ထီေပါက္တဲ့ ပိုက္ဆံေတြေၾကာင့္ မိသားစုကိုျပန္သတ္ခဲ့တဲ့ အမ်ိဳးသားအေၾကာင္း
Zawgyiျဖင့္ဖတ္ရန္
ပိုက္ဆံဟာ တကယ္ေတာ့ ေတာ္ေတာ္ေလးေၾကာက္ဖို႔ေကာင္းတဲ့ အင္အားကို ပိုင္ဆုိင္ထားပါတယ္။ ကမၻာေပၚမွာရွိေနတဲ့ မေကာင္းမႈအားလံုးနီးပါးဟာလည္း ပိုက္ဆံေၾကာင့္ပဲ ျဖစ္တတ္ၾကတာမဟုတ္လား။ အခုလည္း အမ်ိဳးသားတစ္ေယာက္က ထီေပါက္တဲ့ပိုက္ဆံေတြေၾကာင့္ လူမမယ္သားေလးႏွစ္ေယာက္နဲ႔ ဇနီးသည္ကို သတ္ျဖတ္ခဲ့ပါတယ္။ Daily Mail မွ ကိုးကားေဖာ္ျပလိုက္ပါတယ္။
အသက္ ၄၃ ႏွစ္အရြယ္ David Strokes ဟာ ၿပီးခဲ့တဲ့ ၃၊ ၄ ႏွစ္ေလာက္တုန္းက ထီဆုႀကီးေပါက္ခဲ့တဲ့ အဂၤလန္ႏုိင္ငံသားတစ္ဦးပါ။ ဒါေပမဲ့လည္း ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာေတာ့ Leicestershire, Hinckley မွာရွိေနတဲ့ ေနအိမ္္မွာ သူ႕ရဲ႕သားေလးႏွစ္ေယာက္နဲ႔ ဇနီးသည္ကို သတ္ပစ္ဖုိ႔ ႀကိဳးစားခဲ့ၿပီး ကို္ယ္လည္း အဆံုးစီရင္ခဲ့ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး မီဒီယာေတြမွာ အက်ယ္တဝံ့ေဖာ္ျပခံခဲ့ရေပမယ့္လို႔ တိတိက်က်ဘယ္သူမွ ေသခ်ာမသိခဲ့ရေသးပါဘူး။ အခုမွ မိသားစု ၄ ေယာက္ထဲ တစ္ဦးတည္းသာ လြတ္ေျမာက္လာခဲ့တဲ့ David Strokes ရဲ႕ ဇနီးသည္ Sally ကေနၿပီး ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဖြင့္ေျပာလာခဲ့ပါေတာ့တယ္။
ဖခင္လက္ခ်က္နဲ႔ ေသဆံုးသြားခဲ့ၾကတဲ့ သားေလးႏွစ္ေယာက္ထဲ Adam ဟာ ၁၁ ႏွစ္အရြယ္နဲ႔ Matthew ဟာ အသက္ ၅ ႏွစ္အရြယ္သာ ရွိပါေသးတယ္။ ကေလးႏွစ္ေယာက္ရဲ႕အေလာင္းကို အိပ္ယာထဲမွာ လက္ကေလးတြဲလ်က္နဲ႔ ေတြ႕ခဲ့ၾကတာပါ။
David Strokes ဟာ Sally နဲ႔ အိမ္ေထာင္က်ခဲ့ၿပီး သားေလးႏွစ္ေယာက္ထြန္းကားခဲ့ကာ ဘဝကို သာမန္ပဲ ျဖတ္သန္းခဲ့ပါတယ္။ Sally ေျပာပံုအရေတာ့ David ဟာ သူမနဲ႔ရန္ျဖစ္ရင္ ႏွစ္ေယာက္သားလက္ပါတာမ်ိဳးေတြ၊ ကလးေတြကို ဆူသင့္တဲ့ေနရာက်ရင္ ဆူေငါက္တာမ်ိဳးေတြ ရွိခဲ့ေပမယ့္လို႔ တာဝန္ေက်တဲ့ ဖခင္တစ္ေယာက္ပါတဲဲ့။ ရုတ္တရက္ David တစ္ေယာက္ ေပါင္ ၄ ေသာင္းတန္ထီဆုႀကီး ေပါက္သြားခဲ့ပါတယ္။
