သင့္ အခ်စ္ဆံုးသူငယ္ခ်င္းကို မျဖစ္မေန ေက်းဇူးတင္သင့္တဲ့ အေၾကာင္းအရာမ်ား
Zawgyiျဖင့္ဖတ္ရန္
အခ်စ္ဆံုးသူငယ္ခ်င္းလို႔ ေျပာလိုက္တာနဲ႔ ဘယ္သူ႕ကို ေျပးျမင္္မိၾကလဲ။ ကိုယ္ရဲ႕ ဆိုးေဖာ္ဆိုးဖက္၊ ေသာင္းက်န္းေဖာ္ေသာင္းက်န္းဖက္ ျဖစ္သလို ကိုယ့္ကို လမ္းမွန္ေရာက္ေအာင္ တြန္းအားေပးတတ္သူေတြဟာ ကိုယ့္အတြက္ အေကာင္းဆံုး သူငယ္ခ်င္းေတြပဲ မွလား။ ဒီလုိမ်ိဳး ကိုယ့္အေပၚနားလည္မႈ ေပးႏိုင္ဆံုး သူငယ္ခ်င္းကို ေက်းဇူးတင္စကား ေျပာဖူးၾကၿပီလား။ ဒီလိုအေၾကာင္းတရားေတြေၾကာင့္ သင့္ အခ်စ္ဆံုးသူငယ္ခ်င္းကို ေက်းဇူးတင္စကား ေျပာသင့္ပါတယ္ေနာ္။
ေပ်ာ္႐ႊင္ျခင္းေတြ အတြက္
သူငယ္ခ်င္းဆိုတာ အမွတ္္တရေတြ၊ ေပ်ာ္႐ႊင္မႈေတြ၊ ဝမ္းနည္းမႈေတြ၊ အားေပးမႈေတြ ေရာယွက္ဆက္သြယ္ေနတဲ့ အရာပါ။ ဒီလိုမ်ိဳး အတူတူေပ်ာ္ၾကတဲ့ အခိုက္အတန္႔လည္း ႐ွိသလို ဝမ္းနည္းတဲ့ အခ်ိန္လည္း ႐ွိမွာပဲ။ ကိုယ္နဲ႔အတူတူ ေပါေတာေတာေတြ အ႐ူးထ၊ သြားခ်င္တာေတြ ေလွ်ာက္သြားရင္း ေပ်ာ္႐ႊင္ခဲ့ၾကတဲ့ အခ်ိန္ေတြအတြက္ သူငယ္ခ်င္းကို တစ္ေခါက္ေလာက္ေတာ့ ေက်းဇူးတင္စကား ေျပာသင့္ပါတယ္။
အားေပးႏွစ္သိမ္႔မႈေတြအတြက္
ကိုယ္က်႐ံႈးေနတဲ့အခ်ိန္၊ ဝမ္းနည္းေနတဲ့ အခ်ိန္တိုင္း ကိုယ့္အနားအၿမဲ ႐ွိေနတတ္တဲ့၊ ကိုယ့္ကို အၿမဲအားေပးတတ္တဲ့ သူငယ္ခ်င္းကို ေက်းဇူးတင္ဖို႔ မေမ႔ပါနဲ႔။ ငိုစရာ႐ွိရင္ အတူငိုရင္း၊ ေပ်ာ္စရာ႐ွိရင္ အတူေပ်ာ္ခဲ့ၾကတဲ့ အေကာင္းဆံုး သူငယ္ခ်င္းျဖစ္လို႔ အသိအမွတ္ျပဳတဲ့အေနနဲ႔ ေက်းဇူးတင္စကားဆိုပါ။
အခ်စ္ေရးကိစၥေတြကို မညီးမညဴနားေထာင္ေပးလို႔
ကိုယ့္ရဲ႕ ဟုတ္မွန္တဲ့ ဇာတ္လမ္းေတြေရာ၊ စိတ္ကူးယဥ္ဇာတ္လမ္းေတြကိုပါ မညီးမညဴ အားေပးတတ္သူေလး။ ခ်စ္မိခဲ့လို႔ အသည္းကြဲျခင္းေတြ၊ မခ်စ္လိုက္ရပဲ အသည္းကြဲသြားတဲ့ အေၾကာင္းေတြကို ရင္ဖြင္လုိ႔ရတဲ႔ အေကာင္းဆံုး အားေပးေဖာ္ေလး သူငယ္ခ်င္းကို ေက်းဇူးတင္ဖို႔ မေမ႔ပါနဲ႔။
ဘယ္တုန္းကမွ ကိုယ့္အေပၚ လ်စ္လ်ဴမ႐ႈခဲ႔လို႔
ကိုယ္ဘက္က တစ္ခါတစ္ေလ အမွားလုပ္မိတာ ျဖစ္ျဖစ္၊ စိတ္ဆိုးမိတာျဖစ္ျဖစ္၊ တစ္စံုတစ္ေယာက္ေၾကာင့္ သူ႕ကို ဂ႐ုမစိုက္သလို ျဖစ္သြားမိတဲ့အခါမွာေတာင္ ကိုယ့္ရဲ႕ စကားတစ္ခြန္းေလာက္နဲ႔ ျပန္စိတ္္ေျပသြား တတ္ၾကသူေတြပါ။ ဘယ္တုန္းကမွ လ်စ္လ်ဴမ႐ႈမိသလို၊ ဘယ္ေတာ့မွလည္း လ်စ္လ်ဴ႐ႈမယ့္သူ မဟုတ္တဲ့ အတြက္ေၾကာင့္ သင့္ အခ်စ္ဆံုးသူငယ္ခ်င္းကို ေက်းဇူးတင္စကား ေျပာသင့္ပါတယ္။
Khin
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
သင့် အချစ်ဆုံးသူငယ်ချင်းကို မဖြစ်မနေ ကျေးဇူးတင်သင့်တဲ့ အကြောင်းအရာများ
