သူငယ္ခ်င္းေတြကိုခရီးေခၚမရတဲ့အဆံုး ဓာတ္ပံုေတြနဲ႔ပဲခရီးသြားခဲ့တဲ့အမ်ိဳးသမီး


Zawgyiျဖင့္ဖတ္ရန္

ဘဝမွာ အခက္ခဲဆံုးက ဘာလဲဆိုတရင္ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားရဖို႔ကို ၿငိွႏႈိင္းရတာပါပဲ။ အထူးသျဖင့္ မိန္းကေလးအုပ္စုေတြမွာ ပိုခက္ခဲတာေပါ့။ ရည္းစားမလႊတ္လို႔၊ အိမ္ကစိတ္မခ်လို႔ ဘာညာဘာညာနဲ႔ ႏွစ္ဘယ္ေလာက္ၾကာၾကာ ခရီးထြက္ဖို႔တုိင္ပင္တာပဲရွိတယ္ တကယ္ခရီးမသြားရတာမ်ိဳးေတြ ၾကံဳဖူးၾကရဲ႕လား။ ဥပမာ ေရခဲေတာင္က ႏွစ္တစ္ေထာင္ၾကာပန္းသာ ပြင့္လာမယ္ သူတုိ႔နဲ႔ခရီးေတာ့ ဘယ္ေတာ့မွမေရာက္ဘူးဆိုတာမ်ိဳး။

ဒီအမ်ိဳးသမီးကေတာ့ ခရီးသြားတာသူငယ္ခ်င္းေတြကို ေခၚမရလို႔ဆိုၿပီး မထူးဇာတ္ခင္းခဲ့ပါသတဲ့။ ဒါကို အြန္လိုင္းေပၚတင္ခဲ့ရာမွာ ေတာင္္ကိုရီးယားတစ္ခြင္လံုး သူမရဲ႕လုပ္ရပ္ေလးကို ဝက္ဝက္ကြဲအားေပးေနခဲ့ၾကပါေတာ့တယ္။

သူမနာမည္ကေတာ့ ဆိုယြန္းပါ။ သူငယ္ခ်င္းမ ၃ ေယာက္နဲ႔အတူတူ ဥေရာပကိုခရီးထြက္ၾကဖို႔အတြက္ တုိင္ပင္ထားခဲ့ၾကတာ အေတာ္ၾကာေနပါၿပီ။ သူငယ္ခ်င္းမေတြရဲ႕ထံုးစံအတုိင္း မသြားခင္တုန္းကေတာ့ အားတက္သေရာနဲ႔ စံုစမ္းၾက၊ ဘယ္သြားမယ္လို႔ေျပာၾကနဲ႔။ တကယ္တမ္းသြားဖို႔ ဟိုတယ္ေတြစီစဥ္ေတာ့မယ္ဆိုကာမွ မလိုက္ၾကေတာ့ဘူးတဲ့ေလ။

ဆိုယြန္းတစ္ေယာက္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေလာက္ေအာင္ စိတ္ညစ္သြားခဲ့ပါတယ္။ ဒါေပမဲ့လည္း အၾကာႀကီး စီစဥ္ထားခဲ့တဲ့ခရီးစဥ္မလို႔ အရမ္းလည္းသြားခ်င္၊ သူငယ္ခ်င္းေတြကလည္းမလိုက္ဆိုေတာ့။ ဒါေပမဲ့ ဆိုယြန္းတစ္ေယာက္ အၾကံတစ္ခုရသြားခဲ့ပါေတာ့တယ္။ အဲဒါကေတာ့ သူငယ္ခ်င္းေတြကို လူကိုယ္တုိင္မလိုက္ဘဲ ဥေရာပခရီးစဥ္ကို ေခၚသြားဖုိ႔ပါပဲ။

ဒါနဲ႔ပဲ ဆိုယြန္းဟာ သူငယ္ခ်င္း ၃ ေယာက္စလံုးရဲ႕ ဆယ္ဖီပံုေတြကိုခရီးမသြားခင္ သြားထုတ္ခဲ့ပါတယ္။ ေနာက္ၿပီး ခရီးလည္းသြားေရာ အဲဒီဆယ္ဖီပံုေတြကို ယူသြားေတာ့တာပဲတဲ့။ ေလယာဥ္စီးလည္းအတူတူ၊ ညအိပ္လည္းအတူတူ၊ စားလည္းအတူတူနဲ႔ ဘယ္ေနရာပဲေရာက္ေရာက္ သူငယ္ခ်င္း ၃ ေယာက္ရဲ႕ ဆယ္ဖီပံုေလးေတြထုတ္ ဓာတ္ပံုရိုက္ၿပီး တင္ခဲ့ပါေတာ့တာ္။