ခင္ပြန္းျဖစ္သူ ထီေပါက္ၿပီဆိုတာကို Sally လံုးဝမသိခဲ့ပါဘူး။ တစ္ရက္ Sally ဟာ David ရဲ႕ အားကစားအိတ္ထဲက အဝတ္ေတြလွ်ာ္ေပးမယ္ဆိုၿပီး အိတ္ကိုဖြင့္လိုက္တဲ့အခ်ိန္က်မွ ေပါက္ထားတဲ့ ထီလက္မွတ္ကိုေတြ႕သြားခဲ့ပါတယ္။ အဲဒီေတာ့မွ David ထီေပါက္တယ္ဆိုတာ သိသြားခဲ့တာပါ။ ဒါေပမဲ့ ဒါေၾကာင့္ အဲဒီပိုက္ဆံကို သူမအေနနဲ႔ ျမင္ေတာင္မျမင္ဖူးလိုက္ခဲ့ပါဘူးတဲ့။ ဒီအျပင္ကိုမွ ပိုက္ဆံမရွိဘူးခ်ည္းပဲ ပိုပိုညည္းျပေနခဲ့တာပါ။
ဒီအေၾကာင္း ခင္ပြန္းကို ေျပာျပၿပီး ေျဖရွင္းခ်က္ေတာင္းတဲ့အခ်ိန္က်ေတာ့ ရန္သာျဖစ္လိုက္ရတယ္။ David တစ္ေယာက္ အမူအက်င့္ေတြ ေျပာင္းလာခဲ့ပါၿပီ။ သူမကို စကားမေျပာေတာ့ဘူး၊ ေျပာရင္လည္း ေဒါသစိတ္ႀကီးနဲ႔ ဆက္ဆံၿပီး လက္ပါတာမ်ိဳးေတြေတာင္ ရွိလာခဲ့ပါတယ္။ ကေလးေတြဆိုလည္း ဒီအတုိင္းပဲ။ ထပ္ေတြ႕ပါၿပီ။ ေနာက္ထပ္ဖုန္းတစ္လံုး။
မိန္းမဆိုတဲ့အတုိင္း ခင္ပြန္းကသူမမသိေအာင္ ဖုန္းတစ္လံုးကိုင္ထားတယ္ဆိုေတာ့ ေဖာက္မ်ားေဖာက္ျပန္ေနမလား၊ ဘာလားဆိုၿပီး စိတ္ပူကာ ဖုန္းကိုေတာင္းၾကည့္ေတာ့ လံုးဝမျပတဲ့အျပင္မီးဖိုခန္းထဲဝင္ၿပီး ဖုန္းကို ရိုက္ခြဲလိုက္ခဲ့ပါတယ္။ ေနာက္မွသိလိုက္ရတာက David ဟာ dating site ေတြကိုသံုးၿပီး အမ်ိဳးသမီးေတြနဲ႔ခ်ိန္းေတြ႕ကာ အိမ္ေထာင္ေရးေဖာက္ျပန္ေနခဲ့ပါတယ္တဲ့။
အဲဒီေန႔၊ David ဟာ သူ႕ဖုန္းကို မီးဖိုေခ်ာင္ထဲ ေမ့ထားခဲ့ၿပီး ထြက္သြားခဲ့တယ္။ ဖုန္းျမည္သံေၾကာင့္ သြားၾကည့္္လိုက္တဲ့ Sally ျမင္ခဲ့ရတာကေတာ့ email ဝင္ေနခဲ့တာပါ။ ရွာထားတာေတြက မူးယစ္ေဆး၊ ျပည့္တန္ဆာေတြဆီသြားတာနဲ႔ အဓမၼျပဳက်င့္ပံုအေၾကာင္း။ ဒီလိုအေၾကာင္းေတြကို Sally တစ္ေယာက္ အားကိုးတစ္ႀကီးနဲ႔ ေယကၡမနဲ႔ခဲအိုဆီ ဖုန္းဆက္တုိင္ခဲ့ပါတယ္။ David အိမ္ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ မ်က္ႏွာခ်င္းဆိုင္ထုိင္ၿပီး ဒီကိစၥကို ရွင္းခဲ့ၾကတယ္။ Sally ကို ငါမင္းကိုခ်စ္ပါတယ္၊ ေနာက္မလုပ္ေတာ့ပါဘူးဆိုတဲ့ စကားကိုပဲ ထပ္ခါတလဲလဲေျပာခဲ့ရံုမွတစ္ပါး ဘာေျဖရွင္းခ်က္မွ David မေျပာခဲ့ပါဘူး။
