ေခြးေလးရဲ႕ လွ်က္ျခင္းကို ခံရၿပီးေနာက္ေရာဂါမ်ိဳးစုံ ခံစားခဲ့ရတဲ့လူတစ္ေယာက္






Zawgyi ျဖင့္ဖတ္ရန္




ေခြးခ်စ္သူေတြအေနနဲ႔ ကိုယ့္ေခြးေလးရဲ႕ အလ်က္ခံရတာ ၾကည္ႏူးမိမွာအမွန္ပါပဲ။ ဒါေပမဲ့ တိရစာၦန္ေတြ႕ရဲ႕ ခႏၶာကိုယ္မွာယဘတ္တီးရီးယားေတြ အမ်ားႀကီး ကပ္ၿငိေနတယ္ဆိုတာကိုေတာ့ မေမ့သင့္ပါဘူးေနာ္။အဂၤလန္က အသက္ ၆၃ႏွစ္အ႐ြယ္ ေခြးပိုင္ရွင္တစ္ဦးဟာ နဂိုက က်န္းမာသန္စြမ္းသူျဖစ္ေပမယ့္ ေခြးရဲ႕လွ်ာနဲ႔လွ်ပ္ျခင္းခံခဲ့ရၿပီးေနာက္ အဆုတ္ေရာင္ေရာဂါနဲ႔ အသားပုပ္အနာေတြေၾကာင့္ ေဆး႐ုံကို ၂ပတ္၁ႀကိမ္သြားခဲ့ရပါတယ္။

သူဟာ ထိုေဝဒနာေတြအျပင္ 41°C ရွိတဲ့ အဖ်ားကိုလည္းခံစားခဲ့ရၿပီး အသက္ရႈရခက္ခဲခဲ့တာေၾကာင့္ ေဆး႐ုံတတ္ခဲ့ရပါေသးတယ္။

ေဆးစစ္ခ်က္အရ သူ႔ရဲ႕ေဝဒနာဟာ ဘတ္တီးရီးယားေၾကာင့္ ေရာဂါပိုးကူးစက္တာျဖစ္ၿပီး ေခြးကိုက္ခံရျခင္း လွ်ာနဲ႔လွ်က္ခံရျခင္းတို႔ေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ရက္ေတြမွာေတာ့ သူ႔ရဲ႕အေျခအေနဟာ ပိုဆိုးလာခဲ့ၿပီး မ်က္ႏွာေတြမွာလည္း အနီေရာင္ဖုေတြထလာကာ ေျခေထာက္ေတြလည္း နာက်င္ေနခဲ့တယ္လို႔ဆိုပါတယ္။

သူ႔ရဲ႕ေက်ာက္ကပ္နဲ႔ အသည္းတို႔ဟာ တျဖည္းျဖည္း အလုပ္မလုပ္ႏိုင္ေတာ့ပဲ ေသြးလည္ပတ္မႈေႏွးေကြးခဲ့ပါတယ္။ သူ႔အေျခအေနဟာ အသက္ရွင္ေနေပမယ့္ ကိုယ္အဂၤါေတြ ပ်က္ဆီးလာခဲ့ၿပီးေနာက္ ၁၆ရက္တာ ေဆး႐ုံမွာပဲအခ်ိန္ကုန္ဆုံးက ဆုံးပါးခဲ့ပါတယ္။

ထိုလူကိုကုသခဲ့တဲ့ ဆရာဝန္ေတြကေတာ့ ဒီအျဖစ္အပ်က္ကို သင္ခန္းစာယူကာ တိရစာၦန္ခ်စ္သူေတြကို သတိထားဖို႔အသိေပးခဲ့ေပမယ့္ က်န္းမာတဲ့လူေတြအေနနဲ႔ ဒီလိုေရာဂါပိုးကူးစက္မႈေၾကာင့္ ေသဆုံးတာ ျဖစ္ခဲတယ္လို႔ဆိုပါတယ္။


Unicode ဖြင့်ဖတ်ရန်

ခွေးလေးရဲ့ လျှက်ခြင်းကို ခံရပြီးနောက်ရောဂါမျိုးစုံ ခံစားခဲ့ရတဲ့လူတစ်ယောက်



ခွေးချစ်သူတွေအနေနဲ့ ကိုယ့်ခွေးလေးရဲ့ အလျက်ခံရတာ ကြည်နူးမိမှာအမှန်ပါပဲ။ ဒါပေမဲ့ တိရစ္ဆာန်တွေ့ရဲ့ ခန္ဓာကိုယ်မှာယဘတ်တီးရီးယားတွေ အများကြီး ကပ်ငြိနေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူးနော်။အင်္ဂလန်က အသက် ၆၃နှစ်အရွယ် ခွေးပိုင်ရှင်တစ်ဦးဟာ နဂိုက ကျန်းမာသန်စွမ်းသူဖြစ်ပေမယ့် ခွေးရဲ့လျှာနဲ့လျှပ်ခြင်းခံခဲ့ရပြီးနောက် အဆုတ်ရောင်ရောဂါနဲ့ အသားပုပ်အနာတွေကြောင့် ဆေးရုံကို ၂ပတ်၁ကြိမ်သွားခဲ့ရပါတယ်။

သူဟာ ထိုဝေဒနာတွေအပြင် 41°C ရှိတဲ့ အဖျားကိုလည်းခံစားခဲ့ရပြီး အသက်ရှုရခက်ခဲခဲ့တာကြောင့် ဆေးရုံတတ်ခဲ့ရပါသေးတယ်။

ဆေးစစ်ချက်အရ သူ့ရဲ့ဝေဒနာဟာ ဘတ်တီးရီးယားကြောင့် ရောဂါပိုးကူးစက်တာဖြစ်ပြီး ခွေးကိုက်ခံရခြင်း လျှာနဲ့လျှက်ခံရခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ရက်တွေမှာတော့ သူ့ရဲ့အခြေအနေဟာ ပိုဆိုးလာခဲ့ပြီး မျက်နှာတွေမှာလည်း အနီရောင်ဖုတွေထလာကာ ခြေထောက်တွေလည်း နာကျင်နေခဲ့တယ်လို့ဆိုပါတယ်။

သူ့ရဲ့ကျောက်ကပ်နဲ့ အသည်းတို့ဟာ တဖြည်းဖြည်း အလုပ်မလုပ်နိုင်တော့ပဲ သွေးလည်ပတ်မှုနှေးကွေးခဲ့ပါတယ်။ သူ့အခြေအနေဟာ အသက်ရှင်နေပေမယ့် ကိုယ်အင်္ဂါတွေ ပျက်ဆီးလာခဲ့ပြီးနောက် ၁၆ရက်တာ ဆေးရုံမှာပဲအချိန်ကုန်ဆုံးက ဆုံးပါးခဲ့ပါတယ်။

ထိုလူကိုကုသခဲ့တဲ့ ဆရာဝန်တွေကတော့ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူကာ တိရစ္ဆာန်ချစ်သူတွေကို သတိထားဖို့အသိပေးခဲ့ပေမယ့် ကျန်းမာတဲ့လူတွေအနေနဲ့ ဒီလိုရောဂါပိုးကူးစက်မှုကြောင့် သေဆုံးတာ ဖြစ်ခဲတယ်လို့ဆိုပါတယ်။


မှတ်ချက်များ