အေဖရိုက္တဲ့ ရုပ္ရွင္ေတြကို မႀကိဳက္ဘူးဆိုတဲ့ စတားလုံးရဲ႕ သမီးေလး


Zawgyiျဖင့္ဖတ္ရန္

က်ေနာ့္သမီးက က်ေနာ့္ ရုပ္ရွင္ေတြကို မႀကိဳက္ဘူးလုိ႔  ေျပာလာခဲ့သူကေတာ့ စတားလုံးကိုယ္တုိင္ပါပဲ။ က်ေနာ့္ ရုပ္ရွင္ေတြကုိ သူတုိ႔က မႀကိဳက္ရံုတင္မဟုတ္ဘူး မုန္းပါမုန္းတယ္လုိ႔လည္း Hollywood Reporter နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ကာယကံရွင္ စတားလံုး ကိုယ္တိုင္က ေျပာခဲ့ပါတယ္။ စတားလုံးရဲ႕ အသစ္ထြက္ရုပ္ရွင္ကားတစ္ကားျဖစ္တဲ့ Rambo: Last Blood အင္တာဗ်ဳးတစ္ခုမွာ ေျပာၾကားခဲ့တာပါ။ စတားလုံးဟာ သူ႔ရဲ႕ ဇနီးျဖစ္သူ  Jennifer Flavin နဲ႔ ကေလးသုံးေယာက္ ရခဲ့ၿပီး သုံးေယာက္စလုံး မိန္းကေလးေတြခ်ည္းပါပဲ။ အဲဒီ သုံးေယာက္ထဲက Sistine Rose Stalloneဆုိတဲ့ တစ္ေယာက္ကေတာ့ အေဖ့ေသြးအျပည့္ပါလာခဲ့တယ္လုိ႔ ေျပာလုိ႔ရပါတယ္။

စတားလုံးရဲ႕ သမီးျဖစ္သူ Sistine Stalloneက ေမာ္ဒယ္တစ္ေယာက္အျဖစ္ ေအာင္ျမင္ေနတဲ့ လူတစ္ေယာက္ပါ။ ဒီႏွစ္မွာေတာ့ Sistine Stallone ဟာ ရုပ္ရွင္လုိင္းဘက္ကုိ ပထမဆုံး ကူးလာခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာပဲ သူ(မ)ရဲ႕ ပထမဆုံး ရုပ္ရွင္ျဖစ္တဲ့ 47 Meters Down: Uncaged မွာ ပါဝင္ သရုပ္ေဆာင္ခဲ့တာပါ။ အဲဒီ ရုပ္ရွင္ကေတာ့ ေရွးေဟာင္းလိုဏ္ဂူထဲကို ေရငုတ္ခရီးထြက္က်တဲ့ လူငယ္တစ္စုကုိ ရွားပါးငါးမန္းေကာင္ႀကီးေတြက တုိက္ခုိက္တဲ့ အေၾကာင္းကုိ ရုိက္ကူးထားတာပါ။

ဖေအျဖစ္သူ စတားလုံးကေတာ့ ၾကမ္းၾကမ္းတမ္းတမ္း သရုပ္တတ္တာ လူတုိင္း အသိပါပဲ။ ေတာင္တက္တဲ့ အခန္းေတြ၊ အျမင့္က ခုန္ခ်တဲ့ အခန္းတေြဆုိရင္ ေတာ္ရုံတန္ရံုလူစားမထိုးဘဲ သူ ကိုယ္တုိင္ သရုပ္ေဆာင္တတ္တာပါ။ သမီးျဖစ္သူကလည္း ဖေအ့ ေျခရာကို တစ္ထပ္တည္းနင္းႏိုင္တဲ့ လူပါ။

ငါးမန္းကားတစ္ကားလုိ႔ ေျပာလုိ႔ရတဲ့ 47 Meters Down: Uncaged ရုပ္ရွင္ရိုက္တဲ့ ေနရာမွာ ရုပ္ရွင္ဆက္တင္ေတြဟာ ေရေလွာင္ကန္ႀကီးေတြ၊ စည္ပိုင္းႀကီးေတြထဲမွာ အေသအခ်ာျပင္ဆင္ၿပီး ရုိက္ကူးပါတယ္။ တကယ့္ ေရနစ္ျမဳပ္ေနတဲ့ အတုိင္းကုိ ပီျပင္ေစဖုိ႔အတြက္ ေရေလွာင္ကန္ႀကီးေတြနဲ႔ က်က်နန ရိုက္ကူးတာပါ။ စတားလုံးရဲ႕ သမီးျဖစ္တဲ့ Sistine Stallone ကေတာ့ ဒီလုိ အႏၱရာယ္မ်ားလွတဲ့ ေရေအာက္အခန္းေတြကို လူစားမထိုးဘဲ သူ ကိုယ္တုိင္ ရုိက္ကူးခဲ့တာပါ။