အဲဒီေန႔ ညေနမွာပဲ Sally ဟာ တစ္ေယာက္တည္း David မိဘေတြအိမ္ကို စကားေျပာဖို႔ ထြက္လာခဲ့ပါတယ္။ ကေလးႏွစ္ေယာက္နဲ႔ David ကုိေတာ့ စိတ္ခ်လက္ခ်ထားခဲ့တာေပါ့။ Sally အိမ္ျပန္ေရာက္ေတာ့ ည ၉ နာရီေက်ာ္ေနပါၿပီ။ David ကို မီးဖိုခန္းထဲ တစ္ေယာက္တည္းေတ႕ြတယ္။ လက္ဘက္ရည္ေတာင္ သူမကိုေဖ်ာ္တိုက္လိုက္ေသးတယ္။ ေနာက္ Sally လည္း အေပၚတက္ၿပီး အက်ႌသြားခဲ့ပါတယ္။ အဲဒီအခ်ိန္ အေနာက္ကေနၿပီး David တစ္ေယာက္ Sally ကို ရိုက္ခဲ့ပါတယ္။ အရိုက္လည္းခံရေရာ ေခါင္းထဲမွာေပၚလာတာက သားႀကီးေလး Adam။ ၁၁ ႏွစ္သားေလး Adam ကိုပါ။
“ကၽြန္မကိုကယ္ႏုိင္မွာ Adam ပဲရွိတယ္ဆိုၿပီး ေမွ်ာ္လင့္ခဲ့တာ” တဲ့။ ဒါေပမဲ့ ျပန္ထူးသံမၾကားခဲ့ပါဘူး။ ဒါေၾကာင့္ ရွိသမွ်အင္အားနဲ႔ David ကိုတြန္းထုတ္ခဲ့ၿပီး သားႏွစ္ေယာက္ကိုေမးခဲ့ပါတယ္။ တစ္ေယာက္ေယာက္နဲ႔ရွိေနတယ္လို႔ လိမ္ေျဖခဲ့တယ္ သူက။ Sally လက္ေတြကို ဝါယာနဲ႔တုပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္လို႔ သားႏွစ္ေယာက္ကိုစိုးရိမ္ကာ ထပ္ရုန္းကန္ခဲ့ကာ ေနာက္ေဖးေပါက္ကေနေျပးထြက္ အိမ္နီးခ်င္းေတြကိုေအာ္ဟစ္အကူအညီေတာင္းခဲ့ပါတယ္။ David က အေနာက္ကေန လိုက္လာခဲ့ၿပီး သံပိုက္နဲ႔ေနာက္ေက်ာကို ရိုက္ခဲ့ကာ ဆံပင္ကိုဆြဲ နံရံနဲ႔ေဆာင့္ခဲ့ပါတယ္။ ေနာက္ အိမ္ထဲကိုဆြဲေခၚခဲ့ကာ ဓားနဲ႔ေထာက္ထားပါၿပီ။
ခဏအၾကာေတာ့ ရဲေတြေရာက္လာခဲ့တယ္။ David အတြက္ အေျခအေနပိုဆုိးသြားခဲ့ပါတယ္။ အဲဒီအခ်ိန္ သူဘာမဆိုလုပ္ေတာ့မယ္ဆိုတာ Sally လည္း သိေနခဲ့ပါၿပီ။ တကယ္လည္း David တစ္ေယာက္ Sally နံၾကားကို ဓားနဲ႔တစ္ဆံးုထိုးပစ္လိုက္ကာ သူ႕ကိုယ္သူလည္း အဆံးုစီရင္သြားခဲ့ပါတယ္။ သားေလးႏွစ္ေယာက္ကိုလည္း အိပ္ေနတုန္း လည္ပင္းညွစ္သတ္ခဲ့တာေၾကာင့္ ညေနကတည္းက ေသဆံုးေနခဲ့တာပါ။
Sally ကေတာ့ ကိုယ္တြင္းေသြးယိုစိမ့္မႈေတြ၊ အရိုက္ခံထားရတဲ့ဒဏ္ေတြေၾကာင့္ အေရးေပၚမွာ မနည္းအသက္လုကယ္ခဲ့ရလို႔ အသက္ရွင္ခဲ့ေပမယ့္ စိတ္ကေတာ့ ေသဆံုးသြားခဲ့ပါၿပီ။ Sally ရဲ႕ ထြက္ဆို္ခ်က္အရ David ဟာ “မင္းတို႔ သိသင့္တာထက္ပိုသိသြားၿပီ အဲဒီအတြက္ လုပ္သင့္တာကိုလုပ္ရေတာ့မယ္” တဲ့ေလ။
Penny
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ထီပေါက်တဲ့ ပိုက်ဆံတွေကြောင့် မိသားစုကိုပြန်သတ်ခဲ့တဲ့ အမျိုးသားအကြောင်း
