သဲအင္းဂူဆရာေတာ္ဘုရားႀကီး ရွိစဥ္က ဝက္သတ္သမားဘ၀ကေန နတ္ျပည္ေရာက္ခဲ႔သြားခဲ႔တဲ႔ ဝက္သတ္သမား ေမာင္စိန္


Zawgyiျဖင့္ဖတ္ရန္

ဝက္သတ္သမား ဒကာ ေမာင္စိန္

ဒကာ ေမာင္စိန္ဟာ ဝက္သတ္ၿပီးအသက္ေမြးတယ္ တစ္ေန႔ေတာ့ သူ႔ဒကာမႀကီးကစဥ္းစားတယ္ သူ႔ေယာက္်ားဟာ ဝက္သတ္ၿပီးအသက္ေမြးလာတာ အသက္ေတြလည္း ႀကီးလာၿပီ

ဒီတိုင္းသာ ေသရင္ ေျမႀကီးလက္ခတ္ရင္သာ လြဲမယ္, ငါ့ေယာက္်ားေတာ့ ငရဲက်မွာ ေသခ်ာေနၿပီအဲဒီအခ်ိန္ သဲအင္းဂူဆရာေတာ္ဘုရားႀကီးလည္းေပၚထြန္းေနေတာ့ ဆရာေတာ္ႀကီးဆီမွာအပါယ္ေလးဘုံ လြတ္တဲ့တရား သြားေတာင္းမွပဲဆိုၿပီး ဆရာေတာ္ႀကီးဆီ လင္မယားႏွစ္ေယာက္ေရာက္လာတယ္ ..

တရားထိုင္ခိုင္းတဲ့အခါက်ေတာ့ ေမာင္စိန္ဟာနာရီဝက္ေလာက္လည္း ရွိေရာ တခါတည္းေဝဒနာေတြ တက္လာတယ္ေဝဒနာေတြက ျပင္းတာကိုး, တစ္ကိုယ္လုံး ဓားေတြ လွံေတြ အထိုးခံရသလိုပဲတဲ့, ဝက္ေတြ ထိုးခဲ့တာကိုးဆရာေတာ္ႀကီးက ဝဋ္ေႂကြးေတြ, သံသရာမွာသြားမဆပ္နဲ႔ , ခႏၶာနဲ႔ဆပ္, ဒီတရားနဲ႔ ဆပ္တဲ့ ..

ေမာင္စိန္ နာလြန္းလို႔ အသံပါထြက္လာတယ္အဲဒီအသံကလည္း ဝက္ေတြ ေသခါနီးေၾကာက္လန္႔တၾကား ေအာ္တဲ့အသံမ်ိဳး,အီ အီ အီဆိုၿပီးေတာ့ ..

ဆရာေတာ္က မျပင္ခိုင္းဘူးအီ အီလို႔ မေအာ္နဲ႔, စိတ္ေျပာင္းေပးတာ,ေဖာက္ျပန္ေနတယ္, ႐ုပ္တရားေတြဟာ အခ်ိန္တိုင္းေဖာက္ျပန္ေနတယ္, အီအီလို႔ မေအာ္နဲ႔,နာမ္တရားက သြားခံစားတာ, ခံစားၿပီးပ်က္သြားတာပဲ, ခံစားပ်က္ ခံစားပ်က္အီအီလို႔ မေအာ္နဲ႔ ဝဋ္ေႂကြးေတြ ဝဋ္ေႂကြးေတြဘယ္သူမွ မလုပ္ခဲ့ဘူး, ကိုယ္လုပ္ခဲ့တာ,ဝဋ္ေႂကြးေတြ ခႏၶာနဲ႔ရင္းၿပီး ဒီဥာဏ္နဲ႔ ဆပ္ ..

