အခ်စ္ေရးအဆင္ေျပေစဖို႔ ေယာက်ာ္းေလးတိုင္းသိထားသင့္တဲ့ မိန္းကေလးခံစားခ်က္မ်ား




Zawgyi ျဖင့္ဖတ္ရန္


ေယာက်္ားေလးေတြရဲ႕ သေဘာသဘာဝကို အရင္ေဆာင္းပါးေလးမွာ ေဖာ္ျပခဲ့ၿပီးျဖစ္တာေၾကာင့္ ဒီေန႔မွာေတာ့ မိန္းကေလးေတြရဲ႕ သေဘာသဘာဝေလးေတြကို ေဖာ္ျပေပးပါ့မယ္။ မိန္းကေလးေတြရဲ႕ သေဘာသဘာဝကို နားလည္သြားတဲ့အခါ သင့္အခ်စ္ေရးဟာ အမ်ားႀကီးအဆင္ေျပလာမွာျဖစ္သလို၊ တစ္ဦးနဲ႔တစ္ဦးၾကားမွာလည္း ယုံၾကည္မႈ၊ နားလည္မႈေလးေတြပိုၿပီး တည္ေဆာက္သြားႏိုင္မွာျဖစ္တာေၾကာင့္ ေယာက်္ားေလးတိုင္း သိထားသင့္တဲ့ အေရးႀကီးအခ်က္ေလးေတြျဖစ္ပါတယ္။

(၁) စိတ္ထိခိုက္လြယ္တယ္

မိန္းကေလးေတြဟာ စိတ္ေကာက္လြယ္တာ မဟုတ္ပါဘူး။ စိတ္ထိခိုက္လြယ္တာပါ။ စိတ္ထိခိုက္သြားတဲ့အခါ အလြယ္ဆုံးေဖာ္ျပႏိုင္မယ့္ နည္းလမ္းက စိတ္ေကာက္တာပဲျဖစ္ေနလို႔ပါ။ တကယ္ေတာ့ စိတ္ေကာက္တယ္ဆိုတာရဲ႕ ေနာက္မွာ သင္မသိႏိုင္တဲ့ စိတ္ဒဏ္ရာေတြ၊ ခံစားခ်က္ေတြ အမ်ားႀကီးရွိေနႏိုင္တာေၾကာင့္ မိန္းကေလးေတြ စိတ္ေကာက္ၿပီဆိုရင္ စိတ္ေျပသြားတဲ့အထိ စိတ္ရွည္ရွည္နဲ႔ ေခ်ာ့ေပးပါေနာ္။

(၂) အေလးထားေစခ်င္တယ္


မိန္းကေလးေတြဟာ ခ်စ္သူရဲ႕အေလးထားမႈကို ခံခ်င္တဲ့သူပါ။ ပင္ကိုယ္ကိုက မိန္းကေလးေတြဟာ ေယာက်္ားေလးေတြထက္ အေသးစိတ္ၿပီး ေသးေသးေလးေတြကအစ အေလးထားတတ္တဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ သင္တို႔ႏွစ္ေယာက္ရဲ႕ ႏွစ္ပတ္လည္ေန႔ေလးေတြ၊ သူ႔ရဲ႕ ေမြးေန႔ေတြအျပင္ သူ႔ဘဝအတြက္ အေရးပါတဲ့ ေန႔ေလးေတြကို မွတ္ထားေပးတာ၊ သူေျပာတဲ့ စကားေလးေတြကို အေရးစိုက္ၿပီး နားေထာင္ေပးတာ၊ သူ႔ခံစားခ်က္ေလးကို နားလည္ေအာင္ ႀကိဳးစားေပးတာမ်ိဳးေလးေတြကို လိုခ်င္ပါတယ္။


(၃) တန္ဖိုးထားေစခ်င္တယ္

မိန္းကေလးေတြဟာ ခ်စ္သူရဲ႕ တန္ဖိုးထားျခင္းကို အၿမဲတမ္းခံခ်င္တဲ့သူေတြျဖစ္ပါတယ္။ တြဲလာတဲ့သက္တမ္း ဘယ္ေလာက္ပဲၾကာၾကာ မေျပာင္းလဲတဲ့ အခ်စ္မ်ိဳးကို ေမွ်ာ္လင့္တဲ့သူေတြပါ။ ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ကို ခ်ဥ္းကပ္တဲ့အခါ ကိုယ့္ရဲ႕ ပုံစံမဟုတ္တဲ့ ပုံစံတစ္ခုကို လုပ္ယူၿပီး မခ်ဥ္းကပ္ပါနဲ႔။ အေၾကာင္းကေတာ့ သင့္ကို ယုံၾကည္ၿပီး လက္တြဲခဲ့တဲ့ သူမအဖို႔ သင့္ရဲ႕ သ႐ုပ္မွန္ကို ေနာက္မွျမင္ေတြ႕ရတဲ့အခါ ပိုၿပီးနာက်င္ရလို႔ပါ။ ဒါေၾကာင့္ အစကတည္းက အဆုံးအထိ တာဝန္မယူႏိုင္ဘူးဆိုရင္ ဟန္ေဆာင္မႈေတြ မပါတာ အေကာင္းဆုံးပါပဲ။

