အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်တဲ့ Luke Shaw


မန်ယူနောက်ခံလူ Luke Shaw ဟာ ကြောက်မက်ဖွယ် ခြေထောက်ကျိုးဒဏ်ရာကို ပြင်းထန်စွာရရှိပြီးတဲ့နောက်မှာ ပြန်လည်သက်သာလာပြီဖြစ်ပြီး အပေါ့စားလေ့ကျင့်မှုတွေကို ပြန်လည် ပြုလုပ်နိုင်နေပြီလို့ သိရပါတယ်။ သရဲနီတို့ရဲ့ ဘယ်နောက်ခံလူဟာ လေ့ကျင့်ခန်းပြုလုပ်တဲ့ စက်ဘီးပေါ်နဲ့ ရေကူးကန်တွေထဲမှာ သူ့ရဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေကို ပြန်လည်လုပ်ဆောင်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ လူမှုစာမျက်နှာပေါ်မှာ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Shaw ဟာ သူ့ရဲ့ ဓာတ်ပုံအောက်မှာတော့ " ဒီနေ့မှာတော့ စက်ဘီးစီးပြီး ပြန်လည် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို လုပ်နေတယ် " လို့ ညွှန်းဆိုထားပါတယ်။ " Luke ဟာ သူ့ရဲ့နေရာမှာ ပြန်ကစားနိုင်ဖို့အတွက် လုပ်ဆောင်နေပါပြီ။

သူ့ရဲ့ ကြံ့ခိုင်ရေးလုပ်ဆောင်ချက်တွေမှာ ပြင်းပြင်းထန်ထန်မဖြစ်စေဘဲ သဘာဝအတိုင်းပဲ လုပ်ဆောင်ပေးဖို့ ညွှန်ကြားထားပါတယ်။ သူကတော့ ခန္ဒာကိုယ်အနေအထား ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ အကောင်းဆုံးအနေအထားတစ်ခုနဲ့ လုပ်ဆောင်နေပါတယ်။ သူ့ကို ပရိသတ်တွေကလည်း အားပေးမှုတွေ ပြုလုပ်နေတယ် " လို့ နည်းပြ Van Gaal က ပြောပြခဲ့ပါသေးတယ်။

သူဟာ ဥရောပမှာ ကစားနေတဲ့ အသက် ၂၁ နှစ်အောက် ဘောလုံးသမားတွေကို ချီးမြှင့်လေ့ရှိတဲ့ Golden Boy ဆုမှာလည်း အသင်းဖော် Martial , Januzaj တို့နဲ့အတူ ဆန်ကာတင်အယောက်လေးဆယ်စာရင်းမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။အဲ့ဒီဆုဟာ သတင်းတွေမှာ ဖော်ပြခံရမှုအကြိမ်ရေပေါ်ကို မူတည်ပြီး ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

Paing A K - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