ကလေးထိန်းကျောင်းရှိ မူကြိုကလေးငယ်တွေဟာ အပြင်ကမ္ဘာမှာ နေဖို့ အချိန် ပိုမိုလိုအပ်


မူလတန်း တက်ခွင့်မရသေးတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ အချိန်အများစုကို နေ့ကလေးထိန်းကျောင်းတွေမှာ ကုန်ဆုံးနေရလေ့ရှိပါတယ်။ သူတို့လေးတွေအနေနဲ့ ထိုအချိန်တွေကို အဆောက်အဦးတွေရဲ့ အပြင်ဘက် မှာ ထွက်ပြီး အချိန်ဖြုန်းဖို့ ပိုမိုအရေးကြီးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကလေးငယ်တွေအတွက် အကောင်းဆုံး အခွင့်အရေးဖြစ်နေလို့ပါ။

လမ်းညွှန်စည်းကမ်းချက်တွေအရ ကလေးငယ်တွေဟာ တစ်နေ့ကို မိနစ် ၆၀ ခန့် အပြင်ကမ္ဘာမှာ ဆော့ကစားသင့်တယ်လို့ ဆိုထားပေမယ့် သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာက ကလေးငယ်တွေဟာ တစ်နေ့ကို ၁ နာရီတောင် အပြင်ကမ္ဘာမှာ ဆော့ကစားခွင့်မရကြရှိာပါဘူး။

"နေ့စဉ်ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ကလေးငယ်တွေရဲ့ ကြီးထွားမှု နဲ့ ဖွံဖြိုးတို့အတွက် လိုအပ်တယ်ဆိုတာ ကျွန်ုပ်တို့ သိပြီးသားပါ။ အဲဒီလို လှုပ်ရှားမှုတွေဟာ နှလုံးသွေးကြော ၊ အရိုးကျန်းမာရေးတို့အပြင် ခံစားမှု ၊ စိတ်ပါဝင်စားမှု နဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်လို့ Cincinnnati ကလေးဆေးရုံက သုတေသီတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Kristen က ဆိုပါတယ်။

သုတေသီတွေဟာ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်က Cincinnati မြို့မှာရှိတဲ့ နေ့ကလေးထိန်းကျောင်း ၃၀ ကို ရွေးချယ်ပြီး ထိုကျောင်းတွေမှာရှိတဲ့ ကလေူငယ် ၃၈၈ ယောက်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ကနေ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ လအထိ ၂၄ နာရီတာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တွေကို မှတ်တမ်းတင်လေ့လာခဲ့တာပါ။

ထို ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းက တစ်နေ့ကို ၂ ကြိမ်လောက် အပြင်ဘက်ထွက်ပြီးဆော့ကစားခွင့် ရခဲ့ပေမယ့် ၄၀ ရာခိုင်နှုန်းသော ကလေးတွေသာ တစ်နေ့ကို ၂ ကြိမ်ထက်မနည်း အပြင်ကမ္ဘာမှာ သွားရောက်ဆော့ကစားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃၂ ရာခိုင်နှုန်းကတော့ အပြင်မှာ လုံးဝ မဆော့ခဲ့ရဖူးလို့ သိရပါတယ်။ ၈၃ ရာခိုင်နှုန်းကတော့ အပြင်ဘက်မှာ မိနစ် ၆၀ ခန့်အထိ နေ့စဉ် ဆော့ကစားကြပါတယ်တဲ့။

အဲဒီလို အပြင်ကမ္ဘာမှာ တစ်နေ့ ကို မိနစ် ၆၀ ခန့် ဆော့ကစားလေ့ရှိခဲ့သူတွေဟာ အပြင်ကမ္ဘာကို လုံလောက်စွာ မထွက်ခဲ့ရတဲ့ ကလေးငယ်တွေထက်ပိုမို တက်ကြွနေတာကိုလည်း တွေ့ရပြန်ပါတယ်။

"ဒီ အခွင့်အရေးတွေဟာ အိမ်မှာ တက်ကြွနေဖို့ အခွင့်အရေးမရှိသူတွေအတွက် ပိုမို အရေးကြီးပါတယ်။ ဒါကြောင့်နေ့ကလေးထိန်းကျောင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း အရေးပါပြီဒ ကလေးငယ်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပမာဏဟာ သက်ရောက်မှုတွေရှ်လာပါတယ်။" လို့ ဒေါက်တာ Copeland က ဆိုပါတယ်။

ထို လေ့လာမှုကိုတော့ Preventive Medicine ဆိုတဲ့ အမေရိကန် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။

Mario - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