အီအီလို႔ မေအာ္နဲ႔, ေမာင္စိန္အလကားေကာင္ဒီေဝဒနာေတြ ျဖစ္ေနတယ္, ေမာင္စိန္ဘာမွလုပ္ေပးလို႔မရဘူး, ငါမရွိဘူး ဝဋ္ေႂကြးေတြ,ငါမပိုင္ဘူး ေဖာက္ျပန္ေနတာ, ငါနဲ႔ဘာမွမပက္သက္ဘူး အေၾကာင္းအက်ိဳးေတြငါ့ပစၥည္း မဟုတ္ဘူး ခံစားၿပီးပ်က္ေနတာေမာင္စိန္ကို တခါတည္း 3 ရက္တိတိတရားထိုင္ခိုင္းပါတယ္ ေမာင္စိန္ အိမ္ျပန္သြားတယ္

မဂ္က်တယ္ ဖိုလ္က်တယ္ဆိုတာစိတ္ကေလးေျပာင္းသြားတာပဲငါရွိတဲ့ စိတ္ကေန ငါမရွိဘူး,ဒီစိတ္ေျပာင္းသြားတာပဲငါ့ေၿခ ငါ့လက္ ငါ့ေခါင္းငါပိုင္ဆိုင္တဲ့ စိတ္ထဲ ငါမရွိဘူး ငါမပိုင္ဘူးဒီစိတ္ကေလး ေျပာင္းသြားတာပဲ ..

ဒါကိုသိေတာ့ ေမာင္စိန္ဟာ သူ႔အိမ္မွာ ဘာျမင္ျမင္ဘာၾကားၾကား ဒါပဲက်က္ေတာ့တာပဲ ငါမရွိဘူး,အခ်ိန္တိုင္း ေဖာက္ျပန္ေနတာပဲ, အခ်ိန္တိုင္းပ်က္စီးေနတာပဲ, အခ်ိန္တိုင္း ဓာတ္ႀကီးေလးပါးပဲ

အခ်ိန္တိုင္း အေၾကာင္းအက်ိဳးပဲ, ေမာင္စိန္ ဒါပဲက်က္ေနတယ္, သူသိတာက ဒီစိတ္ေျပာင္းသြားရင္ အပါယ္ေလးပါးလြတ္မယ္
ငါမခံရေတာ့ဘူး ..

ဝမ္းသာတဲ့စိတ္လည္း ေခၚက်က္မွာပဲ, ဝမ္းနည္းတဲ့စိတ္လည္း ေခၚက်က္မွာပဲ, ေဝဒနာေတြေပၚလည္း ေခၚက်က္မွာပဲ ေဖာက္ျပန္တဲ့တရားမွာလည္းငါမပါဘူး, ခံစားတဲ့တရားမွာလည္း ငါမပါဘူး,အဲဒီငါမရွိတဲ့တရားကို ေသတဲ့အထိ က်က္သြားတယ္ ..

သူေသသြားၿပီ, သူ႔ဒကာမႀကီးက ဤသည့္စားဖြယ္အမယ္မယ္နဲ႔ ဆရာေတာ္ႀကီးဆီ သက္ေပ်ာက္ဆြမ္းလာကပ္တယ္ ..

ဆရာေတာ္ႀကီးက ျပဳံးၿပီးဘယ္သူ႔အတြက္လဲတဲ့, ဒကာေမာင္စိန္အတြက္ပါဘုရား, သူ႔ကိုရည္စူးၿပီးေတာ့ ဆရာေတာ္ဘုရားဆီသက္ေပ်ာက္ဆြမ္း လာကပ္တာ, ဆရာေတာ္ႀကီးကဘာေျပာလဲဆိုေတာ့ ေမာင္စိန္အတြက္ဆိုမကပ္နဲ႔ေတာ့ , ေမာင္စိန္ နတ္ျပည္သြားၿပီ,နင္တို႔ ကုသိုလ္ယူခ်င္ရင္ေတာ့ ကပ္သြားတဲ့ ..

ဒကာမႀကီးက ေပ်ာ္တာေပါ့, သူ႔ေယာက္်ားအပါယ္ေလးဘုံက လြတ္သြားၿပီငါမရွိတဲ့စိတ္က အပါယ္ေလးဘုံ သြားမယ့္ကံကိုဖ်က္ဆီးပစ္လိုက္တယ္ ..

ေမးစရာရွိတာက ဝက္ေတြေန႔တိုင္း သတ္တဲ့ပုဂၢိဳလ္,အေကာင္ေပါင္းမ်ားစြာ သတ္တဲ့ပုဂၢိဳလ္ေသာတာပန္ျဖစ္ပါမလားအဲေတာ့ ေမာင္စိန္ထက္ဆိုးတဲ့ေနာက္တစ္ေယာက္ ရွိေသးတယ္ အဂုလႋမာလႀကီး,လူေတြသတ္လိုက္တာ, ေမာင္စိန္ေရာ အဂၤဳလိမာလႀကီးေရာ
လြတ္တာက ကံႀကီးငါးပါး မထိုက္ခဲ့ဘူး ..

