စိုးစႏၵာ ဘ၀နဲ႔ ပရိသတ္အမုန္းကို ခံယူခဲ့တဲ့ ျခဴးေလး
Zawgyiျဖင့္ဖတ္ရန္
ျခဴးေလးကေတာ့ MRTV 4 ဇာတ္လမ္းတြဲေတြနဲ႔ နာမည္ႀကီးလာသူေလးပါ။ ျခဴးေလးပါ၀င္ထားတဲ့ ဇာတ္လမ္းတြဲေတြကေတာ့ အမ်ားႀကီး ပါ။ဘယ္လို ဇာတ္ေကာင္မ်ိဳးပဲ လာလာ ပီျပင္ေအာင္ သရုပ္ေဆာင္ႏိုင္သူေလးပါ။” ခ်စ္ရ ပါေသာေႏြ ” ဆိုတဲ့ ဇာတ္လမ္းတြဲ ျပသၿပီးေနာက္ အခုဆုိရင္ေတာ့ ျခဴးေလးရဲ႕ ေနာက္ထပ္ ဇာတ္လမ္းတြဲ သစ္ကို MRTV 4 မွာ ျပသ ေနပါတယ္။ဇာတ္ကားေလးရဲ႕ နာမည္ကေတာ့ ” ေႏြလယ္ညရဲ႕ လမင္း” ပါ။
ဒီဇာတ္ကားေလးကေတာ့ နာမည္ႀကီး စာေရးဆရာႀကီး လယ္တြင္းသားေစာခ်စ္ရဲ႕ ၀တၳဳကို ဇာတ္လမ္းတြဲ အျဖစ္ နဲ႔ ပံုေဖာ္ ထားတာ ပါ။ဒါေၾကာင့္လည္း ဇာတ္လမ္း ဇာတ္အိမ္ က အရမ္းေကာင္းၿပီး သဘာ၀ က်ေနတာပါ။ဒါရိုက္တာ ကေတာ့ ဟိန္းကိုကို ပါ။သရုပ္ေဆာင္ေတြ အေနနဲ႔ကေတာ့ ဘုန္းရွိန္ခန္႔၊ျခဴးေလး၊သံသာညီ၊ဟိန္းရတု၊နက္ရႈိင္းကို၊ခိုင္သဇင္ ငု၀ါ..အစရွိတဲ့ သရုပ္ေဆာင္ေတြ အမ်ားႀကီး ပါ၀င္ထားပါတယ္။ျခဴေလးကေတာ့ စိုးစႏၵာ ဆိုတဲ့ ဇာတ္ေကာင္ ေနရာကေန ပါ၀င္ထားပါတယ္။
စိုးစႏၵာ ကေတာ့ ဒီဇာတ္ကားထဲမွာ အိမ္ေထာင္ေရး ေဖာက္ျပန္ေနတဲ့ မိန္းမတစ္ေယာက္ပါ။စိတ္ထား ေကာင္းတဲ့ ခင္ပြန္းကို လွည့္စားၿပီး အရင္ခ်စ္သူ နဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္ေနတဲ့ ယုတ္မာတဲ့ ဇာတ္ေကာင္ပါ။ေယာက္်ား လုပ္သူ ကို စကားလွလွေလးေတြနဲ႔ သိမ္းသြင္းဖ်ားေယာင္းၿပီး တစ္ဖက္မွာ ခ်စ္သူ နဲ႔ ေပ်ာ္ျမဴးေနတဲ့ ဇာတ္ေကာင္ကို ျခဴးေလးက ပီျပင္ေအာင္ သရုပ္ေဆာင္ခဲ့ပါတယ္။ပရိသတ္မုန္းမယ့္ ဇာတ္ေကာင္မွန္းသိသိ ႀကီးနဲ႔ အိုက္တင္ကို လံုး၀ ေလွ်ာ့ မပစ္ပဲ အေကာင္းဆံုး သရုပ္ေဆာင္တဲ့ သူမရဲ႕ အႏုပညာခ်စ္စိတ္ကေတာ့ ေလးစားစရာပါ။ ခ်စ္ရ ပါေသာေႏြ ” ဇာတ္ကား နဲ႔ ပရိသတ္ေမတၱာကို ခံယူခဲ့သလို ” ေႏြလယ္ညရဲ႕ လမင္း” နဲ႔လည္း ပရိသတ္အမုန္းကို ခံယူခဲ့ တဲ့ ျခဴးေလးပါ။ဇာတ္ေကာင္ နဲ႔ ပတ္သက္ၿပီး အိမ္ကို ခဲမိုးရြာေတာ့မယ္ဆုိၿပီး သူမရဲ႕ အေကာင့္မွာ ျခဴးေလးက အခုလို တင္ခဲ့ပါေသးတယ္။
“စိုး ရယ်…… ကြည့်ရဲတော့ဘူး
အိမ်ကို ခဲမိုးတွေ ရွာတော့မယ်..”
