စမတ်ဖုန်းသုံးစွဲသူများ ဖုန်းကို တစ်နေ့ ၈၅ ကြိမ် ဝင်ကြည့်ကြဟု လေ့လာမှုဆို


လူတွေဟာ တစ်နေ့ အပျှမ်းမျှ ၅ နာရီ စမတ်ဖုန်း အသုံးပြုကြပါတယ်။ ဒါဟာ သူတို့မအိပ်တဲ့အချိန် သုံးပုံတစ်ပုံ ခန့်လောက်ရှိပါတယ်။ တစ်နေ့ကို (၈၅) ကြိမ်ခန့် ဝင်ကြည့်ကြတယ်လို့ လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။

ဒီလေ့လာမှုက စမ်းသပ်ခံသူများ သူတို့စမတ်ဖုန်းကို တကယ်အသုံးပြုနေတဲ့ အကြမ်းဖျင်းခန်းမှန်းထားသည့် အချိန်ပမာဏကို နှိုင်းယှဉ်ထားတာဖြစ်တယ်။ လူတွေက သူတို့ဖုန်းကို သူတို့ထင်ထားတာထက် နှစ်ဆ ပိုဝင်ကြည့်ကြောင်း တွေ့ရပါတယ်။

မိုဘိုင်းလ်ဖုန်းအသုံးစွဲမှုအကြိမ် ရေတွက်တဲ့အခါ ထုံးစံအတိုင်း self-report data ပေါ်မှာပဲ အခြေခံထားပါတယ်။ သို့သော် ဒီ စမတ်ဖုန်းသုံးစွဲတဲ့ အချိန်ခန့်မှန်းခြင်းကို သတိပေးချက်အနေနဲ့ သဘောမထားသင့်ကြောင်း UK နိုင်ငံ Lancaster University မှ စိတ်ပညာရှင်တစ်ခုဦးဖြစ်သူ David Ellis က ဆိုပါတယ်။ သုတေသီများက အသက် ၁၈ မှ ၃၃ နှစ်အတွင်းရှိ အစမ်းသပ်ခံသူ ၂၃ ယောက်ကို ဖုန်းဖြင့် အချိန်ဘယ်လောက် ကုန်ဆုံးစေကြောင်း မေးမြန်းခဲ့ပါတယ်။

နှစ်ပတ်တာ ကာလအတွင်း စမတ်ဖုန်းသုံးစွဲမှုကို မှတ်ထားတင်ပေးမယ့် app တစ်ခုလည်း ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ နာရီကြည့်ခြင်း၊ မေ့ဆေ့ခ်ျနိုတီတွေ စစ်ဆေးခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်း၊ သီချင်းဖွင့်ခြင်းစတဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။

အစမ်းသပ်ခံသူတွေ ဖုန်းကို ပျှမ်းမျှ တစ်နေ့ကို ၈၄.၆၈ ကြိမ် အသုံးပြုပြီး တစ်နေ့တစ်နေ့ ၅.၀၅ နာရီ ကုန်ဆုံးစေကြကြောင်း တွေ့ရပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