Zawgyiဖြင့်ဖတ်ရန်
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ပရိသတ်ကို ရင်သပ်ရှုမောဖြစ်စေခဲ့တဲ့ Selena Gomez ရဲ့ AMAs ပွဲတက်ဖက်ရှင်
American Music Awards 2019 ပွဲကိုတော့ နိုဝင်ဘာ (၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အနုပညာရှင်တွေက သူ့ထက်ငါ အပြိုင်လန်းတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။ Selena Gomez, Taylor Swift နဲ့ Carrie Underwood တို့ရဲ့ ဝတ်စုံတွေ ကတော့ အကောင်းဆုံးအမိုက်စား ဝတ်စုံစာရင်း မှာ ဦးေ ဆာင် နေကြပါတယ်။
Selena ရဲ့ ဖက်ရှင် အလှကိုတော့ အားလုံးရဲ့ မျက်စိတွေ လုံး၀ မခွာ နိုင်ဖြစ်ခဲ့ရပါတယ်။ အသက် (၂၇)နှစ် အရွယ် Selena ကတော့ LA’s Microsoft theater ရဲ့ ကောဇောနီ ထက်ကို နီယွန်စိမ်း Versace dress ကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။
မကြာသေးခင်ကမှ Lose You To Love Me  သီချင်း ထွက်ရှိထားတဲ့ Selena ကတော့ အစိမ်းနု ရောင်နဲ့ လုံး၀ သူမရဲ့ ကောက်ကြောင်းအလှကို ပေါ် လွင်စေတဲ့ ဝတ်စုံကို ရွေးချယ် ဝတ်ဆင် တတ်ရောက်ခဲ့တာပါ။ ရင်ခံပုံစံ ဝတ်စုံကတော့ အပေါ်ပိုင်းမှာရှိတဲ့ သူမရဲ့ ရင်ဘတ်ကို လုံး၀ ပင့်တင်ထားပါတယ်။ ဖိနပ်နဲ့ အကျီၤကိုပါ ဆင်တူ ရွေးချယ် ဝတ်ဆင် ထားတာကို တွေ့ရပြီး သူမရဲ့ ဝတ်စုံနဲ့ သူမက တော့ လုံး၀ လိုက်ဖက်ပြီး Sexy ကျ နေခဲ့ပါတယ်။
Selena ကလည်း ပွဲက ပုံလေးတွေကို သူမရဲ့ အကောင့်မှာ ပြန်တင်ထားပါတယ်။ သူမဘက်ကနေ ရပ်တည် ပေးကြတဲ့ သူမရဲ့Team နဲ့  Fan တွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ပွဲမှာတော့ သီချင်းနှစ်ပုဒ်နဲ့ ဖျော်ဖြေ ခဲ့ပါတယ်။Selena ဟာ TV Live တင်ဆက်မှု မလုပ်တာ နှစ်နှစ်လောက်ရှိပါပြီ။
“Lose You to Love Me”  ၊”Look at Her Now”  ဆိုတဲ့ သီချင်းတွေ နဲ့ ဖျော်ဖြေ တင်ဆက်ခဲ့တာပါ။ ဖျော်ဖြေ တင်ဆက်မှု မလုပ်ခင်မှာ Panic Attack ရခဲ့ပါသေးတယ်။ သီချင်းသီဆိုမှုနဲ့ ပတ်သက်ပြီး ကီးကြောင် တာတွေ ရှိတယ်လို့ ဝေဖန်ပြောဆိုမှုတွေ လည်းရှိခဲ့ပါတယ်။
Credit:Shwemom
မှတ်ချက်များ