ဘုရားေသြးစိမ္းတည္ေအာင္ မလုပ္ခဲ့ဘူး,သံဃာသင္းမခြဲခဲ့ဘူး, အမိ အဖ မသတ္ခဲ့ဘူး,ေသာတာပန္စတဲ့ အရိယာေတြကို မသတ္ခဲ့ဘူးအဲဒီကံႀကီးငါးပါး မထိုက္တဲ့ ပုဂၢိဳလ္ဟာ ေမာင္စိန္လိုပဲငါမရွိဘူးဆိုတဲ့ စိတ္ကို ပိုင္ဆိုင္ခြင့္ရွိပါတယ္ငါမရွိတဲ့ တရားရဲ့ တန္ခိုးဟာ နတ္ျပည္သြားတာပဲ ..

ဘာနဲ႔ ႏွိုင္းျပလည္းဆိုေတာ့အလြန္တရာ ႀကီးမားတဲ့ ေရကန္ႀကီးတစ္ခုရွိတယ္, အင္းေလးကန္ထက္အဆေပါင္းမ်ားစြာ ႀကီးတဲ့ေရကန္ႀကီးေပါ့အဲဒီကန္ႀကီးထဲကို ႏွီးဖ်ားေလး ထိုးစိုက္ၿပီးျပန္ထုတ္လိုက္တယ္ ႏွီးဖ်ားေလးမွာ ေရေလးကပ္ေနတယ္

ဒီေရစက္ေလးဟာ အလြန္တရာႀကီးမားတဲ့ ေရကန္ႀကီးနဲ႔ စာရင္ မရွိသေလာက္ႏွိုင္းယွဥ္စရာမဟုတ္တဲ့ ေရေလးပါ ..

ဆိုလိုတာက ငါ့ေၿခ ငါ့လက္ ငါ့ေခါင္း ငါပိုင္ဆိုင္ေနတဲ့ စိတ္ကို ရရွိထားတဲ့ ဒုကၡဟာအလြန္တရာႀကီးမားတဲ့ ေရကန္ေလာက္ရွိတယ္ေမာင္စိန္ကဲ့သို႔ ငါမရွိတဲ့စိတ္ကို ပိုင္ဆိုင္ထားသူရဲ့ဒုကၡဟာ ႏွီးဖ်ားမွာ ကပ္ေနတဲ့ ေရေလာက္ပဲရွိတယ္

ပုထုဇဥ္ေတြရဲ့ ဒုကၡမရွိေတာ့ဘူးရဟႏၲာေတြလို သႏၲိသုခ မဟုတ္ေသးဘူး,ကာမသုခပဲ ရေသးတဲ့ ဒုကၡပါ ..

ဆရာေတာ္ႀကီးက ထပ္ၿပီးရွင္းတယ္ေသာတာပန္မ်ားဟာ လူ႔ျပည္နတ္ျပည္ခုနစ္ဘဝေလာက္ပဲ ရွိေတာ့တယ္ဆရာေတာ္ႀကီးက အေရာဆိုတာကို လက္မခံဘူးလူ႔ျပည္က နတ္ျပည္သြားလိုက္, နတ္ျပည္ကလူ႔ျပည္လာလိုက္ , ဒါကိုအေရာေခၚတယ္ ..

ဆရာေတာ္ႀကီးက ဘာေျပာလဲဆိုေတာ့အေရာမဟုတ္ဘူး, ဆီေစ်း ဆန္ေစ်းတက္သလိုေသာတာပန္လည္း ေစ်းတက္တယ္တဲ့ ..

