဲ ချစ်ပေးကြပါလို့ပြောချင်ပါတယ်။
-လတ်တလော ဂီတလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး လုပ်ဖြစ်နေတာလေးတွေသိချင်ပါတယ်။
ပွဲတွေကတော့ သွားဖြစ်နေတယ်။ မိတ္ထီလာကို မနက်ဖြန်သွားပါမယ်။ သန်ဘက်ခါဆို လပြည့်နေ့ဆိုတော့ ပွဲတွေ ကြပ်တယ်။ ကျွန်တော်က မန်းလေး၊ မုံရွာ၊ မိတ္ထီလာ တို့ အပြင် နယ် မင်္ဂလာဆောင်တွေများတယ်။
-မြန်မာသံစဉ်နဲ့ပတ်သက်ပြီး ပရိသတ် အားပေးလက်ခံတဲ့ အဆိုရှင်တစ်ယောက်အနေနဲ့ အခုနောက်ပိုင်းမှာ လူငယ်ကြိုက် ဂီတအမျိုးအစားမျိုးစုံပေါ်လာတဲ့ အတွက် မြန်မာသံစဉ်ပိုင်းက ကွယ်ပျောက် လုနီးပါးဖြစ်နေတာကို တွေ့နေရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး အစ်ကို့အမြင်ကိုလဲပြောပြပေးပါဦး။
ဒါကတော့ ကျွန်တော် သီချင်းစဆိုတုန်းကဆို အဖေက ဆိုခိုင်းလို့ဆိုလိုက်တာ၊ ခံစားချက် သိပ်မရှိဘူး။ ဒါပေမဲ့ နောက်ပိုင်း ဆိုတာကြာလာတဲ့အခါကျတော့ ပိုပြီး တန်ဖိုးထားလာတယ်။ မြတ်နိုးလာတယ်။ သီချင်းကဆိုရင် ပါးစပ်က ထွက်နေပေမဲ့ စိတ်ထဲက ပါတာလား။ မပါတာလား ။ ဆိုတာကို အခုနောက်ပိုင်း ပိုနားလည်ပိုသိလာတယ်။ အရင်ကဆရာသမားတွေက မင်းတို့စိတ်ထဲကနေ ထည့်ဆိုကွ။ စိတ်ထဲကနေထည့်ဆိုလို့ပြောနေပေမဲ့ ကျွန်တော်တို့က စိတ်ထဲကနေ မဆိုတတ်ဘူး။
ဒါပေမဲ့ အခုနားလည်လာပြီ။ စိတ်ထဲက ဆိုတယ်ဆိုတာကို သိလာပြီ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လဲ သူများကို ပြန်မပြောတတ်ဘူး။ မြန်မာသံစဉ်က ခုနက ညီမပြောသလိုပဲ။ တဖြည်းဖြည်းချင်း အားနည်းလာတယ်။ ရေစီးကြောင်းပြောင်းလာတာကြောင့်လဲ ပါတယ်။ စက်မှုပိုင်းတွေနဲ့လဲ ဆိုင်တယ်။ ရေစီးကြောင်းပြောင်းတာကတော့ ခေတ်ရေစီးကြောင်းကတော့ ပြောင်းနေမှာပါပဲ။ သူ့ဟာနဲ့သူသွားနေတာပါပဲ။ ဂီတအလွှာကလဲ မျိုးစုံရှိနေတာကိုး။ အဲ့ဒီကိစ္စကတော့ ထွေထွေထူးထူး ဘာမှမပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လို လူငယ်တွေတော်တော်များများ မြန်မာသံစဉ်ကို ပြန်ဆိုကြလို့ရှိရင် စိတ်ဝင်စားတဲ့သူတွေရှိလာမှာပါ။
-မြန်မာသံစဉ်အနေနဲ့ ခေတ်ရေစီးကြောင်းဖက်ကို လိုက်ပါပြီးပြောင်းလဲဖို့ရော စဉ်းစားကြည့်လား။
တစ်ခါတစ်လေတော့လဲ ကြိုးစားကြည့်တယ်ဗျ။ ဒါပေမဲ့ မြန်မာသံမှာက သီချင်းလာလို့ရှိရင် သူ့ရဲ့ အင်ထရိုမှာ ပြောင်းလို့မရတဲ့ အင်ထရိုတွေ ရှိတယ်။ လုံးဝပြောင်းလို့မရတဲ့ Arrange တွေရှိတယ်။ ဒါတွေက လူတွေနားထဲမှာ လုံးဝဆွဲနေပြီးသား၊ ဒီတီးလုံးလာတာနဲ့ ဒီသီချင်းဆိုတာ တန်းသိတဲ့ သီချင်းမျိုးတွေ အများကြီးရှိတယ်လေ။ ပြောင်းလို့ရတဲ့ သီချင်းမျိုးကျတော့ ပြောင်းပြီးဆိုကြည့်တယ်။ လက်ခံကြပါတယ်။ အခုနောက်ပိုင်း ပွဲတွေကလဲ တောက်လျှောက်ထွက်နေတာဆိုတော့ တခါတလေကျရင် ဘောလုံးကွင်းတစ်ဆုံး မျက်စိတစ်ဆုံးကို သေးသေးလေးတွေပဲမြင်ရတဲ့ထိကို အားပေးတာမျိုး တွေ့ရတယ်။
