ပန်ဆယ်လို ကို မယားငယ်စိတ်ဓာတ် လို့ ဝေဖန်လိုက်တဲ့ လှနုထွန်း
Zawgyiဖြင့်ဖတ်ရန်
လှနုထွန်း
ပြောပါဦး ကျမကို ကုတင်ပေါ်က မဆင်းဘူးပြောနေကြတာအမတို့လည်း ကုတင်မဝယ်နိုင်ရင်အောင် ဖျာနဲ့တော့ အိပ်မပေါ့ တချို့ဆို ခြုံပုတ်ဘေးမှာတင် ပြီးနေကျတာလေတချို့ကတော့ တလင်းပြင်ပေါ် ကောက်ရိုးပုံဘေးပေါ့
ချစ်တဲ့ လှနု
——————
ပန်ဆယ်လို
ရေးနေတာက Sex Edu လည်း မဟုတ်၊ Reproductive Health လည်း မဟုတ်၊ Women Empowerment လည်း မဟုတ်…လင်ဖောက်ပြန်ရင် ငြိမ်ခံနေရတော့မလို၊ လင်ပစ်ခံရရင်ပဲ မိန်းမတစ်ယောက်က ဘဝပျက်တော့မှာလိုလို၊ လင်ကို ဘယ်လိုပျော်တော်ဆက်ရမယ်ဆိုတာတွေ ယောက်ျားကြိုက်တွေ ရေးလို့ရေး၊ လင်သည်သာ ကမ္ဘာ၊ လင်သည်သာ တဏှာ၊ လင်သည်သာ အဝှါ၊ နှစ့်ဆယ့်လေးနာရီမှာ နောက်ရက်က ရှစ်နာရီငှါးပြီး တစ်နေ့ကို ၃၂နာရီ မရပ်မနား တစ်လင်လင်နဲ့ လင်ဟင်ဟင် ဖြစ်နေတာ ဒီအသက်ဒီအရွယ်မှာ ဒီတစ်ယောက်ပဲ မြင်ဖူးသေးတယ်။
Unicode ဖြင့်ဖတ်ရန်
လှနုထွန်း
ကိုယ်ပိုင်အိုင်ဒီယာ မရှိပဲ သူများ ရဲ့အိုင်ဒီယာနဲ့ရေးထားတဲ့စာကို အခြေခံ ဆန့်ကျင်ဘက်ရေး လူတွေ attention ယူတာက မယားငယ်စိတ်ဓာတ်ဖြစ်တယ်လို့ လှနုထွန်းက ပြောဆိုလိုက်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပန်ဆယ်လိုရဲ့ ရေးသားချက်တွေနဲ့ပတ်သက်ပြီး လှနုထွန်းက သူမရဲ့ ဖေ့ဘုတ်ပေ့ချ်ကတစ်ဆင့် တုန့်ပြန်လိုက်တာဖြစ်ပါတယ်။
“ကိုယ်ပိုင်အိုင်ဒီယာ မရှိပဲ သူများ ရဲ့အိုင်ဒီယာနဲ့ရေးထားတဲ့စာကို အခြေခံ ဆန့်ကျင်ဘက်ရေး လူတွေ attention ယူတာက မယားငယ်စိတ်ဓာတ်ဖြစ်တယ်၊ ညီမရေ ငယ်ဂုဏ်လေးနဲ့ လှသလိုလို ဖြစ်နေတာ သိပ်ဘဝင်မမြင့်နဲ လင်ခိုးမ ထက်ပိုဆိုးတဲ့ အိုင်ဒီယာခိုးမလေးလို့ပဲ နာမည်ပေးလိုက်မယ် တင်ထားတာက နိုင်ငံခေါင်းဆောင်နဲ့တွဲရိုက်တဲ့ပုံ စိတ်ဓာတ်က မယားငယ် စိတ်ဓာတ် ဘောင်ကျော်လာလို့သတိပေးတာနော် တန်ရာတန်ရာနေ” ဆိုပြီး ပန်ဆယ်လိုကို ရည်ညွန်းပြီး လှနုထွန်းက ပြောဆိုရေးသားထားပါတယ်။