အဲဒီပုဂၢိဳလ္ဟာ ကာယအေပၚမွာ,ေဝဒနာအေပၚမွာ, စိတၱအေပၚမွာ , ဓမၼအေပၚမွာအခ်ိန္တိုင္း ငါမရွိဘူး, ရွင္းေနတယ္,႐ုပ္ေပၚမွာလည္း ရွင္းေနတယ္, နာမ္ေပၚမွာလည္းရွင္းေနတယ္, မေက်နပ္တာေတြ, အထင္လြဲတာေတြလြမ္းတာေတြ ေဆြးတာေတြ မုန္းတာေတြေပၚမွာလည္း ငါမရွိဘူး,

အခ်ိန္တိုင္း ခံစားၿပီးပ်က္ေနတာပဲ, တားမရဘူး,အေၾကာင္းအက်ိဳးေတြ, ငါမပိုင္ဘူး,ဝဋ္ေႂကြးေတြပဲေဝဒနာေပၚမွာလည္း ဒီတိုင္းပဲ, ဓမၼေပၚမွာလည္း ဒီတိုင္းပဲ ..

ငါမရွိဘူးဆိုတဲ့ တရားဟာ သူပိုင္ပစၥည္းျဖစ္ေနၿပီ, ဘယ္သူ႔ၾကည့္ၾကည့္ ငါမရွိဘူး,အဲဒီပုဂၢိဳလ္ဟာ လူ႔ျပည္မွာေနတဲ့အခ်ိန္ တစ္ဘဝ,နတ္ျပည္မွာ 6 ဘဝ, ေပါင္း 7 ဘဝပဲေနေတာ့မယ္ေမာင္စိန္မရွိေတာ့တာ မဟုတ္ဘူး, ေမာင္စိန္ေစ်းတက္သြားတယ္ ..

ေမာင္စိန္ဟာ ဝက္ထိုးတဲ့ကံေၾကာင့္အပါယ္ဲသြားမယ့္ကံရယ္, လူ႔ျပည္ကံရယ္မရွိေတာ့ဘူး, လူရဲ့ ပဋိသေႏၶဆီ မလာေတာ့ဘူး ..

ဒါန သီလဆိုတဲ့ ကံသမားေတြ ရွိတယ္ဒါန သီလသမားေတြလည္း နတ္ျပည္သြားတယ္နတ္တို႔ရဲ့ ကာမဂုဏ္ခံစာျး့ပီး ဟိုမွာေမ့သြားၿပီ,ဆက္ၿပီး အားထုတ္မွာ မဟုတ္ဘူး ..

လူ႔ျပည္ ျပန္လာၾကဦးမယ္, သူတို႔က အေရာသမားေတြ, ကံသမားေတြက အေရာသမားေတြ,ေမာင္စိန္က ဥာဏ္သမား, ေမာင္စိန္ကမေရာေတာ့ဘူး, ေသခါနီးေဝဒနာနဲ႔ရင္ဆိုင္ရတဲ့အခါ ဒီတရားကပဲ ေက်ာ္သြားတာ,ဒီဥာဏ္ကသာလၽွင္ ေက်ာ္သြားတာပဲ …

Unicode ဖြင့်ဖတ်ရန်


ဝက်သတ်သမား ဒကာ မောင်စိန်

ဒကာ မောင်စိန်ဟာ ဝက်သတ်ပြီးအသက်မွေးတယ် တစ်နေ့တော့ သူ့ဒကာမကြီးကစဉ်းစားတယ် သူ့ယောက်ျားဟာ ဝက်သတ်ပြီးအသက်မွေးလာတာ အသက်တွေလည်း ကြီးလာပြီ

ဒီတိုင်းသာ သေရင် မြေကြီးလက်ခတ်ရင်သာ လွဲမယ်, ငါ့ယောက်ျားတော့ ငရဲကျမှာ သေချာနေပြီအဲဒီအချိန် သဲအင်းဂူဆရာတော်ဘုရားကြီးလည်းပေါ်ထွန်းနေတော့ ဆရာတော်ကြီးဆီမှာအပါယ်လေးဘုံ လွတ်တဲ့တရား သွားတောင်းမှပဲဆိုပြီး ဆရာတော်ကြီးဆီ လင်မယားနှစ်ယောက်ရောက်လာတယ် ..