ဆုိၿပီး သူမရဲ႕ အေကာင့္မွာ တင္ထားပါတယ္။အျပင္မွာဆိုရင္ေတာ့ ေမာင့္ကိုပဲ ေရြးမွာပါ လို႔ လည္း ျခဴးေလးက Comment မွာ ေျပာခဲ့ပါတယ္။
Source:Fb/ျခဴးေလး
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
စိုးစန္ဒာ ဘဝနဲ့ ပရိသတ်အမုန်းကို ခံယူခဲ့တဲ့ ခြူးလေး
ခြူးလေးကတော့ MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာသူလေးပါ။ ခြူးလေးပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေကတော့ အများကြီး ပါ။ဘယ်လို ဇာတ်ကောင်မျိုးပဲ လာလာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူလေးပါ။” ချစ်ရ ပါသောနွေ ” ဆိုတဲ့ ဇာတ်လမ်းတွဲ ပြသပြီးနောက် အခုဆိုရင်တော့ ခြူးလေးရဲ့ နောက်ထပ် ဇာတ်လမ်းတွဲ သစ်ကို MRTV 4 မှာ ပြသ နေပါတယ်။ဇာတ်ကားလေးရဲ့ နာမည်ကတော့ ” နွေလယ်ညရဲ့ လမင်း” ပါ။
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲ အဖြစ် နဲ့ ပုံဖော် ထားတာ ပါ။ဒါကြောင့်လည်း ဇာတ်လမ်း ဇာတ်အိမ် က အရမ်းကောင်းပြီး သဘာ၀ ကျနေတာပါ။ဒါရိုက်တာ ကတော့ ဟိန်းကိုကို ပါ။သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဘုန်းရှိန်ခန့်၊ခြူးလေး၊သံသာညီ၊ဟိန်းရတု၊နက်ရှိုင်းကို၊ခိုင်သဇင် ငုဝါ..အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ခြူလေးကတော့ စိုးစန္ဒာ ဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ထားပါတယ်။
စိုးစန္ဒာ ကတော့ ဒီဇာတ်ကားထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ မိန်းမတစ်ယောက်ပါ။စိတ်ထား ကောင်းတဲ့ ခင်ပွန်းကို လှည့်စားပြီး အရင်ချစ်သူ နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယုတ်မာတဲ့ ဇာတ်ကောင်ပါ။ယောက်ျား လုပ်သူ ကို စကားလှလှလေးတွေနဲ့ သိမ်းသွင်းဖျားယောင်းပြီး တစ်ဖက်မှာ ချစ်သူ နဲ့ ပျော်မြူးနေတဲ့ ဇာတ်ကောင်ကို ခြူးလေးက ပီပြင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ပရိသတ်မုန်းမယ့် ဇာတ်ကောင်မှန်းသိသိ ကြီးနဲ့ အိုက်တင်ကို လုံး၀ လျှော့ မပစ်ပဲ အကောင်းဆုံး သရုပ်ဆောင်တဲ့ သူမရဲ့ အနုပညာချစ်စိတ်ကတော့ လေးစားစရာပါ။ ချစ်ရ ပါသောနွေ ” ဇာတ်ကား နဲ့ ပရိသတ်မေတ္တာကို ခံယူခဲ့သလို ” နွေလယ်ညရဲ့ လမင်း” နဲ့လည်း ပရိသတ်အမုန်းကို ခံယူခဲ့ တဲ့ ခြူးလေးပါ။ဇာတ်ကောင် နဲ့ ပတ်သက်ပြီး အိမ်ကို ခဲမိုးရွာတော့မယ်ဆိုပြီး သူမရဲ့ အကောင့်မှာ ခြူးလေးက အခုလို တင်ခဲ့ပါသေးတယ်။
“စိုး ရယျ…… ကွည့ျရဲတော့ဘူး
အိမျကို ခဲမိုးတှေ ရှာတော့မယျ..”
ဆိုပြီး သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။အပြင်မှာဆိုရင်တော့ မောင့်ကိုပဲ ရွေးမှာပါ လို့ လည်း ခြူးလေးက Comment မှာ ပြောခဲ့ပါတယ်။
Source:Fb/ခြူးလေး
Credit:Aunty May



မှတ်ချက်များ