ပိုက်ဆံဟာ တကယ်တော့ တော်တော်လေးကြောက်ဖို့ကောင်းတဲ့ အင်အားကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ မကောင်းမှုအားလုံးနီးပါးဟာလည်း ပိုက်ဆံကြောင့်ပဲ ဖြစ်တတ်ကြတာမဟုတ်လား။ အခုလည်း အမျိုးသားတစ်ယောက်က ထီပေါက်တဲ့ပိုက်ဆံတွေကြောင့် လူမမယ်သားလေးနှစ်ယောက်နဲ့ ဇနီးသည်ကို သတ်ဖြတ်ခဲ့ပါတယ်။ Daily Mail မှ ကိုးကားဖော်ပြလိုက်ပါတယ်။
အသက် ၄၃ နှစ်အရွယ် David Strokes ဟာ ပြီးခဲ့တဲ့ ၃၊ ၄ နှစ်လောက်တုန်းက ထီဆုကြီးပေါက်ခဲ့တဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦးပါ။ ဒါပေမဲ့လည်း ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ Leicestershire, Hinckley မှာရှိနေတဲ့ နေအိမ်မှာ သူ့ရဲ့သားလေးနှစ်ယောက်နဲ့ ဇနီးသည်ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပြီး ကိုယ်လည်း အဆုံးစီရင်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ အကျယ်တဝံ့ဖော်ပြခံခဲ့ရပေမယ့်လို့ တိတိကျကျဘယ်သူမှ သေချာမသိခဲ့ရသေးပါဘူး။ အခုမှ မိသားစု ၄ ယောက်ထဲ တစ်ဦးတည်းသာ လွတ်မြောက်လာခဲ့တဲ့ David Strokes ရဲ့ ဇနီးသည် Sally ကနေပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖွင့်ပြောလာခဲ့ပါတော့တယ်။
ဖခင်လက်ချက်နဲ့ သေဆုံးသွားခဲ့ကြတဲ့ သားလေးနှစ်ယောက်ထဲ Adam ဟာ ၁၁ နှစ်အရွယ်နဲ့ Matthew ဟာ အသက် ၅ နှစ်အရွယ်သာ ရှိပါသေးတယ်။ ကလေးနှစ်ယောက်ရဲ့အလောင်းကို အိပ်ယာထဲမှာ လက်ကလေးတွဲလျက်နဲ့ တွေ့ခဲ့ကြတာပါ။
David Strokes ဟာ Sally နဲ့ အိမ်ထောင်ကျခဲ့ပြီး သားလေးနှစ်ယောက်ထွန်းကားခဲ့ကာ ဘဝကို သာမန်ပဲ ဖြတ်သန်းခဲ့ပါတယ်။ Sally ပြောပုံအရတော့ David ဟာ သူမနဲ့ရန်ဖြစ်ရင် နှစ်ယောက်သားလက်ပါတာမျိုးတွေ၊ ကလးတွေကို ဆူသင့်တဲ့နေရာကျရင် ဆူငေါက်တာမျိုးတွေ ရှိခဲ့ပေမယ့်လို့ တာဝန်ကျေတဲ့ ဖခင်တစ်ယောက်ပါတဲ့။ ရုတ်တရက် David တစ်ယောက် ပေါင် ၄ သောင်းတန်ထီဆုကြီး ပေါက်သွားခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ထီပေါက်ပြီဆိုတာကို