၀ွီးခ်ဲနဲ႔လူကို ေနရာမေပးလို႔ ခရီးသည္အားလံုးကို ကားေပၚကေမာင္းခ်ခဲ့တဲ့ ကားဆရာ
Zawgyiျဖင့္ဖတ္ရန္
လူေတြဟာ ေန႔စဥ္တာ၀န္ေတြအတြက္ သြားလာလႈပ္ရွားမႈေတြမွာ ကားစီးရတဲ့ အလုပ္ကလည္း မလြယ္လွပါဘူး။ ဒါေၾကာင့္ မသန္စြမ္းသူေတြအတြက္ဆို အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက႑ဟာ တကယ့္ကိုစိန္ေခၚမႈတစ္ရပ္ျဖစ္ျပီး၊ အခက္အခဲရွိသလို၊တစ္ခါတေလ တဖက္ တစ္ျခားခရီးသည္တစ္ခ်ိဳ႕ဆိီက ျငိဳျငင္ျခင္းကိုလည္း ခံရပါေသးတယ္။
အခုလည္း ျပင္သစ္ႏုိင္ငံ ပဲရစ္ျမိဳ႕17th လမ္းမွာ၊ ၀ွီးခ်ဲနဲ႔ ေအာက္ပိုင္းမသန္တဲ့François Le Berreဆိုတ့ဲလူတစ္ဦးက ဘတ္စ္ကားစီးဖိ႔ုေစာင့္ဆုိင္းေနခဲ့ပါတယ္။ ဘတ္စ္ကားေရာက္လာခ်ိန္မွာေတာ့ သူ႔အတြက္ ဘတ္စ္ကားေပၚတက္ဖို႔ အရမ္းကို အခက္အခဲ ျဖစ္ေနခ့ဲပါတယ္။ အဲ့ဒီအခ်ိန္မွာ ဘစ္ကားေပၚရွိတဲ့ ခရီးသည္ေတြကလည္း သူ႔အတြက္ေနရာတစ္ေနရာေပးဖို႔ကို မသိခ်င္ေယာင္ေဆာင္ေနခဲ့ၾကပါတယ္။
ကားဆရာက ၀ွီးခ်ဲနဲ႔ခရီးသည္မို႔ ကူညီေပးျပီး ေနရာေပးေပးဖို႔ ေျပာေပမယ့္ တစ္ေယာက္မွ မလႈပ္ၾကပါဘူး။ ကားေပၚတက္မယ့္ အ၀င္လမ္းကုိ တစ္ေယာက္မွ ဖယ္ေပးဖို႔စိတ္ကူးမရွိခဲ့ၾကဘူး။
ဒီေတာ့ ခရီးသည္ေတြရဲ႕အျပဳအမူကို ကားဆရာက အရမ္းကို ေဒါသထြက္သြားခဲ့ပါတယ္။ ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္ျပီး အားလံုးကားေပၚကဆင္း ဆိုျပီး ခရီးသည္အားလံုကို ေမာင္းခ်ခဲ့ပါတယ္။
ေတာ္ေတာ္မ်ားမ်ားက ဆင္းေပမယ့္ တစ္ခ်ိဳ႕ကေတာ့ မေက်နပ္သံေတြနဲ႔ေျပာဆိုၾကပါတယ္။
ခရီးသည္ေတြအားလံုး ကားေပၚကဆင္းသြားၾက ျပီးေနာက္မွာေတာ့ ကားဆရာက Le Berre ဆီလာျပီး၊ ကားေပၚတက္လုိ႔ရပါျပီ၊ တျခားသူေတြကေတာ့ ေနာက္တစ္စီးေစာင့္ပါလိမ့္မယ္ ေျပာလို္က္ပါတယ္။
ဘတ္စ္ကားတစ္စီးလံုးမွာ ၀ွွးီခ်ဲသမားLe Berreနဲ႔ သူ႔အေဖာ္တစ္ေယာက္သာပါသြားျပီး ကားသမားက ကားကို ေမာင္းထြက္သြားခဲ့ပါတယ္။
ဒီအျဖစ္အပ်က္အေၾကာင္းတြစ္တာမွာ တင္ထားတဲ့ Le Berreရဲ႕ပို႔စ္ကို POUR TOUSက ျပန္လည္ေ၀မွ်ခ့ဲျပီးတဲ့ေနာက္ ပ်ံ႕ႏွ႕ံသြားျပီး likes ေပါင္း (၁၄၀၀၀)နဲ႔ shares ေပါင္း(၅၀၀၀) ေက်ာ္ရရွိခဲ့ပါတယ္။
ကမာၻတစ္၀န္းမွ ဆိုရွယ္မီဒီယာ အသံုးျပဳသူေတြဟာ တစ္ကုိယ္ဆန္တဲ့ ခရီးသည္ေတြကို အခုလုိပညာေပးလိုက္တာ အရမ္းေကာင္းတယ္လို႔ ခ်ိီးက်ဴးေျပာဆိုၾကပါတယ္။ တစ္ခ်ဳိ႕ဆို ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္မက္ခရြန္းကို ဘတ္စ္ကားဆရာအား ဆုပါေပးသင့္တယ္ဆိုျပီး ေတာင္းဆိုခ့ဲၾကပါတယ္။
တစ္ေန႔ကိုယ္ ဘာျဖစ္မယ္မသိႏုိင္တဲ့ ေလာကၾကီးမွာ လူအခ်င္းခ်င္းကုိယ္ခ်င္းစာတရားထားျပီး ေနထိုင္သြားၾကဖို႔ အရမ္းၾကီးပါတယ္။
လူတိုင္းဟာ တစ္ေန႔၀ွီးခ်ဲလ္ေပၚကို လည္းတက္ခ်င္တက္ရႏိုင္ပါတယ္ ။ ဒါေၾကာင့္ သင္တို႔လည္း အခုလို တစ္စံုတစ္ေယာက္ရဲ႕အကူအညီကို လိုအပ္တဲ့တစ္ေန႔ ေရာက္ခ်င္ေရာက္လာမွာပါ။ ဒီေတာ့ တစ္ဦးနဲ႔တစ္ဦး အခ်င္းခ်င္း ကို္ယ္ခ်င္းစာစိတ္၊ ေမတၱာတရားေတြနဲ႔ ကူညီေနထုိင္သြားၾကဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းေျပာၾကား လိုက္ပါတယ္။
Khaing
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ဝှီးချဲနဲ့လူကို နေရာမပေးလို့ ခရီးသည်အားလုံးကို ကားပေါ်ကမောင်းချခဲ့တဲ့ ကားဆရာ
