Zawgyiျဖင့္ဖတ္ရန္
အခုတစ္ေလာ ၿမိဳ႕နယ္အနွံ႔အျပားမွာ မိန္းကေလးေတြ ေပ်ာက္ဆံုးတဲ့ သတင္းက နာမည္ၾကီးေနပါတယ္။ ၿပီးခဲ့တဲ့ ရက္ကလည္း လားရိႈးၿမိဳ႕မွာေနထိုင္တဲ့ ၁၃ နွစ္အရြယ္ကေလးမေလးတစ္ေယာက္ ေပ်ာက္ဆံုးသြားလို႔ အင္တာနက္လူမႈကြန္ရက္ကေနတစ္ဆင့္ ရွာေဖြေပးၾကဖုိ႔ အကူအညီေတာင္းခဲ့ရာကေန ဘုရားၾကီးမွာ ေတြ႕တဲ့အေၾကာင္းသိရၿပီး ကယ္တင္နုိင္ခဲ့ပါတယ္။
သိရသေလာက္ေတာ့ သူ႕ကို ဦးေလးတစ္ေယာက္ကေခၚလာခဲ့ၿပီးေတာ့ ကားသြားငွားမယ္ခဏေစာင့္ဆိုၿပီးေတာ့ အေျခအေနမဟန္မွန္းသိေတာ့လစ္ေျပးသြားတာပါ။ ျမိဳ႕ခံရပ္မိရပ္ဖနဲ႔ ထမင္းဆိုင္က အခ်ိန္မီကူညီေပးနိုင္ခဲ့လို႔ ေဘးမသီ ရန္မခပဲ ျပန္ေတြ႕ရပါတယ္။
ေနာက္ေတာ့ ဒုဦးစီးမွဴး အဆင့္ရွိတဲ့အမ်ိဳးသမီးတစ္ေယာက္ ေပ်ာက္သြားတဲ့ သတင္းပါအဲ့တာကိုလည္း ျမဝတီနယ္စပ္ဘက္မွာ ျပန္ေတြ႕ခဲ့ပါတယ္။ အဲ့ဒါကေတာ့ အေၾကာင္းအရင္း မသိရေသးပါဘူး။ ဒါေၾကာင့္ မိန္းကေလးရွင္မ်ားအထူးသထိထားနိုင္ဖို႔အတြက္နဲ႔လူေပ်ာက္သတင္းေတြမ်ားလာတာေၾကာင့္ ဂရုစုိက္ၾကဖို႔ အသိေပးတင္ျပခ်င္ပါတယ္။
အခုလည္း သန္လွ်င္အေရွ႕ပိုင္း တကၠသိုလ္ တာဝကို စာေမးပြဲသြားေျဖတဲ့ ကေလးမေလးေပ်ာက္ဆံုးသြားျပန္ပါတယ္။ အခုထိေတာ့ ရွာမေတြ႕ေသးပါဘူး။ နာမည္က ခ်ိဳခ်ိဳထြန္း (ခ) ပုတု ျဖစ္ပါတယ္။ ေပ်ာက္ဆံုးသြားတာက ၂၀ ရက္ေန႔ မနက္ ၈ နာရီခြဲခ်ိန္ကပါ။ အခုအထိ မိဘကိုလည္း မဆက္သြယ္ပဲ ရွိတာေနေၾကာင့္ မိသားစုက စိုးရိမ္ေနၾကပါတယ္။ လင္ေနာက္လိုက္သြားတယ္ဆိုလည္း ဆက္သြယ္သင့္ခ်ိန္ေရာက္ေနပီမုိ႔ မိသားစုက ေသာကမ်ားေနပါတယ္။ ဒါေၾကာင့္ မိမိတို႔ ၿမိဳ႕ရြာေတြမွာ ေတြ႕မိရင္ ဒီဖုန္းေတြကို အေၾကာင္းၾကားေပးပါေနာ္။ ဆက္သြယ္ရန္ ဖုန္း= 09786819460 – 09450002501 ဝိုင္းဝန္းကူညီေပးၾကပါဦး။ ကိုယ့္မိတ္ေဆြ ေတြက တစ္ဆင့္ ျပန္႔သြားေအာင္လည္း မွ်ေဝေပးပါဦးေနာ္။ တကယ္ အကူအညီလိုလို႔ပါ။

Unicode ဖြင့်ဖတ်ရန်