ဒါ့အပြင် မမစာတွေနဲ့ညီမ လုပ်စားနေတာ ဘယ်နှစ်ခါရှိပြီလဲ၊ ကျေးဇူး ရှင်ဆိုပြီး ထိုင်ကန်တော့ရမှာလေ မရိုင်းပါနဲ့ကွယ်၊ ညီမအငယ်နဲ့ထိုင်ခုံ ပြောင်းထိုင်တာတော့ သတိထားမိတယ်၊ အခုမှ သိတယ် ပါးထရိုက်လိုက်မှာ ကြောက်လို့ကိုး လို့လည်း ပြောဆိုထားပါတယ်။
ပြောပါဦး ကျမကို ကုတင်ပေါ်က မဆင်းဘူးပြောနေကြတာအမတို့လည်း ကုတင်မဝယ်နိုင်ရင်အောင် ဖျာနဲ့တော့ အိပ်မပေါ့ တချို့ဆို ခြုံပုတ်ဘေးမှာတင် ပြီးနေကျတာလေတချို့ကတော့ တလင်းပြင်ပေါ် ကောက်ရိုးပုံဘေးပေ့ါ
ဆယ်ကျော်သက်တွေ ဖတ်ရင် ရှက်စရာတွေ လို့ပြောနေရအောင် အပျိုဖြစ်ကတည်းက ဒါတွေ သင်မပေးထားရင် ရည်းစားက နှိုက်မြည်းပြီး ထားခဲ့တာမျိုး ယောက်ျားပစ်တာခံရတာမျိုးနဲ့ပဲ အဆုံးသတ်မှ အမေနဲ့သမီး ဖက်ငိုနေရမှာ
ပြောသေးတယ် လှနုထွန်းက မိုးလင်းတာနဲ့တုတ်ပဲ စဉ်စားနေတာပဲ ပြောရအောင် ဒီတုတ် ကောင်းကောင်းရဖို့ပဲ အမတို့မိဘတွေက အပျိုစင်ဘဝကို ထိန်းသိမ်းထားခိုင်းတာမဟုတ်လား တုတ်ကိုးကွယ်တာ အမတို့မိဘတွေက ထိပ်ဆုံးကနော် ဟင်းဟင်း
အော် နောက်တခုရှိသေးတယဘာတဲ့ သုတ်ပိုးနားထင်ရောက်နေတယ်တဲ့ပန်းထွက်မှတော့ နားတင်တင်မကဘူး ဆံပင်ပါပေတော့မပေါ့ရှင် အမတို့ပဲ ဒါလေးထွက်ဖို့အရေး အပျိုဘဝ ပေးဆပ် ကြတာ မဟုတ်ဖူးလား
အခါတော် ဘာညာရွတ်ဖတ်ပြီး ပျော်မဆုံးပေါင် လုပ်နေကြတာ မဟုတ်ဖူးလား ညကျရင် ငါ ခံရတော့မယ်ဟေ့ဆိုပြီး မင်္ဂလာမုန့်တွေ ကျွေးတာလေ လက်ခုပ်တောင်တီးခိုင်းလိုက်သေးတော့ ဟိုတယ်တွေ ဘုန်းကြီးကျောင်းတွေမှာလေ ဘုန်းကြီးကိုတောင်ဆွမ်းပင့် လိုက်သေး မဟုတ်လို့လား ပြောပါကျမ ရေးထားတာ တစ်ဦးနဲ့တစ်ဦး လေးစားမှုကို အခြေခံဖို့ရေးထားတာလေ အမတို့ပြောတဲ့ တုတ်တို့သုတ်တို့အကြောင်း ဘာမှ မပါဘူး
ကျမကို စော်ကားပြီးပြောကြလို့ကျမက ဘာမှ မဖြစ်ဖူး အမတို့အပေါက်ဆိုးတာ ကို အမတို့မိတ်ဆွေတွေက မြင်မယ် ချစ်သူတွေက မြင်မယ် ရှက်လိမ့်မယ် သိလား ကိုယ့်အဆင့်အတန်းကိုယ့် လှနုထွန်းပေ့ခ်ျမှာ လာလာချပြနေကြတာ ကျမက အနေသာကြီးပါရှက်ရမှာက အမတို့နော် ကျမမဟုတ်ဖူး နော်။