တရားထိုင်ခိုင်းတဲ့အခါကျတော့ မောင်စိန်ဟာနာရီဝက်လောက်လည်း ရှိရော တခါတည်းဝေဒနာတွေ တက်လာတယ်ဝေဒနာတွေက ပြင်းတာကိုး, တစ်ကိုယ်လုံး ဓားတွေ လှံတွေ အထိုးခံရသလိုပဲတဲ့, ဝက်တွေ ထိုးခဲ့တာကိုးဆရာတော်ကြီးက ဝဋ်ကြွေးတွေ, သံသရာမှာသွားမဆပ်နဲ့ , ခန္ဓာနဲ့ဆပ်, ဒီတရားနဲ့ ဆပ်တဲ့ ..

မောင်စိန် နာလွန်းလို့ အသံပါထွက်လာတယ်အဲဒီအသံကလည်း ဝက်တွေ သေခါနီးကြောက်လန့်တကြား အော်တဲ့အသံမျိုး,အီ အီ အီဆိုပြီးတော့ ..

ဆရာတော်က မပြင်ခိုင်းဘူးအီ အီလို့ မအော်နဲ့, စိတ်ပြောင်းပေးတာ,ဖောက်ပြန်နေတယ်, ရုပ်တရားတွေဟာ အချိန်တိုင်းဖောက်ပြန်နေတယ်, အီအီလို့ မအော်နဲ့,နာမ်တရားက သွားခံစားတာ, ခံစားပြီးပျက်သွားတာပဲ, ခံစားပျက် ခံစားပျက်အီအီလို့ မအော်နဲ့ ဝဋ်ကြွေးတွေ ဝဋ်ကြွေးတွေဘယ်သူမှ မလုပ်ခဲ့ဘူး, ကိုယ်လုပ်ခဲ့တာ,ဝဋ်ကြွေးတွေ ခန္ဓာနဲ့ရင်းပြီး ဒီဉာဏ်နဲ့ ဆပ် ..

အီအီလို့ မအော်နဲ့, မောင်စိန်အလကားကောင်ဒီဝေဒနာတွေ ဖြစ်နေတယ်, မောင်စိန်ဘာမှလုပ်ပေးလို့မရဘူး, ငါမရှိဘူး ဝဋ်ကြွေးတွေ,ငါမပိုင်ဘူး ဖောက်ပြန်နေတာ, ငါနဲ့ဘာမှမပက်သက်ဘူး အကြောင်းအကျိုးတွေငါ့ပစ္စည်း မဟုတ်ဘူး ခံစားပြီးပျက်နေတာမောင်စိန်ကို တခါတည်း 3 ရက်တိတိတရားထိုင်ခိုင်းပါတယ် မောင်စိန် အိမ်ပြန်သွားတယ်

မဂ်ကျတယ် ဖိုလ်ကျတယ်ဆိုတာစိတ်ကလေးပြောင်းသွားတာပဲငါရှိတဲ့ စိတ်ကနေ ငါမရှိဘူး,ဒီစိတ်ပြောင်းသွားတာပဲငါ့ခြေ ငါ့လက် ငါ့ခေါင်းငါပိုင်ဆိုင်တဲ့ စိတ်ထဲ ငါမရှိဘူး ငါမပိုင်ဘူးဒီစိတ်ကလေး ပြောင်းသွားတာပဲ ..

ဒါကိုသိတော့ မောင်စိန်ဟာ သူ့အိမ်မှာ ဘာမြင်မြင်ဘာကြားကြား ဒါပဲကျက်တော့တာပဲ ငါမရှိဘူး,အချိန်တိုင်း ဖောက်ပြန်နေတာပဲ, အချိန်တိုင်းပျက်စီးနေတာပဲ, အချိန်တိုင်း ဓာတ်ကြီးလေးပါးပဲ

အချိန်တိုင်း အကြောင်းအကျိုးပဲ, မောင်စိန် ဒါပဲကျက်နေတယ်, သူသိတာက ဒီစိတ်ပြောင်းသွားရင် အပါယ်လေးပါးလွတ်မယ်
ငါမခံရတော့ဘူး ..

ဝမ်းသာတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝမ်းနည်းတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝေဒနာတွေပေါ်လည်း ခေါ်ကျက်မှာပဲ ဖောက်ပြန်တဲ့တရားမှာလည်းငါမပါဘူး, ခံစားတဲ့တရားမှာလည်း ငါမပါဘူး,အဲဒီငါမရှိတဲ့တရားကို သေတဲ့အထိ ကျက်သွားတယ် ..

