

Zawgyiဖြင့်ဖတ်ရန်




Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

G-Dragon နဲ့ 2NE1 ရဲ့Daraတို့ ချစ်သူတွေဖြစ်နေကြတယ်လို့ သတင်းတွေထွက်ပေါ်

Dara နဲ့  G-Dragon တို့ကတော့ ဟိုးအရင်ကတည်းက ရင်းနှီးလာကြာတဲ့ မိတ်ဆွေတွေဖြစ်ပါတယ်။ သိပ်မကြာသေးခင် ရက်ပိုင်းမှာတော့ G-Dragonက Nikeနဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တဲ့ sneaker အတွက် ပွဲတစ်ခုကို ကျင်းပခဲ့တယဖြဟ်ပါတယ်။ အဲဒီပွဲကတော့ G-Dragon အတွက် စစ်မှုထမ်းပြီးနောက်မှာ လူရှေ့ထွက်တဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။

Dara ကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို အားပေးဖို့အတွက် ဒီပွဲကိုအရောက်လာခဲ့ပါတယ်။ အင်စတာဂရမ်ပေါ်မှာလည်း G-Dragon ကိုယ်တိုင် Dara အတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ sneakerရဲ့ ပုံကို တင်ခဲ့ပြီး G-Dragon ကို ကျေးဇူးတင်ကြောင်းလည်းပြောထားပါသေးတယ်။ ဟိုးအရင်ကတည်းက ခဏခဏအတူတွေ့ရတဲ့ သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေက အမြဲသဘောကျခဲ့ပြီး နှစ်ယောက်တွဲသွားကြဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့နှစ်ယောက်တွဲပုံတွေအင်စတာဂရမ်ပေါ်မှာ တက်လာတဲ့နောက်မှာတော့ Dara နဲ့  G-Dragon တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Credit:Aunty May

မှတ်ချက်များ