(၄) အႏိုင္မယူေစခ်င္ဘူး

မိန္းကေလးေတြဟာ သူတို႔ တကယ္ယုံၾကည္တဲ့သူ၊ တကယ္စိတ္ခ်တဲ့သူကိုမွ သူတို႔ရဲ႕ အားနည္းခ်က္ေတြကို ထုတ္ျပတတ္တဲ့သူေတြျဖစ္ပါတယ္။ဒါေၾကာင့္ သူတို႔ အားနည္းခ်က္ေတြ အားလုံးကို သိၿပီးၿပီဆိုရင္ သူတို႔ကို အဲ့ဒီ့အရာေတြနဲ႔ အႏိုင္မယူေစခ်င္ၾကပါဘူး။ သူ႔ရဲ႕ေပးဆပ္ျခင္း၊ ယုံၾကည္ျခင္းေတြကို ခုတုံးလုပ္ၿပီး အႏိုင္ယူမွာကို အရမ္းစိုးရိမ္တတ္ၾကပါတယ္။ ဒါေၾကာင့္ အႏိုင္ယူတဲ့ သေဘာသက္ေရာက္ေနတဲ့ အေျပာအဆို၊ အျပဳအမူေတြကို တတ္ႏိုင္သေလာက္ ေရွာင္ရွားေစခ်င္ၾကပါတယ္။


(၅) ဘာမွမျဖစ္ခ်င္ေယာင္ေဆာင္တတ္တယ္


မိန္းကေလးေတြဟာ စိတ္ထဲမွာ ေသမတတ္ ခံစားေနရသည္ျဖစ္ေစ၊ တစ္ခုခုကို စိုးရိမ္ေၾကာက္႐ြံ႕ေနသည္ျဖစ္ေစ တစ္ခါတေလ မာနေၾကာင့္ ဘာမွမျဖစ္ခ်င္ေယာင္ေဆာင္တတ္တဲ့သူေတြျဖစ္ပါတယ္။ တစ္ခါတေလ လမ္းခြဲမယ္ေျပာေပမယ့္ စိတ္ထဲမွာေတာ့ တကယ္ထားသြားမွာ အရမ္းေၾကာက္ေနတတ္သလို၊ မုန္းတယ္လို႔ေျပာၿပီး ႐ူးမတတ္ခ်စ္ေနတာလည္း ျဖစ္ေနႏိုင္တဲ့အတြက္ ေျပာသမွ်ကို ေဗြမယူဘဲ ရင္ထဲကို ျမင္ေအာင္ ၾကည့္ေပးတတ္ဖို႔ လိုပါတယ္။

Credit: Aunty may 

Unicode ဖြင့်ဖတ်ရန်

အချစ်ရေးအဆင်ပြေစေဖို့ ယောကျာ်းလေးတိုင်းသိထားသင့်တဲ့ မိန်းကလေးခံစားချက်များ




ယောကျ်ားလေးတွေရဲ့ သဘောသဘာဝကို အရင်ဆောင်းပါးလေးမှာ ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီနေ့မှာတော့ မိန်းကလေးတွေရဲ့ သဘောသဘာဝလေးတွေကို ဖော်ပြပေးပါ့မယ်။ မိန်းကလေးတွေရဲ့ သဘောသဘာဝကို နားလည်သွားတဲ့အခါ သင့်အချစ်ရေးဟာ အများကြီးအဆင်ပြေလာမှာဖြစ်သလို၊ တစ်ဦးနဲ့တစ်ဦးကြားမှာလည်း ယုံကြည်မှု၊ နားလည်မှုလေးတွေပိုပြီး တည်ဆောက်သွားနိုင်မှာဖြစ်တာကြောင့် ယောကျ်ားလေးတိုင်း သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေဖြစ်ပါတယ်။

(၁) စိတ်ထိခိုက်လွယ်တယ်

မိန်းကလေးတွေဟာ စိတ်ကောက်လွယ်တာ မဟုတ်ပါဘူး။ စိတ်ထိခိုက်လွယ်တာပါ။ စိတ်ထိခိုက်သွားတဲ့အခါ အလွယ်ဆုံးဖော်ပြနိုင်မယ့် နည်းလမ်းက စိတ်ကောက်တာပဲဖြစ်နေလို့ပါ။ တကယ်တော့ စိတ်ကောက်တယ်ဆိုတာရဲ့ နောက်မှာ သင်မသိနိုင်တဲ့ စိတ်ဒဏ်ရာတွေ၊ ခံစားချက်တွေ အများကြီးရှိနေနိုင်တာကြောင့် မိန်းကလေးတွေ စိတ်ကောက်ပြီဆိုရင် စိတ်ပြေသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ ချော့ပေးပါနော်။