သူသေသွားပြီ, သူ့ဒကာမကြီးက ဤသည့်စားဖွယ်အမယ်မယ်နဲ့ ဆရာတော်ကြီးဆီ သက်ပျောက်ဆွမ်းလာကပ်တယ် ..

ဆရာတော်ကြီးက ပြုံးပြီးဘယ်သူ့အတွက်လဲတဲ့, ဒကာမောင်စိန်အတွက်ပါဘုရား, သူ့ကိုရည်စူးပြီးတော့ ဆရာတော်ဘုရားဆီသက်ပျောက်ဆွမ်း လာကပ်တာ, ဆရာတော်ကြီးကဘာပြောလဲဆိုတော့ မောင်စိန်အတွက်ဆိုမကပ်နဲ့တော့ , မောင်စိန် နတ်ပြည်သွားပြီ,နင်တို့ ကုသိုလ်ယူချင်ရင်တော့ ကပ်သွားတဲ့ ..

ဒကာမကြီးက ပျော်တာပေါ့, သူ့ယောက်ျားအပါယ်လေးဘုံက လွတ်သွားပြီငါမရှိတဲ့စိတ်က အပါယ်လေးဘုံ သွားမယ့်ကံကိုဖျက်ဆီးပစ်လိုက်တယ် ..

မေးစရာရှိတာက ဝက်တွေနေ့တိုင်း သတ်တဲ့ပုဂ္ဂိုလ်,အကောင်ပေါင်းများစွာ သတ်တဲ့ပုဂ္ဂိုလ်သောတာပန်ဖြစ်ပါမလားအဲတော့ မောင်စိန်ထက်ဆိုးတဲ့နောက်တစ်ယောက် ရှိသေးတယ် အဂုင်္လိမာလကြီး,လူတွေသတ်လိုက်တာ, မောင်စိန်ရော အင်္ဂုလိမာလကြီးရော
လွတ်တာက ကံကြီးငါးပါး မထိုက်ခဲ့ဘူး ..

ဘုရားသွေးစိမ်းတည်အောင် မလုပ်ခဲ့ဘူး,သံဃာသင်းမခွဲခဲ့ဘူး, အမိ အဖ မသတ်ခဲ့ဘူး,သောတာပန်စတဲ့ အရိယာတွေကို မသတ်ခဲ့ဘူးအဲဒီကံကြီးငါးပါး မထိုက်တဲ့ ပုဂ္ဂိုလ်ဟာ မောင်စိန်လိုပဲငါမရှိဘူးဆိုတဲ့ စိတ်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်ငါမရှိတဲ့ တရားရဲ့ တန်ခိုးဟာ နတ်ပြည်သွားတာပဲ ..

ဘာနဲ့ နှိုင်းပြလည်းဆိုတော့အလွန်တရာ ကြီးမားတဲ့ ရေကန်ကြီးတစ်ခုရှိတယ်, အင်းလေးကန်ထက်အဆပေါင်းများစွာ ကြီးတဲ့ရေကန်ကြီးပေါ့အဲဒီကန်ကြီးထဲကို နှီးဖျားလေး ထိုးစိုက်ပြီးပြန်ထုတ်လိုက်တယ် နှီးဖျားလေးမှာ ရေလေးကပ်နေတယ်

ဒီရေစက်လေးဟာ အလွန်တရာကြီးမားတဲ့ ရေကန်ကြီးနဲ့ စာရင် မရှိသလောက်နှိုင်းယှဉ်စရာမဟုတ်တဲ့ ရေလေးပါ ..

ဆိုလိုတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ငါပိုင်ဆိုင်နေတဲ့ စိတ်ကို ရရှိထားတဲ့ ဒုက္ခဟာအလွန်တရာကြီးမားတဲ့ ရေကန်လောက်ရှိတယ်မောင်စိန်ကဲ့သို့ ငါမရှိတဲ့စိတ်ကို ပိုင်ဆိုင်ထားသူရဲ့ဒုက္ခဟာ နှီးဖျားမှာ ကပ်နေတဲ့ ရေလောက်ပဲရှိတယ်

ပုထုဇဉ်တွေရဲ့ ဒုက္ခမရှိတော့ဘူးရဟန္တာတွေလို သန္တိသုခ မဟုတ်သေးဘူး,ကာမသုခပဲ ရသေးတဲ့ ဒုက္ခပါ ..

