လတ္တေလာ ပရိသတ္ေတြ ပူေဆြးေနၾကတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ရဲ႕နာေရးသတင္းကေတာ့ အႏုပညာရွင္ေတြၾကားထဲမွာပါ ေတာ္ေတာ္ေလး စိတ္ထိခိုက္စရာ ျဖစ္ခဲ့ရတာပါ။ စိတ္ထားေကာင္းျပီး ပရိသတ္အေပၚ တာဝန္ေက်လြန္းတဲ့ ကစ္ကစ္ရဲ႕နာေရးကိုေတာ့ ကူညီမယ့္သူေတြလည္း အမ်ားၾကီး ထြက္ေပၚလာၾကတာ ေတြ႔ရပါတယ္။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္နွံကလည္း ခင္မင္ရတဲ့ အႏုပညာရွင္ ကစ္ကစ္အတြက္ စ်ာပနအလွဴေငြေတြ ခ်က္ခ်င္းဆိုသလို ပို႔ေဆာင္ေပးခဲ့တာလည္း ေတြ႔ရပါတယ္ေနာ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ခ်စ္ရခင္ရတဲ့ အႏုပညာရွင္ ကစ္ကစ္အတြက္ နာေရးကူေငြ ခ်က္ခ်င္းပို႔ခဲ့တဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္နွံရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္နွံကေတာ့ "မကစ္စ်ာပနအတြက္ နာေရးအလွဴေငြ ေျပတီဦးနွင့္ အိျႏၵာေက်ာ္ဇင္" ဆိုျပီး အလွဴေငြစာအိတ္ေလးေပၚေရးျပီး ကစ္ကစ္ရဲ႕နာေရးအတြက္ လွဴဒါန္းခဲ့တာပါ။
ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားျပီျဖစ္တဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္
ဟာသသရုပ္ေဆာင္ ကစ္ကစ္ကေတာ့ ေက်ာက္ကပ္ေရာဂါေၾကာင့္ နွစ္ရွည္လမ်ားစြာ ေဝဒနာေတြ ခံစားခဲ့ရတာျဖစ္ျပီး၊ အခုဆိုရင္ေတာ့ ေရာဂါေဝဒနာဒဏ္ေတြကေန ထာဝရကင္းလြတ္သြားခဲ့တာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ဟာသသရုပ္ေဆာင္ ကစ္ကစ္တစ္ေယာက္ ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။
Myint Myat
Source;Khin Thazin's Facebook
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ကစ်ကစ်ရဲ့ဈာပနအတွက် နာရေးအလှူငွေ ပို့ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
လတ်တလော ပရိသတ်တွေ ပူဆွေးနေကြတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့နာရေးသတင်းကတော့ အနုပညာရှင်တွေကြားထဲမှာပါ တော်တော်လေး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရတာပါ။ စိတ်ထားကောင်းပြီး ပရိသတ်အပေါ် တာဝန်ကျေလွန်းတဲ့ ကစ်ကစ်ရဲ့နာရေးကိုတော့ ကူညီမယ့်သူတွေလည်း အများကြီး ထွက်ပေါ်လာကြတာ တွေ့ရပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကလည်း ခင်မင်ရတဲ့ အနုပညာရှင် ကစ်ကစ်အတွက် ဈာပနအလှူငွေတွေ ချက်ချင်းဆိုသလို ပို့ဆောင်ပေးခဲ့တာလည်း တွေ့ရပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ရခင်ရတဲ့ အနုပညာရှင် ကစ်ကစ်အတွက် နာရေးကူငွေ ချက်ချင်းပို့ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ "မကစ်ဈာပနအတွက် နာရေးအလှူငွေ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်" ဆိုပြီး အလှူငွေစာအိတ်လေးပေါ်ရေးပြီး ကစ်ကစ်ရဲ့နာရေးအတွက် လှူဒါန်းခဲ့တာပါ။
ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်
ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ ကျောက်ကပ်ရောဂါကြောင့် နှစ်ရှည်လများစွာ ဝေဒနာတွေ ခံစားခဲ့ရတာဖြစ်ပြီး၊ အခုဆိုရင်တော့ ရောဂါဝေဒနာဒဏ်တွေကနေ ထာဝရကင်းလွတ်သွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
Myint Myat
Source;Khin Thazin's Facebook
Credit:momolay


မှတ်ချက်များ