ေရသုံးရန္မလိုပဲ မစင္မွ ေျမၾသဇာအျဖစ္ တိုက္႐ိုက္ ေျပာင္းလဲေပးႏိုင္မည့္ အိမ္သာအသစ္ကို စတင္မိတ္ဆက္
Zawgyi ျဖင့္ဖတ္ရန္
မိုက္ခ႐ိုေဆာ့ကုမၺဏီကိုတည္ေထာင္ခဲ့သူ ဘီလ္ဂိတ္စ္သည္ လူသားတို႔၏ မစင္အား ေျမၾသဇာအျဖစ္ ေျပာင္းလဲေပးႏိုင္ေသာ အိမ္သာတစ္မ်ိဳးကို ယမန္ႏွစ္ တ႐ုတ္ႏိုင္ငံ အလည္အပတ္ခရီးစဥ္အတြင္းဝယ္ မိတ္ဆက္ျပသခဲ့ေၾကာင္းသိရသည္။ ယင္းအိမ္သာသည္ ေရဆြဲခ်ရန္မလို မိလႅာသိမ္းစနစ္မလိုပဲ ဓာတုပစၥည္းကိုအသုံးျပဳကာ မစင္မွ ေျမၾသဇာအျဖစ္ တိုက္႐ိုက္ေျပာင္းလဲေပးႏိုင္သည္။
”ကြၽန္ေတာ္ အမွန္အတိုင္းေျပာရရင္ေတာ့ ဒီအိမ္သာကို ႏိုင္ငံတိုင္းမွာ သုံးလာႏိုင္ၾကရင္ အေကာင္းဆုံးျဖစ္လာမယ္လို႔ ထင္မိပါတယ္”ဟု ဘီလ္ဂိတ္စ္က သတင္းေထာက္မ်ားအားေျပာသည္။
”လက္ရွိသုံးေနတဲ့ အိမ္သာေတြဟာ ေရကိုအသုံးၿပီးၿပီး မစင္ေတြကိုရွင္းလင္းေနရတာေၾကာင့္ မိလႅာေရဆိုးထုတ္တဲ့ စနစ္ကို အသုံးျပဳေနရပါတယ္။ ဒီ အိမ္သာအသစ္ကေတာ့ မလိုပါဘူး။ မစင္ အတုံးပဲလာလာ အရည္ပဲလာလာ ဓာတုပစၥည္းက လိုအပ္သလိုရွင္းလင္းၿပီး ေျမၾသဇာအျဖစ္ေျပာင္းေပးသြားမွာပါ။ တခ်ိဳ႕ကိစၥေတြမွာ ေလာင္ကြၽမ္းေစပါလိမ့္မယ္”ဟု ဘီလ္ဂိတ္စ္က ရွင္းျပသည္။
ထို႔အျပင္ သာမန္အိမ္သာမ်ားမွသည္ ေရမဲ့အိမ္သာအထိေျပာင္းလဲတိုးတက္ပုံကို သူ၏ မိုက္ခ႐ိုေဆာ့ ကုမၺဏီအား ၁၉၇၀ ခုႏွစ္မ်ားက စတင္တည္ေထာင္ခဲ့ၿပီးေနာက္ တစ္ကိုယ္ရည္သုံး ကြန္ပ်ဴတာမ်ား ေျပာင္းလဲလာပုံႏွင့္ ႏႈိင္းယွဥ္၍ ရွင္းလင္းေျပာၾကားခဲ့ေသးသည္။
အဆိုပါ အိမ္သာအသစ္ကို တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕တြင္က်င္းပသည့္ အိမ္သာအသစ္တီထြင္မႈမ်ားျပပြဲ(Reinvented Toilet Expo China)တြင္ ယမန္ႏွစ္ကတည္းက ျပသခဲ့ျခင္းျဖစ္သည္။ သို႔ရာတြင္ ယင္းအိမ္သာကို ယေန႔အထိ ျဖန႔္ျဖဴးေရာင္းခ်ျခင္းမရွိေသးေၾကာင္း သိရသည္။
ယခု အိမ္သာအသစ္အား ေကာင္းသည္ထက္ေကာင္းေစရန္ တစ္ႏွစ္တာမွ် ျဖည့္စြက္စမ္းသပ္မႈမ်ားျပဳလုပ္ၿပီးလွ်င္ ကမာၻတစ္ဝန္းသို႔ ျဖန႔္ျဖဴးေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း သူကေျပာသည္။ ယင္း အိမ္သာအသစ္သည္ ဘီလ္ဂိတ္စ္ႏွင့္ ဇနီးျဖစ္သူ မယ္လင္ဒါဂိတ္စ္ ေဖာင္ေဒးရွင္းမွ ပံ့ပိုးကူညီသည့္ သုေတသန စီမံကိန္းမွ ေပါက္ဖြားလာသည့္ ပစၥည္းအသစ္ျဖစ္သည္။ ဘီလ္ဂိတ္စ္ႏွင့္ မယ္လင္ဒါဂိတ္စ္ ေဖာင္ေဒးရွင္းသည္ ကမာၻ႔အႀကီးမားဆုံး ပုဂၢလိက ပရဟိတ အဖြဲ႕ႀကီးျဖစ္သည္။
Source: Reuters
Unicode ဖြင့်ဖတ်ရန်