ဆရာတော်ကြီးက ထပ်ပြီးရှင်းတယ်သောတာပန်များဟာ လူ့ပြည်နတ်ပြည်ခုနစ်ဘဝလောက်ပဲ ရှိတော့တယ်ဆရာတော်ကြီးက အရောဆိုတာကို လက်မခံဘူးလူ့ပြည်က နတ်ပြည်သွားလိုက်, နတ်ပြည်ကလူ့ပြည်လာလိုက် , ဒါကိုအရောခေါ်တယ် ..

ဆရာတော်ကြီးက ဘာပြောလဲဆိုတော့အရောမဟုတ်ဘူး, ဆီဈေး ဆန်ဈေးတက်သလိုသောတာပန်လည်း ဈေးတက်တယ်တဲ့ ..

အဲဒီပုဂ္ဂိုလ်ဟာ ကာယအပေါ်မှာ,ဝေဒနာအပေါ်မှာ, စိတ္တအပေါ်မှာ , ဓမ္မအပေါ်မှာအချိန်တိုင်း ငါမရှိဘူး, ရှင်းနေတယ်,ရုပ်ပေါ်မှာလည်း ရှင်းနေတယ်, နာမ်ပေါ်မှာလည်းရှင်းနေတယ်, မကျေနပ်တာတွေ, အထင်လွဲတာတွေလွမ်းတာတွေ ဆွေးတာတွေ မုန်းတာတွေပေါ်မှာလည်း ငါမရှိဘူး,

အချိန်တိုင်း ခံစားပြီးပျက်နေတာပဲ, တားမရဘူး,အကြောင်းအကျိုးတွေ, ငါမပိုင်ဘူး,ဝဋ်ကြွေးတွေပဲဝေဒနာပေါ်မှာလည်း ဒီတိုင်းပဲ, ဓမ္မပေါ်မှာလည်း ဒီတိုင်းပဲ ..

ငါမရှိဘူးဆိုတဲ့ တရားဟာ သူပိုင်ပစ္စည်းဖြစ်နေပြီ, ဘယ်သူ့ကြည့်ကြည့် ငါမရှိဘူး,အဲဒီပုဂ္ဂိုလ်ဟာ လူ့ပြည်မှာနေတဲ့အချိန် တစ်ဘဝ,နတ်ပြည်မှာ 6 ဘဝ, ပေါင်း 7 ဘဝပဲနေတော့မယ်မောင်စိန်မရှိတော့တာ မဟုတ်ဘူး, မောင်စိန်ဈေးတက်သွားတယ် ..

မောင်စိန်ဟာ ဝက်ထိုးတဲ့ကံကြောင့်အပါယ်ဲသွားမယ့်ကံရယ်, လူ့ပြည်ကံရယ်မရှိတော့ဘူး, လူရဲ့ ပဋိသန္ဓေဆီ မလာတော့ဘူး ..

ဒါန သီလဆိုတဲ့ ကံသမားတွေ ရှိတယ်ဒါန သီလသမားတွေလည်း နတ်ပြည်သွားတယ်နတ်တို့ရဲ့ ကာမဂုဏ်ခံစာြး့ပီး ဟိုမှာမေ့သွားပြီ,ဆက်ပြီး အားထုတ်မှာ မဟုတ်ဘူး ..

လူ့ပြည် ပြန်လာကြဦးမယ်, သူတို့က အရောသမားတွေ, ကံသမားတွေက အရောသမားတွေ,မောင်စိန်က ဉာဏ်သမား, မောင်စိန်ကမရောတော့ဘူး, သေခါနီးဝေဒနာနဲ့ရင်ဆိုင်ရတဲ့အခါ ဒီတရားကပဲ ကျော်သွားတာ,ဒီဉာဏ်ကသာလျှင် ကျော်သွားတာပဲ …

မှော်ဘီ(သဲအင်းဂူ)ကျောင်းဆရာတော် ဦးပုညသေဋ္ဌ

credit …

Cho Ñwe Win

ေမွာ္ဘီ(သဲအင္းဂူ)ေက်ာင္းဆရာေတာ္ ဦးပုညေသ႒

credit …

Cho Ñwe Win

မှတ်ချက်များ