ဒါရိုက္တာျဖစ္သူကေတာ့ လူစားထိုးသရုပ္ေဆာင္ေတြကုိ အရံသင့္ထားထားေပးထားေပမယ့္လည္း စတားလုံးရဲ႕ သမီးကေတာ့ အစ အဆုံး သူ ကိုယ္တုိင္ပဲ အႏၱရာယ္မ်ားလွတဲ့ ဇာတ္ဝင္ခန္းေတြကို သရုပ္ေဆာင္ခဲ့ပါတယ္။ ဒါရိုက္တာကေတာ့ ဒီလုိမ်ိဳး လုပ္ဖုိ႔ က်ေနာ္တုိ႔က ခြင့္မျပဳထားဘူး။ ဒါေပမယ့္ သူတုိ႔ ဘာသာသူတုိ႔ ခုန္ခုန္ခ်ၾကတာေလ၊ စတန္႔ေတြလည္း အမ်ားႀကီးေခၚထားပါတယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အဖေရိုက်တဲ့ ရုပ်ရှင်တွေကို မကြိုက်ဘူးဆိုတဲ့ စတားလုံးရဲ့ သမီးလေး

ကျနော့်သမီးက ကျနော့် ရုပ်ရှင်တွေကို မကြိုက်ဘူးလို့  ပြောလာခဲ့သူကတော့ စတားလုံးကိုယ်တိုင်ပါပဲ။ ကျနော့် ရုပ်ရှင်တွေကို သူတို့က မကြိုက်ရုံတင်မဟုတ်ဘူး မုန်းပါမုန်းတယ်လို့လည်း Hollywood Reporter နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကာယကံရှင် စတားလုံး ကိုယ်တိုင်က ပြောခဲ့ပါတယ်။ စတားလုံးရဲ့ အသစ်ထွက်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Rambo: Last Blood အင်တာဗျုးတစ်ခုမှာ ပြောကြားခဲ့တာပါ။ စတားလုံးဟာ သူ့ရဲ့ ဇနီးဖြစ်သူ  Jennifer Flavin နဲ့ ကလေးသုံးယောက် ရခဲ့ပြီး သုံးယောက်စလုံး မိန်းကလေးတွေချည်းပါပဲ။ အဲဒီ သုံးယောက်ထဲက Sistine Rose Stalloneဆိုတဲ့ တစ်ယောက်ကတော့ အဖေ့သွေးအပြည့်ပါလာခဲ့တယ်လို့ ပြောလို့ရပါတယ်။

စတားလုံးရဲ့ သမီးဖြစ်သူ Sistine Stalloneက မော်ဒယ်တစ်ယောက်အဖြစ် အောင်မြင်နေတဲ့ လူတစ်ယောက်ပါ။ ဒီနှစ်မှာတော့ Sistine Stallone ဟာ ရုပ်ရှင်လိုင်းဘက်ကို ပထမဆုံး ကူးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာပဲ သူ(မ)ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ 47 Meters Down: Uncaged မှာ ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ အဲဒီ ရုပ်ရှင်ကတော့ ရှေးဟောင်းလိုဏ်ဂူထဲကို ရေငုတ်ခရီးထွက်ကျတဲ့ လူငယ်တစ်စုကို ရှားပါးငါးမန်းကောင်ကြီးတွေက တိုက်ခိုက်တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။

ဖအေဖြစ်သူ စတားလုံးကတော့ ကြမ်းကြမ်းတမ်းတမ်း သရုပ်တတ်တာ လူတိုင်း အသိပါပဲ။ တောင်တက်တဲ့ အခန်းတွေ၊ အမြင့်က ခုန်ချတဲ့ အခန်းတွေဆိုရင် တော်ရုံတန်ရုံလူစားမထိုးဘဲ သူ ကိုယ်တိုင် သရုပ်ဆောင်တတ်တာပါ။ သမီးဖြစ်သူကလည်း ဖအေ့ ခြေရာကို တစ်ထပ်တည်းနင်းနိုင်တဲ့ လူပါ။

ငါးမန်းကားတစ်ကားလို့ ပြောလို့ရတဲ့ 47 Meters Down: Uncaged ရုပ်ရှင်ရိုက်တဲ့ နေရာမှာ ရုပ်ရှင်ဆက်တင်တွေဟာ ရေလှောင်ကန်ကြီးတွေ၊ စည်ပိုင်းကြီးတွေထဲမှာ အသေအချာပြင်ဆင်ပြီး ရိုက်ကူးပါတယ်။ တကယ့် ရေနစ်မြုပ်နေတဲ့ အတိုင်းကို ပီပြင်စေဖို့အတွက် ရေလှောင်ကန်ကြီးတွေနဲ့ ကျကျနန ရိုက်ကူးတာပါ။ စတားလုံးရဲ့ သမီးဖြစ်တဲ့ Sistine Stallone ကတော့ ဒီလို အန္တရာယ်များလှတဲ့ ရေအောက်အခန်းတွေကို လူစားမထိုးဘဲ သူ ကိုယ်တိုင် ရိုက်ကူးခဲ့တာပါ။

ဒါရိုက်တာဖြစ်သူကတော့ လူစားထိုးသရုပ်ဆောင်တွေကို အရံသင့်ထားထားပေးထားပေမယ့်လည်း စတားလုံးရဲ့ သမီးကတော့ အစ အဆုံး သူ ကိုယ်တိုင်ပဲ အန္တရာယ်များလှတဲ့ ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ ဒီလိုမျိုး လုပ်ဖို့ ကျနော်တို့က ခွင့်မပြုထားဘူး။ ဒါပေမယ့် သူတို့ ဘာသာသူတို့ ခုန်ခုန်ချကြတာလေ၊ စတန့်တွေလည်း အများကြီးခေါ်ထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

Credit:Shwemom

မှတ်ချက်များ