အချစ်ဆုံးသူငယ်ချင်းလို့ ပြောလိုက်တာနဲ့ ဘယ်သူ့ကို ပြေးမြင်မိကြလဲ။ ကိုယ်ရဲ့ ဆိုးဖော်ဆိုးဖက်၊ သောင်းကျန်းဖော်သောင်းကျန်းဖက် ဖြစ်သလို ကိုယ့်ကို လမ်းမှန်ရောက်အောင် တွန်းအားပေးတတ်သူတွေဟာ ကိုယ့်အတွက် အကောင်းဆုံး သူငယ်ချင်းတွေပဲ မှလား။ ဒီလိုမျိုး ကိုယ့်အပေါ်နားလည်မှု ပေးနိုင်ဆုံး သူငယ်ချင်းကို ကျေးဇူးတင်စကား ပြောဖူးကြပြီလား။ ဒီလိုအကြောင်းတရားတွေကြောင့် သင့် အချစ်ဆုံးသူငယ်ချင်းကို ကျေးဇူးတင်စကား ပြောသင့်ပါတယ်နော်။
ပျော်ရွှင်ခြင်းတွေ အတွက်
သူငယ်ချင်းဆိုတာ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အားပေးမှုတွေ ရောယှက်ဆက်သွယ်နေတဲ့ အရာပါ။ ဒီလိုမျိုး အတူတူပျော်ကြတဲ့ အခိုက်အတန့်လည်း ရှိသလို ဝမ်းနည်းတဲ့ အချိန်လည်း ရှိမှာပဲ။ ကိုယ်နဲ့အတူတူ ပေါတောတောတွေ အရူးထ၊ သွားချင်တာတွေ လျှောက်သွားရင်း ပျော်ရွှင်ခဲ့ကြတဲ့ အချိန်တွေအတွက် သူငယ်ချင်းကို တစ်ခေါက်လောက်တော့ ကျေးဇူးတင်စကား ပြောသင့်ပါတယ်။
အားပေးနှစ်သိမ့်မှုတွေအတွက်
ကိုယ်ကျရှုံးနေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့ အချိန်တိုင်း ကိုယ့်အနားအမြဲ ရှိနေတတ်တဲ့၊ ကိုယ့်ကို အမြဲအားပေးတတ်တဲ့ သူငယ်ချင်းကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ ငိုစရာရှိရင် အတူငိုရင်း၊ ပျော်စရာရှိရင် အတူပျော်ခဲ့ကြတဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ကျေးဇူးတင်စကားဆိုပါ။
အချစ်ရေးကိစ္စတွေကို မညီးမညူနားထောင်ပေးလို့
ကိုယ့်ရဲ့ ဟုတ်မှန်တဲ့ ဇာတ်လမ်းတွေရော၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုပါ မညီးမညူ အားပေးတတ်သူလေး။ ချစ်မိခဲ့လို့ အသည်းကွဲခြင်းတွေ၊ မချစ်လိုက်ရပဲ အသည်းကွဲသွားတဲ့ အကြောင်းတွေကို ရင်ဖွင်လို့ရတဲ့ အကောင်းဆုံး အားပေးဖော်လေး သူငယ်ချင်းကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။
ဘယ်တုန်းကမှ ကိုယ့်အပေါ် လျစ်လျူမရှုခဲ့လို့
ကိုယ်ဘက်က တစ်ခါတစ်လေ အမှားလုပ်မိတာ ဖြစ်ဖြစ်၊ စိတ်ဆိုးမိတာဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကြောင့် သူ့ကို ဂရုမစိုက်သလို ဖြစ်သွားမိတဲ့အခါမှာတောင် ကိုယ့်ရဲ့ စကားတစ်ခွန်းလောက်နဲ့ ပြန်စိတ်ပြေသွား တတ်ကြသူတွေပါ။ ဘယ်တုန်းကမှ လျစ်လျူမရှုမိသလို၊ ဘယ်တော့မှလည်း လျစ်လျူရှုမယ့်သူ မဟုတ်တဲ့ အတွက်ကြောင့် သင့် အချစ်ဆုံးသူငယ်ချင်းကို ကျေးဇူးတင်စကား ပြောသင့်ပါတယ်။
Khin
Credit:Aunty May


မှတ်ချက်များ