ချစ်တဲ့ လှနု
——————
ပန်ဆယ်လို
လွန်ခဲ့တဲ့ရက်က ပြည်ပခရီးတစ်ခုက ပြန်လာတော့ ဟိုမတ်မတ်နဲ့ ဘေးကပ်လျက်ထိုင်ရတယ်။ သူက 10B, ကိုယ်က 10 C ရေစက်ဆိုသည်မှာလည်း
အစက ကိုယ်လည်း သူမှန်း မသိဘူးရယ်။ ကိုယ့်ညီမက လှမ်းပြောတော့မှ တကယ်လားဆိုပြီး မနည်းကြည့်ယူရတယ်။ အပြင်မှာ အရမ်းအဆိုးကြီး မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ သိမ်သိမ်မွေ့မွေ့ပါပဲ။ ဖေ့စ်ဘုတ်က အထန်စာတွေ ရေးနေတာ သူလို့တောင် မထင်ရဘူး။ ဘာလို့ ဒီလိုမျိုးတွေ ရေးပြီး အတန်းရှင်းရှာနေသလဲတောင် တွေးမိတယ်။
Sex Education တွေ၊ Reproductive Health တွေ ရေးတာဟာ မကောင်းတဲ့ ကိစ္စ မဟုတ်သလို အဆဲခံရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ရေးပုံ ရေးနည်း ရေးဟန်တွေက Reproductive Healthတွေ Personal Branding တွေထက် ခါးအောက်ပိုင်းယိမ်းတဲ့ အသုံးအနှုန်းတွေ၊ လိင်စိတ်ကြွဖွယ် အရေးအသားတွေကို တမင်ကြီး ရေးနေတဲ့အတွက် လူအချဉ်ခံရ၊ လူအဆဲခံနေရတာ။ ဒါကိုလည်း ဘွားတော်က သူအမှန်ပြောနေလို့ မခံနိုင်လို့ ဆဲကြတယ် အထင်ရောက်နေဟန် ရှိတယ်။
Personality Development တွေ သင်တန်းပေးနေတဲ့သူတဲ့။ ဒီလိုပိုစ့်မျိုးတွေ ရေးနေတာ တားမယ့် ဆုံးမမယ့်သူ မရှိတော့ဘူးလားပဲ။ ဘယ်သူမှနိုင်ကြတော့ဟန်မတူဘူး။ အဆဲခံရပြီဆိုရင် Cyber Bullying ထဲမှာ ဘယ်လို Strongဖြစ်အောင် နေခဲ့ရပါတယ်ဆိုပြီး မျက်ရည်လေး ကျပြ၊ ဒရာမာချိုး။ ပြီးရင် မယားငယ်အားပေးတွေရေး၊ တုတ်တွေ၊ သုတ်တွေ၊ ဆံပင်ပေတာတွေ၊ ကုတင်တွေ ထရေးတတ်လည်း တတ်နိုင်တယ် အန်တီရယ်
မင်္ဂလာဆောင်တာကိုပဲ ညကျခံရမယ့်အရေး ဂုဏ်ဆာပြတာတဲ့။ အို… ဘုရားရေလို့သာ ဆရာမဂျူးအသံနဲ့ ဟစ်လိုက်ချင်တယ်။ Sex Education ပေးမယ်ဆိုတဲ့အယ်မကြီးက ထိမ်းမြားလက်ထပ်ခြင်းအကြောင်းကို ကုတင်ပေါ်က ကိစ္စတစ်ခုပဲ ထင်နေတာ အံ့ဩလို့ မဆုံးဘူး။
