The Beatles ရဲ့ ဂစ်တာကို လေလံဈေး ကန်ဒေါ်လာ ၂.၄ သန်းနဲ့ ရောင်းချ


The Beatles အဖွဲ့ ရဲ့ နာမည်ကျော်၊လူကြိုက်အများဆုံး သီချင်းတစ်ချို့ ကို ရေးစပ်၊အသံသွင်းရာမှာ John Lennon တီးခတ်ခဲ့တဲ့ အခူးစတစ်ဂစ်တာကို ကယ်လီဖိုးနီးယားလေလံပွဲမှာ ဒေါ်လာ ၂.၄ သန်းနဲ့ ရောင်းချလိုက်ရပါတယ်။John Lennon ဟာ ဒီဂီတာနဲ့ Love Me Do နဲ့ I Want to Hold Your Hand တို့ အပါအ၀င် နာမည်ကြီးသီချင်း တော်တော်များများကို ရေးစပ်၊အသံသွင်းခဲ့တယ်လို့ ယူဆရပါတယ်။ စနေနေ့ က Beverly Hills မှာ ပြုလုပ်ခဲ့တဲ့ Julien’s Auctions လေလံပွဲမှာ အမည်မဖော်လိုသူတစ်ဦးက ဒီ Gibson J-160E ဂီတာကို ၀ယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Lennon ဟာ ဒီဂစ်တာကို ၁၉၆၂ ခုနှစ်၊ စက်တင်ဘာလတုန်းက အင်္ဂလန်နိုင်ငံ၊လီဗာပူးလ်မြို့ မှာ ၂၄၂ ဒေါ်လာ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီဂီတာဟာ အမေရိက ကနေ အင်္ဂလန်ကို အဆိုပါ ဂစ်တာအမျိုးအစားနှစ်လက်ထဲသာ တင်ပို့ ခဲ့တဲ့ ထဲက တစ်လက်ဖြစ်တယ်လို့ ဆိုပါတယ်။ John ဟာ ဒီဂစ်တာကို အရမ်းနှစ်သက်ပြီး အိမ်ကို ပြန်သယ်သွားတတ်ကာ Paul McCartney နဲ့ အတူ ဒီဂီတာနဲ့ သီချင်းတွေ တူတူရေးစပ်ခဲ့ပါတယ်” လို့ လေလံ အဖွဲ့ က ပြောကြားခဲ့ပါတယ်။

Lennon ဟာ ဒီ Gibson ဂီတာကို တစ်နှစ်အကြာ တီးခတ်ခဲ့ပြီးနောက်မှာ Harrison နဲ့ ဂစ်တာချင်းလဲခဲ့ပါတယ်။ ထို့ နောက်မှာတော့ ဒီဂီတာဟာ ၁၉၆၃ ခုနှစ်၊ လန်ဒန်မှာကျင်းပခဲ့တဲ့ Beatles ရှိုးပွဲတစ်ခုမှာ ပျောက်ဆုံးသွားခဲ့ ပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော် အကြာ ဂစ်တာ ဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိရှိခဲ့ကြဘဲ နောက်ဆုံးမှာတော့ ကယ်လီဖိုးနီးယားက လူတစ်ယောက်ဟာ သူ့ ကိုယ်ပိုင်ပစ္စည်းတွေမှာ တွေ့ ရတဲ့ ဂစ်တာ တစ်လုံးဟာ သမိုင်းဝင် အမှတ်တရ တန်ဖိုးတစ်ခုခု ရှိနေနိုင်ကြောင်း ရိပ်မိခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ ဒီဂီတာကို John McCaw ဆိုသူက ၀ယ်ယူခဲ့ပြီး မဂ္ဂဇင်းဟောင်းတစ်ခုမှာ တွေ့ ရတဲ့ဆောင်းပါးတစ်ခုမှာ သူ့ ဂီတာနဲ့ John Lennon ရဲ့ ဂစ်တာတို့ တူညီတဲ့ အမှတ်အသားတွေပါရှိကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကျွမ်းကျင်သူတစ်ဦးဟာ ဂစ်တာနဲ့ ထုတ်လုပ်မှုအမှတ်စဉ်နံပါတ်၊ ဂစ်တာက သစ်ကြောနဲ့  အမှတ်အသားတွေကို တိုက်ဆိုက်စစ်ဆေးခဲ့ပြီး ၁၉၆၀ အစောပိုင်းက Lennon ကိုင်ခဲ့တဲ့ ဂစ်တာဖြစ်ကြောင်း သိရှိခဲ့ ရတာဖြစ်တယ်လို့ Julien’s Auction က ရှင်းပြခဲ့တာဖြစ်ပါတယ်။

ye wint - Trend Myanmar

မှတ်ချက်များ