Zawgyiျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံရဲ႕ အေအာင္ျမင္ဆံုး အႏုပညာ႐ွင္ တစ္ဦးျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္က အႏုပညာသက္တမ္း ႏွစ္(၂၀) နီးပါးမွာ ေအာင္ျမင္မႈ အရိွန္အဝါ လံုးဝက်ဆင္းမသြားတဲ့ ႐ွား႐ွားပါးပါး အဆိုေတာ္တစ္ဦးပါ။ စိုင္းစုိင္းခမ္းလိႈင္ရဲ႕ သီခ်င္းတိုင္းဟာ လူႀကိဳက္မ်ား ေအာင္ျမင္လွသလို စိုင္းစိုင္း ႐ိုက္ကူးတဲ့ ႐ုပ္႐ွင္ဗီဒီယိုတိုင္းကလည္း နာမည္ႀကီးတာကို ေတြ႔ရပါတယ္။
ပရိသတ္ေတြမ်ားစြာရဲ့ အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ စုိင္းစိုင္းခမ္းလိႈင္က သူ့ရဲ့ ပရိသတ္ေတြရဲ့ ခ်စ္ခင္စေနာက္ျခင္းကို အျမဲလိုလိုခံရသူျဖစ္ျပီး ဘယ္ေတာ့မွာ စိတ္မဆိုးတတ္သူ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က သူ့ကို ဘစိုင္းလို့ ေခၚတာကို မၾကိဳက္တဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။
"Ko SAI လို႔ေခၚတာထက္ Ko SAI SAI လို႔ေခၚတာ ပိုၿပီးမိုက္တယ္။ Ko SAI ေတြက အမ်ားႀကီးပဲ။ Ko SAI SAI က unique ပိုျဖစ္တယ္။ SAI လို႔တစ္လုံးထဲေခၚတဲ့သူေတြလည္းအမ်ားႀကီးပဲ။ ငယ္သူငယ္ခ်င္းေတြကေတာ့ စိုင္း ငစိုင္း စိုင္းစိုင္း ေမာင္စိုင္း၊ Frenzo က ညီအစ္ကိုေတြအားလုံးကေတာ့ SAI ပဲေခၚတယ္။"
"ဦး SAI ဆိုတာလည္း Cute ျဖစ္တယ္။ နည္းနည္းေတာ့ အိုစာတယ္လို႔ခံစားရတယ္။ ႏိုင္ငံျခားသားေတြကေတာ့ရွင္းတယ္ ဘယ္ေလာက္ႀကီးႀကီးငယ္ငယ္ နာမည္ပဲ ေခၚတာပဲ။ ဘစိုင္းဆိုတာကေတာ့ တခ်ိဳ႕ေတြက ဒီေကာင္ ဘတ္ေနပါၿပီကြာဆိုၿပီး ေနာက္ေျပာင္တဲ့သေဘာနဲ႔ ႏွိမ္ၿပီးေခၚတာ။"
"အဲဒါ အခုက်ေနာ့္ကိုခ်စ္တဲ့သူေတြကပါ လိုက္ေခၚေနၾကတာေတာ့ သိပ္မႀကိဳက္ဘူးဗ်။ ဒါေပမယ့္လည္း သေဘာပါဗ်ာ။ က်ေနာ္မွာလည္း ကိုယ္ႀကိဳက္တာ မႀကိဳက္တာေတြကို ပြင့္ပြင့္လင္းလင္း ေျပာခြင့္ရွိသလို ခင္ဗ်ားတို႔လည္း ေခၚခ်င္သလိုေခၚခြင့္ရွိတာပဲ။" ဆိုျပီး ေျပာလာတာ ျဖစ္ပါတယ္။
စိုင္းစိုင္းခမ္္းလိႈင္ကေတာ့ သူ့ကို ဘစိုင္းလို့ ေခၚတာကို မၾကိဳက္တဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာထားတာ ျဖစ္ပါတယ္။ စိုင္းစိုင္းက သူ့ကို ကိုစုိင္းစိုင္းလို့ ေခၚတာ ပိုၾကိဳက္တယ္ဆိုေတာ့ ကိုစိုင္းစိုင္းလို့ပဲ ေခၚၾကတာေပါ့ေနာ္။
Rowena
Source: Sai Sai Kham Leng's fb
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ဘစိုင်းလို့ခေါ်တာ မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်
မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အနုပညာရှင် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာသက်တမ်း နှစ်(၂၀) နီးပါးမှာ အောင်မြင်မှု အရှိန်အဝါ လုံးဝကျဆင်းမသွားတဲ့ ရှားရှားပါးပါး အဆိုတော်တစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတိုင်းဟာ လူကြိုက်များ အောင်မြင်လှသလို စိုင်းစိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဗီဒီယိုတိုင်းကလည်း နာမည်ကြီးတာကို တွေ့ရပါတယ်။
ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေရဲ့ ချစ်ခင်စနောက်ခြင်းကို အမြဲလိုလိုခံရသူဖြစ်ပြီး ဘယ်တော့မှာ စိတ်မဆိုးတတ်သူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ကို ဘစိုင်းလို့ ခေါ်တာကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
"Ko SAI လို့ခေါ်တာထက် Ko SAI SAI လို့ခေါ်တာ ပိုပြီးမိုက်တယ်။ Ko SAI တွေက အများကြီးပဲ။ Ko SAI SAI က unique ပိုဖြစ်တယ်။ SAI လို့တစ်လုံးထဲခေါ်တဲ့သူတွေလည်းအများကြီးပဲ။ ငယ်သူငယ်ချင်းတွေကတော့ စိုင်း ငစိုင်း စိုင်းစိုင်း မောင်စိုင်း၊ Frenzo က ညီအစ်ကိုတွေအားလုံးကတော့ SAI ပဲခေါ်တယ်။"
"ဦး SAI ဆိုတာလည်း Cute ဖြစ်တယ်။ နည်းနည်းတော့ အိုစာတယ်လို့ခံစားရတယ်။ နိုင်ငံခြားသားတွေကတော့ရှင်းတယ် ဘယ်လောက်ကြီးကြီးငယ်ငယ် နာမည်ပဲ ခေါ်တာပဲ။ ဘစိုင်းဆိုတာကတော့ တချို့တွေက ဒီကောင် ဘတ်နေပါပြီကွာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ နှိမ်ပြီးခေါ်တာ။"
"အဲဒါ အခုကျနော့်ကိုချစ်တဲ့သူတွေကပါ လိုက်ခေါ်နေကြတာတော့ သိပ်မကြိုက်ဘူးဗျ။ ဒါပေမယ့်လည်း သဘောပါဗျာ။ ကျနော်မှာလည်း ကိုယ်ကြိုက်တာ မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ရှိသလို ခင်ဗျားတို့လည်း ခေါ်ချင်သလိုခေါ်ခွင့်ရှိတာပဲ။" ဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ကို ဘစိုင်းလို့ ခေါ်တာကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ကို ကိုစိုင်းစိုင်းလို့ ခေါ်တာ ပိုကြိုက်တယ်ဆိုတော့ ကိုစိုင်းစိုင်းလို့ပဲ ခေါ်ကြတာပေါ့နော်။
Rowena
Source: Sai Sai Kham Leng's fb
Credit:momolay


မှတ်ချက်များ