အခုတစ်လော မြို့နယ်အနှံ့အပြားမှာ မိန်းကလေးတွေ ပျောက်ဆုံးတဲ့ သတင်းက နာမည်ကြီးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း လားရှိုးမြို့မှာနေထိုင်တဲ့ ၁၃ နှစ်အရွယ်ကလေးမလေးတစ်ယောက် ပျောက်ဆုံးသွားလို့ အင်တာနက်လူမှုကွန်ရက်ကနေတစ်ဆင့် ရှာဖွေပေးကြဖို့ အကူအညီတောင်းခဲ့ရာကနေ ဘုရားကြီးမှာ တွေ့တဲ့အကြောင်းသိရပြီး ကယ်တင်နိုင်ခဲ့ပါတယ်။
သိရသလောက်တော့ သူ့ကို ဦးလေးတစ်ယောက်ကခေါ်လာခဲ့ပြီးတော့ ကားသွားငှားမယ်ခဏစောင့်ဆိုပြီးတော့ အခြေအနေမဟန်မှန်းသိတော့လစ်ပြေးသွားတာပါ။ မြို့ခံရပ်မိရပ်ဖနဲ့ ထမင်းဆိုင်က အချိန်မီကူညီပေးနိုင်ခဲ့လို့ ဘေးမသီ ရန်မခပဲ ပြန်တွေ့ရပါတယ်။
နောက်တော့ ဒုဦးစီးမှူး အဆင့်ရှိတဲ့အမျိုးသမီးတစ်ယောက် ပျောက်သွားတဲ့ သတင်းပါအဲ့တာကိုလည်း မြဝတီနယ်စပ်ဘက်မှာ ပြန်တွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ အကြောင်းအရင်း မသိရသေးပါဘူး။ ဒါကြောင့် မိန်းကလေးရှင်များအထူးသထိထားနိုင်ဖို့အတွက်နဲ့လူပျောက်သတင်းတွေများလာတာကြောင့် ဂရုစိုက်ကြဖို့ အသိပေးတင်ပြချင်ပါတယ်။
အခုလည်း သန်လျှင်အရှေ့ပိုင်း တက္ကသိုလ် တာဝကို စာမေးပွဲသွားဖြေတဲ့ ကလေးမလေးပျောက်ဆုံးသွားပြန်ပါတယ်။ အခုထိတော့ ရှာမတွေ့သေးပါဘူး။ နာမည်က ချိုချိုထွန်း (ခ) ပုတု ဖြစ်ပါတယ်။ ပျောက်ဆုံးသွားတာက ၂၀ ရက်နေ့ မနက် ၈ နာရီခွဲချိန်ကပါ။ အခုအထိ မိဘကိုလည်း မဆက်သွယ်ပဲ ရှိတာနေကြောင့် မိသားစုက စိုးရိမ်နေကြပါတယ်။ လင်နောက်လိုက်သွားတယ်ဆိုလည်း ဆက်သွယ်သင့်ချိန်ရောက်နေပီမို့ မိသားစုက သောကများနေပါတယ်။ ဒါကြောင့် မိမိတို့ မြို့ရွာတွေမှာ တွေ့မိရင် ဒီဖုန်းတွေကို အကြောင်းကြားပေးပါနော်။ ဆက်သွယ်ရန် ဖုန်း= 09786819460 – 09450002501 ဝိုင်းဝန်းကူညီပေးကြပါဦး။ ကိုယ့်မိတ်ဆွေ တွေက တစ်ဆင့် ပြန့်သွားအောင်လည်း မျှဝေပေးပါဦးနော်။ တကယ် အကူအညီလိုလို့ပါ။
Credit: Burmese Asia

မှတ်ချက်များ