(၂) အလေးထားစေချင်တယ်


မိန်းကလေးတွေဟာ ချစ်သူရဲ့အလေးထားမှုကို ခံချင်တဲ့သူပါ။ ပင်ကိုယ်ကိုက မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် အသေးစိတ်ပြီး သေးသေးလေးတွေကအစ အလေးထားတတ်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သင်တို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးတွေ၊ သူ့ရဲ့ မွေးနေ့တွေအပြင် သူ့ဘဝအတွက် အရေးပါတဲ့ နေ့လေးတွေကို မှတ်ထားပေးတာ၊ သူပြောတဲ့ စကားလေးတွေကို အရေးစိုက်ပြီး နားထောင်ပေးတာ၊ သူ့ခံစားချက်လေးကို နားလည်အောင် ကြိုးစားပေးတာမျိုးလေးတွေကို လိုချင်ပါတယ်။


(၃) တန်ဖိုးထားစေချင်တယ်

မိန်းကလေးတွေဟာ ချစ်သူရဲ့ တန်ဖိုးထားခြင်းကို အမြဲတမ်းခံချင်တဲ့သူတွေဖြစ်ပါတယ်။ တွဲလာတဲ့သက်တမ်း ဘယ်လောက်ပဲကြာကြာ မပြောင်းလဲတဲ့ အချစ်မျိုးကို မျှော်လင့်တဲ့သူတွေပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်တဲ့အခါ ကိုယ့်ရဲ့ ပုံစံမဟုတ်တဲ့ ပုံစံတစ်ခုကို လုပ်ယူပြီး မချဉ်းကပ်ပါနဲ့။ အကြောင်းကတော့ သင့်ကို ယုံကြည်ပြီး လက်တွဲခဲ့တဲ့ သူမအဖို့ သင့်ရဲ့ သရုပ်မှန်ကို နောက်မှမြင်တွေ့ရတဲ့အခါ ပိုပြီးနာကျင်ရလို့ပါ။ ဒါကြောင့် အစကတည်းက အဆုံးအထိ တာဝန်မယူနိုင်ဘူးဆိုရင် ဟန်ဆောင်မှုတွေ မပါတာ အကောင်းဆုံးပါပဲ။

(၄) အနိုင်မယူစေချင်ဘူး

မိန်းကလေးတွေဟာ သူတို့ တကယ်ယုံကြည်တဲ့သူ၊ တကယ်စိတ်ချတဲ့သူကိုမှ သူတို့ရဲ့ အားနည်းချက်တွေကို ထုတ်ပြတတ်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့် သူတို့ အားနည်းချက်တွေ အားလုံးကို သိပြီးပြီဆိုရင် သူတို့ကို အဲ့ဒီ့အရာတွေနဲ့ အနိုင်မယူစေချင်ကြပါဘူး။ သူ့ရဲ့ပေးဆပ်ခြင်း၊ ယုံကြည်ခြင်းတွေကို ခုတုံးလုပ်ပြီး အနိုင်ယူမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် အနိုင်ယူတဲ့ သဘောသက်ရောက်နေတဲ့ အပြောအဆို၊ အပြုအမူတွေကို တတ်နိုင်သလောက် ရှောင်ရှားစေချင်ကြပါတယ်။


(၅) ဘာမှမဖြစ်ချင်ယောင်ဆောင်တတ်တယ်


မိန်းကလေးတွေဟာ စိတ်ထဲမှာ သေမတတ် ခံစားနေရသည်ဖြစ်စေ၊ တစ်ခုခုကို စိုးရိမ်ကြောက်ရွံ့နေသည်ဖြစ်စေ တစ်ခါတလေ မာနကြောင့် ဘာမှမဖြစ်ချင်ယောင်ဆောင်တတ်တဲ့သူတွေဖြစ်ပါတယ်။ တစ်ခါတလေ လမ်းခွဲမယ်ပြောပေမယ့် စိတ်ထဲမှာတော့ တကယ်ထားသွားမှာ အရမ်းကြောက်နေတတ်သလို၊ မုန်းတယ်လို့ပြောပြီး ရူးမတတ်ချစ်နေတာလည်း ဖြစ်နေနိုင်တဲ့အတွက် ပြောသမျှကို ဗွေမယူဘဲ ရင်ထဲကို မြင်အောင် ကြည့်ပေးတတ်ဖို့ လိုပါတယ်။

Credit: Aunty may 


မှတ်ချက်များ