ဘယ္ေလာက္ေကာင္းလိုက္တဲ့အၾကံလဲေနာ္။ ဆိုယြန္းတို႔သူငယ္ခ်င္းတစ္္သိုက္ရဲ႕ဓာတ္ပံုေလးေတြကို ရႈစားလိုက္ၾကပါဦး။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သူငယ်ချင်းတွေကိုခရီးခေါ်မရတဲ့အဆုံး ဓာတ်ပုံတွေနဲ့ပဲခရီးသွားခဲ့တဲ့အမျိုးသမီး

ဘဝမှာ အခက်ခဲဆုံးက ဘာလဲဆိုတရင် သူငယ်ချင်းတွေနဲ့ ခရီးသွားရဖို့ကို ငြှိနှိုင်းရတာပါပဲ။ အထူးသဖြင့် မိန်းကလေးအုပ်စုတွေမှာ ပိုခက်ခဲတာပေါ့။ ရည်းစားမလွှတ်လို့၊ အိမ်ကစိတ်မချလို့ ဘာညာဘာညာနဲ့ နှစ်ဘယ်လောက်ကြာကြာ ခရီးထွက်ဖို့တိုင်ပင်တာပဲရှိတယ် တကယ်ခရီးမသွားရတာမျိုးတွေ ကြုံဖူးကြရဲ့လား။ ဥပမာ ရေခဲတောင်က နှစ်တစ်ထောင်ကြာပန်းသာ ပွင့်လာမယ် သူတို့နဲ့ခရီးတော့ ဘယ်တော့မှမရောက်ဘူးဆိုတာမျိုး။

ဒီအမျိုးသမီးကတော့ ခရီးသွားတာသူငယ်ချင်းတွေကို ခေါ်မရလို့ဆိုပြီး မထူးဇာတ်ခင်းခဲ့ပါသတဲ့။ ဒါကို အွန်လိုင်းပေါ်တင်ခဲ့ရာမှာ တောင်ကိုရီးယားတစ်ခွင်လုံး သူမရဲ့လုပ်ရပ်လေးကို ဝက်ဝက်ကွဲအားပေးနေခဲ့ကြပါတော့တယ်။

သူမနာမည်ကတော့ ဆိုယွန်းပါ။ သူငယ်ချင်းမ ၃ ယောက်နဲ့အတူတူ ဥရောပကိုခရီးထွက်ကြဖို့အတွက် တိုင်ပင်ထားခဲ့ကြတာ အတော်ကြာနေပါပြီ။ သူငယ်ချင်းမတွေရဲ့ထုံးစံအတိုင်း မသွားခင်တုန်းကတော့ အားတက်သရောနဲ့ စုံစမ်းကြ၊ ဘယ်သွားမယ်လို့ပြောကြနဲ့။ တကယ်တမ်းသွားဖို့ ဟိုတယ်တွေစီစဉ်တော့မယ်ဆိုကာမှ မလိုက်ကြတော့ဘူးတဲ့လေ။

ဆိုယွန်းတစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိလောက်အောင် စိတ်ညစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြာကြီး စီစဉ်ထားခဲ့တဲ့ခရီးစဉ်မလို့ အရမ်းလည်းသွားချင်၊ သူငယ်ချင်းတွေကလည်းမလိုက်ဆိုတော့။ ဒါပေမဲ့ ဆိုယွန်းတစ်ယောက် အကြံတစ်ခုရသွားခဲ့ပါတော့တယ်။ အဲဒါကတော့ သူငယ်ချင်းတွေကို လူကိုယ်တိုင်မလိုက်ဘဲ ဥရောပခရီးစဉ်ကို ခေါ်သွားဖို့ပါပဲ။

ဒါနဲ့ပဲ ဆိုယွန်းဟာ သူငယ်ချင်း ၃ ယောက်စလုံးရဲ့ ဆယ်ဖီပုံတွေကိုခရီးမသွားခင် သွားထုတ်ခဲ့ပါတယ်။ နောက်ပြီး ခရီးလည်းသွားရော အဲဒီဆယ်ဖီပုံတွေကို ယူသွားတော့တာပဲတဲ့။ လေယာဉ်စီးလည်းအတူတူ၊ ညအိပ်လည်းအတူတူ၊ စားလည်းအတူတူနဲ့ ဘယ်နေရာပဲရောက်ရောက် သူငယ်ချင်း ၃ ယောက်ရဲ့ ဆယ်ဖီပုံလေးတွေထုတ် ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတော့တာ်။

ဘယ်လောက်ကောင်းလိုက်တဲ့အကြံလဲနော်။ ဆိုယွန်းတို့သူငယ်ချင်းတစ်သိုက်ရဲ့ဓာတ်ပုံလေးတွေကို ရှုစားလိုက်ကြပါဦး။

Penny

Credit:Shwemom

မှတ်ချက်များ