လူတွေဟာ နေ့စဉ်တာဝန်တွေအတွက် သွားလာလှုပ်ရှားမှုတွေမှာ ကားစီးရတဲ့ အလုပ်ကလည်း မလွယ်လှပါဘူး။ ဒါကြောင့် မသန်စွမ်းသူတွေအတွက်ဆို အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍဟာ တကယ့်ကိုစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး၊ အခက်အခဲရှိသလို၊တစ်ခါတလေ တဖက် တစ်ခြားခရီးသည်တစ်ချို့ဆီက ငြိုငြင်ခြင်းကိုလည်း ခံရပါသေးတယ်။
အခုလည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့17th လမ်းမှာ၊ ဝှီးချဲနဲ့ အောက်ပိုင်းမသန်တဲ့François Le Berreဆိုတဲ့လူတစ်ဦးက ဘတ်စ်ကားစီးဖိ့ုစောင့်ဆိုင်းနေခဲ့ပါတယ်။ ဘတ်စ်ကားရောက်လာချိန်မှာတော့ သူ့အတွက် ဘတ်စ်ကားပေါ်တက်ဖို့ အရမ်းကို အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘစ်ကားပေါ်ရှိတဲ့ ခရီးသည်တွေကလည်း သူ့အတွက်နေရာတစ်နေရာပေးဖို့ကို မသိချင်ယောင်ဆောင်နေခဲ့ကြပါတယ်။
ကားဆရာက ဝှီးချဲနဲ့ခရီးသည်မို့ ကူညီပေးပြီး နေရာပေးပေးဖို့ ပြောပေမယ့် တစ်ယောက်မှ မလှုပ်ကြပါဘူး။ ကားပေါ်တက်မယ့် အဝင်လမ်းကို တစ်ယောက်မှ ဖယ်ပေးဖို့စိတ်ကူးမရှိခဲ့ကြဘူး။
ဒီတော့ ခရီးသည်တွေရဲ့အပြုအမူကို ကားဆရာက အရမ်းကို ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အားလုံးကားပေါ်ကဆင်း ဆိုပြီး ခရီးသည်အားလုံကို မောင်းချခဲ့ပါတယ်။
တော်တော်များများက ဆင်းပေမယ့် တစ်ချို့ကတော့ မကျေနပ်သံတွေနဲ့ပြောဆိုကြပါတယ်။
ခရီးသည်တွေအားလုံး ကားပေါ်ကဆင်းသွားကြ ပြီးနောက်မှာတော့ ကားဆရာက Le Berre ဆီလာပြီး၊ ကားပေါ်တက်လို့ရပါပြီ၊ တခြားသူတွေကတော့ နောက်တစ်စီးစောင့်ပါလိမ့်မယ် ပြောလိုက်ပါတယ်။
ဘတ်စ်ကားတစ်စီးလုံးမှာ ဝှးီချဲသမားLe Berreနဲ့ သူ့အဖော်တစ်ယောက်သာပါသွားပြီး ကားသမားက ကားကို မောင်းထွက်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်အကြောင်းတွစ်တာမှာ တင်ထားတဲ့ Le Berreရဲ့ပို့စ်ကို POUR TOUSက ပြန်လည်ဝေမျှခဲ့ပြီးတဲ့နောက် ပျံ့နှံ့သွားပြီး likes ပေါင်း (၁၄၀၀၀)နဲ့ shares ပေါင်း(၅၀၀၀) ကျော်ရရှိခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေဟာ တစ်ကိုယ်ဆန်တဲ့ ခရီးသည်တွေကို အခုလိုပညာပေးလိုက်တာ အရမ်းကောင်းတယ်လို့ ချီးကျူးပြောဆိုကြပါတယ်။ တစ်ချို့ဆို ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းကို ဘတ်စ်ကားဆရာအား ဆုပါပေးသင့်တယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။
တစ်နေ့ကိုယ် ဘာဖြစ်မယ်မသိနိုင်တဲ့ လောကကြီးမှာ လူအချင်းချင်းကိုယ်ချင်းစာတရားထားပြီး နေထိုင်သွားကြဖို့ အရမ်းကြီးပါတယ်။
လူတိုင်းဟာ တစ်နေ့ဝှီးချဲလ်ပေါ်ကို လည်းတက်ချင်တက်ရနိုင်ပါတယ် ။ ဒါကြောင့် သင်တို့လည်း အခုလို တစ်စုံတစ်ယောက်ရဲ့အကူအညီကို လိုအပ်တဲ့တစ်နေ့ ရောက်ချင်ရောက်လာမှာပါ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အချင်းချင်း ကိုယ်ချင်းစာစိတ်၊ မေတ္တာတရားတွေနဲ့ ကူညီနေထိုင်သွားကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောကြား လိုက်ပါတယ်။
Khaing
Credit:Shwemom


မှတ်ချက်များ