ရေသုံးရန်မလိုပဲ မစင်မှ မြေသြဇာအဖြစ် တိုက်ရိုက် ပြောင်းလဲပေးနိုင်မည့် အိမ်သာအသစ်ကို စတင်မိတ်ဆက်
မိုက်ခရိုဆော့ကုမ္ဗဏီကိုတည်ထောင်ခဲ့သူ ဘီလ်ဂိတ်စ်သည် လူသားတို့၏ မစင်အား မြေသြဇာအဖြစ် ပြောင်းလဲပေးနိုင်သော အိမ်သာတစ်မျိုးကို ယမန်နှစ် တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်းဝယ် မိတ်ဆက်ပြသခဲ့ကြောင်းသိရသည်။ ယင်းအိမ်သာသည် ရေဆွဲချရန်မလို မိလ္လာသိမ်းစနစ်မလိုပဲ ဓာတုပစ္စည်းကိုအသုံးပြုကာ မစင်မှ မြေသြဇာအဖြစ် တိုက်ရိုက်ပြောင်းလဲပေးနိုင်သည်။
”ကျွန်တော် အမှန်အတိုင်းပြောရရင်တော့ ဒီအိမ်သာကို နိုင်ငံတိုင်းမှာ သုံးလာနိုင်ကြရင် အကောင်းဆုံးဖြစ်လာမယ်လို့ ထင်မိပါတယ်”ဟု ဘီလ်ဂိတ်စ်က သတင်းထောက်များအားပြောသည်။
”လက်ရှိသုံးနေတဲ့ အိမ်သာတွေဟာ ရေကိုအသုံးပြီးပြီး မစင်တွေကိုရှင်းလင်းနေရတာကြောင့် မိလ္လာရေဆိုးထုတ်တဲ့ စနစ်ကို အသုံးပြုနေရပါတယ်။ ဒီ အိမ်သာအသစ်ကတော့ မလိုပါဘူး။ မစင် အတုံးပဲလာလာ အရည်ပဲလာလာ ဓာတုပစ္စည်းက လိုအပ်သလိုရှင်းလင်းပြီး မြေသြဇာအဖြစ်ပြောင်းပေးသွားမှာပါ။ တချို့ကိစ္စတွေမှာ လောင်ကျွမ်းစေပါလိမ့်မယ်”ဟု ဘီလ်ဂိတ်စ်က ရှင်းပြသည်။
ထို့အပြင် သာမန်အိမ်သာများမှသည် ရေမဲ့အိမ်သာအထိပြောင်းလဲတိုးတက်ပုံကို သူ၏ မိုက်ခရိုဆော့ ကုမ္ဗဏီအား ၁၉၇၀ ခုနှစ်များက စတင်တည်ထောင်ခဲ့ပြီးနောက် တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ ပြောင်းလဲလာပုံနှင့် နှိုင်းယှဉ်၍ ရှင်းလင်းပြောကြားခဲ့သေးသည်။
အဆိုပါ အိမ်သာအသစ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်ကျင်းပသည့် အိမ်သာအသစ်တီထွင်မှုများပြပွဲ(Reinvented Toilet Expo China)တွင် ယမန်နှစ်ကတည်းက ပြသခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအိမ်သာကို ယနေ့အထိ ဖြန့်ဖြူးရောင်းချခြင်းမရှိသေးကြောင်း သိရသည်။
ယခု အိမ်သာအသစ်အား ကောင်းသည်ထက်ကောင်းစေရန် တစ်နှစ်တာမျှ ဖြည့်စွက်စမ်းသပ်မှုများပြုလုပ်ပြီးလျှင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း သူကပြောသည်။ ယင်း အိမ်သာအသစ်သည် ဘီလ်ဂိတ်စ်နှင့် ဇနီးဖြစ်သူ မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီသည့် သုတေသန စီမံကိန်းမှ ပေါက်ဖွားလာသည့် ပစ္စည်းအသစ်ဖြစ်သည်။ ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းသည် ကမ္ဘာ့အကြီးမားဆုံး ပုဂ္ဂလိက ပရဟိတ အဖွဲ့ကြီးဖြစ်သည်။
Source: Reuters



မှတ်ချက်များ