-မြန်မာသံစဉ်အနေနဲ့ ခေတ်ရေစီးကြောင်းဖက်ကို လိုက်ပါပြီးပြောင်းလဲဖို့ရော စဉ်းစားကြည့်လား။
တစ်ခါတစ်လေတော့လဲ ကြိုးစားကြည့်တယ်ဗျ။ ဒါပေမဲ့ မြန်မာသံမှာက သီချင်းလာလို့ရှိရင် သူ့ရဲ့ အင်ထရိုမှာ ပြောင်းလို့မရတဲ့ အင်ထရိုတွေ ရှိတယ်။ လုံးဝပြောင်းလို့မရတဲ့ Arrange တွေရှိတယ်။ ဒါတွေက လူတွေနားထဲမှာ လုံးဝဆွဲနေပြီးသား၊ ဒီတီးလုံးလာတာနဲ့ ဒီသီချင်းဆိုတာ တန်းသိတဲ့ သီချင်းမျိုးတွေ အများကြီးရှိတယ်လေ။ ပြောင်းလို့ရတဲ့ သီချင်းမျိုးကျတော့ ပြောင်းပြီးဆိုကြည့်တယ်။ လက်ခံကြပါတယ်။ အခုနောက်ပိုင်း ပွဲတွေကလဲ တောက်လျှောက်ထွက်နေတာဆိုတော့ တခါတလေကျရင် ဘောလုံးကွင်းတစ်ဆုံး မျက်စိတစ်ဆုံးကို သေးသေးလေးတွေပဲမြင်ရတဲ့ထိကို အားပေးတာမျိုး တွေ့ရတယ်။
အဲ့ဒီလိုမျိုးပြန်ကြည့်မယ် ဆိုရင် မြန်မာသံက မတိမ်ကောပါဘူး။ မြန်မာနိုင်ငံမှာနေပြီးတော့ မြန်မာသံ လုံးဝမတိမ်ကောပါဘူး။ ဥပမာတစ်ခုရှိတာက ဘာလဲဆိုတော့ IC ပေါ့။ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီး အကုန်ကြိုက်တယ်။ သူတို့တွေကသူတို့တွေရဲ့ စတူဒီယို၊သူတို့တွေရဲ့ ကိုယ်ပိုင်တီးဝိုင်းနဲ့ဆိုတယ်။ အခွေထွက်သွားတော့လဲ ဒီကွာလတီပဲ။ အပြင်ရှိုးမှာ ဆိုတော့လဲ သူတို့စက်နဲ့ပဲဆိုတော့ အခွေထဲကအတိုင်းကွာလတီကအတူတူပဲ။ စပီကာတွေ အသံထွက်တွေ ကလဲကောင်းတော့ နားထောင်တဲ့သူတွေ သဘောကျကြတာပေါ့။ မြန်မာမှာကျတော့ ဘာရှိလဲဆိုတော့ အသံသွင်းတယ်။ အခွေထွက်တယ်။ ကောင်းတယ်။
ဒါပေမဲ့ ဘာတွေအားနည်းလဲဆိုတော့ သွားဆိုတဲ့ အခါမှာ စက်ပိုင်းဆိုင်ရာတွေ အရမ်းအားနည်းတယ်။ အလှူတွေဘာတွေကျတော့ ဘုန်းကြီးကျောင်းက စက်တွေများတယ်။ ရှင်ပြု၊ နားသ အဲ့လိုပွဲတွေသွားဆိုတဲ့အခါ လူပဲလာ၊ ဘုန်းကြီးဆီမှာစက်တွေရှိတယ်ဆိုပြီး လာခိုင်းတယ်။ဒါပေမဲ့ ဘုန်းကြီးရဲ့စက်က တရားဟောဖို့အတွက်ပဲ လုပ်ထားတာ၊ အဲ့ဒီစက်တွေနဲ့ပရိသတ်ကိုဖျော်ဖြေရတဲ့အတွက် အဆင်မပြေဘူး။ စက်တွေမလိုဘူး။ ကျွန်တော်တို့မြို့မှာ နာမည်အကြီးဆုံးဆိုတဲ့ စက်တွေနဲ့ လာဆိုပါပြောတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အခက်တွေ့တယ်။ လို့ပြောပြခဲ့ပါတယ်။
ခင်ဆွေသက် - Trend Myanmar
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