လက်ထပ်တယ်ဆိုတာ လိင်ကိစ္စ ပါတာ မှန်တယ်။ ဒါပေမယ့် လက်ထပ်ခြင်းမှာ လိင်ကိစ္စသည် ကိစ္စအများကြီးထဲက အစိတ်အပိုင်းတစ်ခုမျှသာပဲ။ ဘယ်သူမှ အိမ်ထောင်တစ်ခုမှာ ဂျိမ်းပြီးရင်းဂျိမ်း တဂျိမ်းဂျိမ်းကြီး အမြဲဂျိမ်းမနေနိုင်ဘူး။ အယ်မက ဂျိမ်းချည်းပဲနေရင်တော့ မပြောတတ်ဘူး။
အိမ်ထောင်ရေးဆိုတာ ဘဝနှစ်ခုကို ပေါင်းစပ်တာ။ရင်ဆိုင်ရမယ့် လောကဓံတွေကို နှစ်ယောက်အားနဲ့ ဖြတ်သန်းတာ။ နှစ်ယောက်တည်း ဂျိမ်းလိုက်တာနဲ့ လင်မယားဖြစ်သွားတာ မဟုတ်ဘူး။ နှစ်ဖက်မိဘ၊ နှစ်ဖက်ဆွေမျိုး၊ နှစ်ဖက်အပေါင်းအသင်းတွေရဲ့ အသိအမှတ်ပြုမှု၊ ကူညီဖေးမမှုတွေနဲ့ ဘဝကိုအတူလက်တွဲရင်ဆိုင်ကြမယ်ဆိုတာ ကတိပြုတာ။ ညကျဂျိမ်းပါမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မုန့်ခေါ်ကျွေးတယ်လို့ ဘယ်လိုတွေးလိုက်တာလဲကို မသိဘူး။ တဏှာစိတ် ငယ်ထိပ်ရောက်နေတယ် ပြောတော့လည်း နာချင်သေးတယ်။
အစက ဒီလူမှုအသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျ နားလည်အောင် မရေးတတ်တာလား တွေးမိသေးတယ်။ နောက်တော့ တမင်ကြီး လိင်ကိစ္စနဲ့ အတန်းရှင်းရှာပြီး လိင်ကိစ္စကို တစ်တစ်ခွခွရေး နာမည်ကြီးချင်နေမှန်း သိသာလာတယ်။
ရေးနေတာက Sex Edu လည်း မဟုတ်၊ Reproductive Health လည်း မဟုတ်၊ Women Empowerment လည်း မဟုတ်…လင်ဖောက်ပြန်ရင် ငြိမ်ခံနေရတော့မလို၊ လင်ပစ်ခံရရင်ပဲ မိန်းမတစ်ယောက်က ဘဝပျက်တော့မှာလိုလို၊ လင်ကို ဘယ်လိုပျော်တော်ဆက်ရမယ်ဆိုတာတွေ ယောကျ်ားကြိုက်တွေ ရေးလို့ရေး၊ လင်သည်သာ ကမ္ဘာ၊ လင်သည်သာ တဏှာ၊ လင်သည်သာ အဝှါ၊ နှစ့်ဆယ့်လေးနာရီမှာ နောက်ရက်က ရှစ်နာရီငှါးပြီး တစ်နေ့ကို ၃၂နာရီ မရပ်မနား တစ်လင်လင်နဲ့ လင်ဟင်ဟင် ဖြစ်နေတာ ဒီအသက်ဒီအရွယ်မှာ ဒီတစ်ယောက်ပဲ မြင်ဖူးသေးတယ်။
စေတနာနဲ့ ပြောတာ စာအရှည်ကြီးတွေ ရေးမနေပါနဲ့။ ဖဘပေါ် လင်ဆာပြတာရော၊ တဏှာထပြတာရော၊ ထန်ပြတာရော ခြုံငုံပြီး လင်ဏှထန်လို့ နာမည်ပြောင်းလိုက်ရင် လုံလောက်ပြီဟာ..စောင်လုံးတွေ နှောက်လွန်းလို့ဟယ်
Credit: Burmese Asia 
မှတ်ချက်များ