ရွေးကောက်ပွဲ မတိုင်ခင် ထိုင်း မြန်မာနယ်စပ် ယာယီဂိတ်တွေ ပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာချီလိတ်မြို့အနီးရှိ ထိုင်း-မြန်မာနယ်စပ် လွယ်တော်ခမ်း ဂိတ်တံခါးကို တွေ့ရစဉ်။ Photo: RFA
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနယ်စပ် တပ်ခရိုင်အတွင်းက မဲဆောက်၊ ဖုတ်ဖရ၊ မယ် ရမတ်၊ သာဆောင်ရမ်း စီရင်စု တွေမှာရှိတဲ့ သောင်ရင်းမြစ်တလျှောက်က ယာယီကုန်သွယ်ရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်း ကဖေါ်ပြပါတယ်။

မဲဆောက်နဲ့ မြဝတီကြား ချစ်ကြည်ရေးတံတားမှာရှိတဲ့ တရားဝင်နယ်စပ်ဂိတ်ကိုသာ ဖွင့်ထားတယ်လို့ သိရပါတယ်။ အကျိုးဆက်အနေနဲ့ ချစ်ကြည်ရေးတံတားမှာ အသွားအလာပြည့်ကြပ်သွားပါတယ်။

သောင်ရင်းမြစ်တလျှောက် ယာယီဂိတ်ပေါင်း ၂၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ယာယီဂိတ်တွေ ပိတ်လိုက်တာဟာ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အနှောင့်အယှက်ပြုမှာ စိုးလို့ဖြစ်တယ်လို့ သိရကြောင်း ဘန်ကောက်ပို့စ်က ပြောပါတယ်။

RFA Burmese

မှတ်ချက်များ