အခ်စ္ေရးမွာ ရင့္က်က္သြားသူေတြ မလုပ္ေတာ့တဲ့ အျပဳအမူမ်ား
Zawgyiျဖင့္ဖတ္ရန္
ဟိုးအရင္ ဆယ္ေက်ာ္သက္အရြယ္နဲ႔ အရူးအမူး အသည္းအသန္ ခ်စ္ေနခ်ိန္ေတြမွာသာ အခ်စ္အတြက္ သည္းသည္းေတြ လႈပ္ခဲ့ေပမယ့္ အခ်စ္နဲ႔ပတ္သက္ၿပီး ရင့္က်က္သြားတဲ့ အခ်ိန္မွာေတာ့ အရာရာဟာ တည္ျငိမ္သြားပါၿပီ။ စိတ္ပိုင္းဆိုင္ရာနဲ႔ အသက္အရြယ္ ရင့္က်က္လာတာနဲ႔အမွ် အခုေျပာျပေပးမယ့္ အျပဳအမူေတြကို လံုးဝမလုပ္ေတာ့သေလာက္ျဖစ္ေနရင္ေတာ့ သင္ဟာ အခ်စ္ေရးမွာ အေတာ္အတန္မွကို ရင့္က်က္ေနၿပီပဲ ျဖစ္ပါတယ္။
(၁) ကုိယ့္ေပ်ာ္ရႊင္မႈဟာ တဖက္လူအေပၚမွာ မူတည္မေနေတာ့ဘူး
အရင္ကလို အခ်စ္ေရးမွာ အဆင္ေျပေခ်ာေမြ႔ေနမွ ေပ်ာ္ရႊင္တာမိ်ဳးမဟုတ္ဘဲ ကိုယ့္ေပ်ာ္ရႊင္မႈကို ကိုယ္ကိုယ္တိုင္ ရွာေဖြတတ္လာတာကို ဆိုလိုတာပါ။ ခ်စ္သူရည္းစားနဲ႔ အဆင္ေျပေနမွ ေပ်ာ္ရႊင္တာမ်ိဳးမဟုတ္ဘဲ အဆင္မေျပလည္း ကိုယ့္ဘာသာကိုယ္ ေပ်ာ္ေအာင္ေနတတ္တာမ်ိဳးပဲ ျဖစ္ပါတယ္။
(၂) ကိုယ့္ရည္ရြယ္ခ်က္ေတြကို အပ်က္မခံေတာ့ဘူး
ကိုယ္ျဖစ္ခ်င္တဲ့ ရည္ရြယ္ခ်က္ေတြကို ခ်စ္သူေၾကာင့္ စြန္႔လႊတ္လိုက္ရတာမ်ိဳးေတြဟာ မရင့္က်က္ေသးတဲ့ အခ်ိန္မွာ ျပဳလုပ္ေကာင္း ျပဳလုပ္ခဲ့ႏုိင္ေပမယ့္ အခ်စ္ေရးမွာ ရင့္က်က္သြားတဲ့အခ်ိန္မွာေတာ့ ကိုယ့္အိပ္မက္ရည္ရြယ္ခ်က္ေတြကို အပ်က္မခံေတာ့ပါဘူး။
(၃) အစစအရာရာမွာ လက္တြဲေဖာ္ကိုခ်ည္း အားကိုးမေနေတာ့ဘူး
ေသးေသးဖြဲဖြဲ ဆံုးျဖတ္ခ်က္ခ်ရမယ့္ ကိစၥေတြကေန ကိစၥၾကီးၾကီးမားမားေတြအထိ လက္တြဲေဖာ္ကိုခ်ည္း အားကိုးေနတာမ်ိဳး မဟုတ္ဘဲ တိုင္ပင္သင့္တာေလာက္ပဲ တုိင္ပင္ၿပီး က်န္တာကိုေတာ့ ကိုယ္ကိုယ္တုိင္ပဲ ဆံုးျဖတ္ခ်က္ခ်ကာ ကိုယ့္အားကိုယ္ကိုးလာတတ္ၾကပါတယ္။
(၄) အေသးအဖြဲေလးေတြေလာက္နဲ႔ ခ်စ္သူကို ျပႆနာမရွာေတာ့ဘူး
အရင္တုန္းကေတာ့ ဆိုရွယ္မီဒီယာမွာ ဘာမဟုတ္တဲ့ကိစၥေလးတခုကေန အၾကီးအက်ယ္ ျပႆနာေတြရွာ ရန္ျဖစ္ခဲ့ၾကရေပမယ့္ ရင့္က်က္သြားတဲ့အခ်ိန္မွာေတာ့ အေသးအဖြဲေလးေတြကို နားလည္ေပးၿပီး အေပးအယူေတြ မွ်လာၾကပါတယ္။
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