Sally လုံးဝမသိခဲ့ပါဘူး။ တစ်ရက် Sally ဟာ David ရဲ့ အားကစားအိတ်ထဲက အဝတ်တွေလျှာ်ပေးမယ်ဆိုပြီး အိတ်ကိုဖွင့်လိုက်တဲ့အချိန်ကျမှ ပေါက်ထားတဲ့ ထီလက်မှတ်ကိုတွေ့သွားခဲ့ပါတယ်။ အဲဒီတော့မှ David ထီပေါက်တယ်ဆိုတာ သိသွားခဲ့တာပါ။ ဒါပေမဲ့ ဒါကြောင့် အဲဒီပိုက်ဆံကို သူမအနေနဲ့ မြင်တောင်မမြင်ဖူးလိုက်ခဲ့ပါဘူးတဲ့။ ဒီအပြင်ကိုမှ ပိုက်ဆံမရှိဘူးချည်းပဲ ပိုပိုညည်းပြနေခဲ့တာပါ။
ဒီအကြောင်း ခင်ပွန်းကို ပြောပြပြီး ဖြေရှင်းချက်တောင်းတဲ့အချိန်ကျတော့ ရန်သာဖြစ်လိုက်ရတယ်။ David တစ်ယောက် အမူအကျင့်တွေ ပြောင်းလာခဲ့ပါပြီ။ သူမကို စကားမပြောတော့ဘူး၊ ပြောရင်လည်း ဒေါသစိတ်ကြီးနဲ့ ဆက်ဆံပြီး လက်ပါတာမျိုးတွေတောင် ရှိလာခဲ့ပါတယ်။ ကလေးတွေဆိုလည်း ဒီအတိုင်းပဲ။ ထပ်တွေ့ပါပြီ။ နောက်ထပ်ဖုန်းတစ်လုံး။
မိန်းမဆိုတဲ့အတိုင်း ခင်ပွန်းကသူမမသိအောင် ဖုန်းတစ်လုံးကိုင်ထားတယ်ဆိုတော့ ဖောက်များဖောက်ပြန်နေမလား၊ ဘာလားဆိုပြီး စိတ်ပူကာ ဖုန်းကိုတောင်းကြည့်တော့ လုံးဝမပြတဲ့အပြင်မီးဖိုခန်းထဲဝင်ပြီး ဖုန်းကို ရိုက်ခွဲလိုက်ခဲ့ပါတယ်။ နောက်မှသိလိုက်ရတာက David ဟာ dating site တွေကိုသုံးပြီး အမျိုးသမီးတွေနဲ့ချိန်းတွေ့ကာ အိမ်ထောင်ရေးဖောက်ပြန်နေခဲ့ပါတယ်တဲ့။
အဲဒီနေ့၊ David ဟာ သူ့ဖုန်းကို မီးဖိုချောင်ထဲ မေ့ထားခဲ့ပြီး ထွက်သွားခဲ့တယ်။ ဖုန်းမြည်သံကြောင့် သွားကြည့််လိုက်တဲ့ Sally မြင်ခဲ့ရတာကတော့ email ဝင်နေခဲ့တာပါ။ ရှာထားတာတွေက မူးယစ်ဆေး၊ ပြည့်တန်ဆာတွေဆီသွားတာနဲ့ အဓမ္မပြုကျင့်ပုံအကြောင်း။ ဒီလိုအကြောင်းတွေကို Sally တစ်ယောက် အားကိုးတစ်ကြီးနဲ့ ယေက္ခမနဲ့ခဲအိုဆီ ဖုန်းဆက်တိုင်ခဲ့ပါတယ်။ David အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဒီကိစ္စကို ရှင်းခဲ့ကြတယ်။ Sally ကို ငါမင်းကိုချစ်ပါတယ်၊ နောက်မလုပ်တော့ပါဘူးဆိုတဲ့ စကားကိုပဲ ထပ်ခါတလဲလဲပြောခဲ့ရုံမှတစ်ပါး ဘာဖြေရှင်းချက်မှ David မပြောခဲ့ပါဘူး။
