ဘလတ္တာနှင့် ပလာတီနီ အယူခံ ပယ်ချခံရ


ရာထူးကနေ ရက် ၉၀ တားမြစ်ခံထားရတာကို အယူခံဝင်တဲ့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ဒုဥက္ကဋ္ဌ ပလာတီနီတို့ရဲ့ အယူခံကို ဖီဖာရဲ့ အယူခံကော်မတီက ပယ်ချလိုက်ပါတယ်။

အောက်တိုဘာက သူတို့ ၂ ဦး ရက် ၉၀ ရာထူးကနေ ဆိုင်းငံ့ခံထားရပြီး ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးနေပါတယ်။

၂ ဦးစလုံးကတော့ တစုံတရာ အမှားအယွင်းမလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။

ဖီဖာ အထွေထွေအတွင်းရေးမှူး ဂျရုန်း ဗာခီကလည်း ရာထူးက ဆိုင်းငံ့ခံထားရပေမယ့် နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ တစုံတရာ ပြောဆိုထားတာ မရှိပါဘူး။

အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ခရစ္စမတ်မတိုင်မီ ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ချမှတ်မဲ့ အဖွဲ့က ကြားနာမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