အချစ်ရေးမှာ ရင့်ကျက်သွားသူတွေ မလုပ်တော့တဲ့ အပြုအမူများ
ဟိုးအရင် ဆယ်ကျော်သက်အရွယ်နဲ့ အရူးအမူး အသည်းအသန် ချစ်နေချိန်တွေမှာသာ အချစ်အတွက် သည်းသည်းတွေ လှုပ်ခဲ့ပေမယ့် အချစ်နဲ့ပတ်သက်ပြီး ရင့်ကျက်သွားတဲ့ အချိန်မှာတော့ အရာရာဟာ တည်ငြိမ်သွားပါပြီ။ စိတ်ပိုင်းဆိုင်ရာနဲ့ အသက်အရွယ် ရင့်ကျက်လာတာနဲ့အမျှ အခုပြောပြပေးမယ့် အပြုအမူတွေကို လုံးဝမလုပ်တော့သလောက်ဖြစ်နေရင်တော့ သင်ဟာ အချစ်ရေးမှာ အတော်အတန်မှကို ရင့်ကျက်နေပြီပဲ ဖြစ်ပါတယ်။
(၁) ကိုယ့်ပျော်ရွှင်မှုဟာ တဖက်လူအပေါ်မှာ မူတည်မနေတော့ဘူး
အရင်ကလို အချစ်ရေးမှာ အဆင်ပြေချောမွေ့နေမှ ပျော်ရွှင်တာမျိုးမဟုတ်ဘဲ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေတတ်လာတာကို ဆိုလိုတာပါ။ ချစ်သူရည်းစားနဲ့ အဆင်ပြေနေမှ ပျော်ရွှင်တာမျိုးမဟုတ်ဘဲ အဆင်မပြေလည်း ကိုယ့်ဘာသာကိုယ် ပျော်အောင်နေတတ်တာမျိုးပဲ ဖြစ်ပါတယ်။
(၂) ကိုယ့်ရည်ရွယ်ချက်တွေကို အပျက်မခံတော့ဘူး
ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တွေကို ချစ်သူကြောင့် စွန့်လွှတ်လိုက်ရတာမျိုးတွေဟာ မရင့်ကျက်သေးတဲ့ အချိန်မှာ ပြုလုပ်ကောင်း ပြုလုပ်ခဲ့နိုင်ပေမယ့် အချစ်ရေးမှာ ရင့်ကျက်သွားတဲ့အချိန်မှာတော့ ကိုယ့်အိပ်မက်ရည်ရွယ်ချက်တွေကို အပျက်မခံတော့ပါဘူး။
(၃) အစစအရာရာမှာ လက်တွဲဖော်ကိုချည်း အားကိုးမနေတော့ဘူး
သေးသေးဖွဲဖွဲ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကနေ ကိစ္စကြီးကြီးမားမားတွေအထိ လက်တွဲဖော်ကိုချည်း အားကိုးနေတာမျိုး မဟုတ်ဘဲ တိုင်ပင်သင့်တာလောက်ပဲ တိုင်ပင်ပြီး ကျန်တာကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချကာ ကိုယ့်အားကိုယ်ကိုးလာတတ်ကြပါတယ်။
(၄) အသေးအဖွဲလေးတွေလောက်နဲ့ ချစ်သူကို ပြဿနာမရှာတော့ဘူး
အရင်တုန်းကတော့ ဆိုရှယ်မီဒီယာမှာ ဘာမဟုတ်တဲ့ကိစ္စလေးတခုကနေ အကြီးအကျယ် ပြဿနာတွေရှာ ရန်ဖြစ်ခဲ့ကြရပေမယ့် ရင့်ကျက်သွားတဲ့အချိန်မှာတော့ အသေးအဖွဲလေးတွေကို နားလည်ပေးပြီး အပေးအယူတွေ မျှလာကြပါတယ်။
Credit:Aunty May


မှတ်ချက်များ