ကန်တော်ကြီးတွင် ကားတစီး ရေထဲထိုးကျ (ရုပ်သံ)


ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ ဒီနေ့ ညနေ ၄ နာရီလောက်က ပရိုဘောက် တက္ကဆီကားတစီး ရေထဲထိုးကျသွားလို့ ပြန်လည်ဆယ်ယူနေကြပါတယ်။

ကားမောင်းသူ ခေတ္တ အပေါ့အပါးသွားနေတုန်း ကားငှားတဲ့သူတွေက တက်မောင်းလို့ ရေထဲထိုးကျသွားတာ ဖြစ်ပါတယ်။

ကားမောင်းသူနဲ့ ငှားတဲ့သူတွေက သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ယဉ်မောင်းဖြစ်သူကို ရဲက ထိန်းသိမ်းထားပြီး ကားကိုတော့ ညနေ ၅ နာရီလောက်အထိ ကရိန်းနဲ့ဆွဲတင်ဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။

ရိုက်ကူး- ကိုသက် / DVB



မှတ်ချက်များ