အဲဒီနေ့ ညနေမှာပဲ Sally ဟာ တစ်ယောက်တည်း David မိဘတွေအိမ်ကို စကားပြောဖို့ ထွက်လာခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ David ကိုတော့ စိတ်ချလက်ချထားခဲ့တာပေါ့။ Sally အိမ်ပြန်ရောက်တော့ ည ၉ နာရီကျော်နေပါပြီ။ David ကို မီးဖိုခန်းထဲ တစ်ယောက်တည်းတေ့ွတယ်။ လက်ဘက်ရည်တောင် သူမကိုဖျော်တိုက်လိုက်သေးတယ်။ နောက် Sally လည်း အပေါ်တက်ပြီး အင်္ကျီသွားခဲ့ပါတယ်။ အဲဒီအချိန် အနောက်ကနေပြီး David တစ်ယောက် Sally ကို ရိုက်ခဲ့ပါတယ်။ အရိုက်လည်းခံရရော ခေါင်းထဲမှာပေါ်လာတာက သားကြီးလေး Adam။ ၁၁ နှစ်သားလေး Adam ကိုပါ။
“ကျွန်မကိုကယ်နိုင်မှာ Adam ပဲရှိတယ်ဆိုပြီး မျှော်လင့်ခဲ့တာ” တဲ့။ ဒါပေမဲ့ ပြန်ထူးသံမကြားခဲ့ပါဘူး။ ဒါကြောင့် ရှိသမျှအင်အားနဲ့ David ကိုတွန်းထုတ်ခဲ့ပြီး သားနှစ်ယောက်ကိုမေးခဲ့ပါတယ်။ တစ်ယောက်ယောက်နဲ့ရှိနေတယ်လို့ လိမ်ဖြေခဲ့တယ် သူက။ Sally လက်တွေကို ဝါယာနဲ့တုပ်ဖို့ကြိုးစားခဲ့ပေမယ့်လို့ သားနှစ်ယောက်ကိုစိုးရိမ်ကာ ထပ်ရုန်းကန်ခဲ့ကာ နောက်ဖေးပေါက်ကနေပြေးထွက် အိမ်နီးချင်းတွေကိုအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ David က အနောက်ကနေ လိုက်လာခဲ့ပြီး သံပိုက်နဲ့နောက်ကျောကို ရိုက်ခဲ့ကာ ဆံပင်ကိုဆွဲ နံရံနဲ့ဆောင့်ခဲ့ပါတယ်။ နောက် အိမ်ထဲကိုဆွဲခေါ်ခဲ့ကာ ဓားနဲ့ထောက်ထားပါပြီ။
ခဏအကြာတော့ ရဲတွေရောက်လာခဲ့တယ်။ David အတွက် အခြေအနေပိုဆိုးသွားခဲ့ပါတယ်။ အဲဒီအချိန် သူဘာမဆိုလုပ်တော့မယ်ဆိုတာ Sally လည်း သိနေခဲ့ပါပြီ။ တကယ်လည်း David တစ်ယောက် Sally နံကြားကို ဓားနဲ့တစ်ဆံးုထိုးပစ်လိုက်ကာ သူ့ကိုယ်သူလည်း အဆံးုစီရင်သွားခဲ့ပါတယ်။ သားလေးနှစ်ယောက်ကိုလည်း အိပ်နေတုန်း လည်ပင်းညှစ်သတ်ခဲ့တာကြောင့် ညနေကတည်းက သေဆုံးနေခဲ့တာပါ။
Sally ကတော့ ကိုယ်တွင်းသွေးယိုစိမ့်မှုတွေ၊ အရိုက်ခံထားရတဲ့ဒဏ်တွေကြောင့် အရေးပေါ်မှာ မနည်းအသက်လုကယ်ခဲ့ရလို့ အသက်ရှင်ခဲ့ပေမယ့် စိတ်ကတော့ သေဆုံးသွားခဲ့ပါပြီ။ Sally ရဲ့ ထွက်ဆိုချက်အရ David ဟာ “မင်းတို့ သိသင့်တာထက်ပိုသိသွားပြီ အဲဒီအတွက် လုပ်သင့်တာကိုလုပ်ရတော့မယ်” တဲ့လေ။
Penny
Credit:Shwemom


မှတ်ချက်များ