သင့္ခ်စ္သူထက္ သင့္မိဘေတြကို အခ်ိန္ပိုေပးသင့္တဲ့ အေၾကာင္းအရင္း
Zawgyiျဖင့္ဖတ္ရန္
တစ္ေန႔တစ္ေန႔ ခ်စ္သူနဲ႔ ေလွ်ာက္သြားလိုက္ ဖုန္းေျပာလိုက္ စကားေတြေျပာလိုက္နဲ႔ အခ်ိန္ေတြ ကုန္ေနၾကတယ္မလား။ ဒါေပမယ့္ သင့္ကို ေမြးေပးခဲ့တဲ့ ေကၽြးေမြးျပဳစုခဲ့တဲ့ မိဘေတြနဲ႔ေရာ သင့္အခ်ိန္ ဘယ္ေလာက္မ်ားမ်ား ေပးဖူးသလဲ။ တကယ္ေတာ့ မိဘေတြက ကၽြန္ေတာ္တို႔အတြက္ဆို အျမဲ အသင့္ ရွိတယ္ဆိုတာ သတိရသင့္ပါတယ္။ ကၽြန္ေတာ္တို႔ အသက္ေတြ ႀကီးလာေလေလ အိမ္က စကားသံေတြ တိတ္ဆိတ္ၿပီး ေျခာက္ကပ္လာတယ္ဆိုရင္ မိဘေတြ ဘယ္လို ခံစားရမလဲ ေတြးၾကည့္ေပးရေအာင္ေနာ္။ မိသားစု စကားဝိုင္းေတြက ဘာေၾကာင့္ လိုအပ္သလဲ ဆိုရင္ေတာ့……
(၁) မိဘေတြနဲ႔ ပိုရင္းႏွီးဖို႔
သင္ အရြယ္ေရာက္လာတာနဲ႔ အိမ္မွာ ထမင္းစားလိုက္ တခ်ိဳ႕ လိုအပ္တဲ့ တစ္ခြန္းႏွစ္ခြန္းေလာက္ပဲ ေျပာမိတဲ့ ကာလေတြ ျဖတ္ခဲ့ဖူးလား။ ကိုယ့္အခန္းထဲ ကိုယ္ဝင္ၿပီး အျမဲ ကိုယ္ပိုင္အခ်ိန္ ယူခ်င္ေနတယ္ဆိုရင္ေတာ့ ငယ္ဘဝကို ျပန္စဥ္းစားေစခ်င္ပါတယ္။ သင့္မိဘေတြလည္း သင္နဲ႔ ရင္းႏွီးဖို႔ သူတို႔အခ်ိန္ေတြကို သင္နဲ႔အတူ တစ္ဘဝလံုး ျဖတ္သန္းေပးခဲ့ပါတယ္။ သင္ စကားေျပာသင္ခ်ိန္မွာ စကားေျပာဖက္၊ သင္အိပ္တဲ့အခ်ိန္ ေဘးနားမွာအေဖာ္အျဖစ္၊ သင္ ကစားခ်ိန္မွာ သင့္ကစားေဖာ္အျဖစ္ သင့္ကို အခ်ိန္ေပးခဲ့ၾကပါတယ္။ သင္လည္း မိဘေတြနဲ႔ ရင္းရင္းႏွီးႏွီးနဲ႔ အခ်ိန္ေတြ ကုန္သင့္ပါတယ္။
(၂) သင့္မိဘေတြ အထီးက်န္ေနႏိုင္တယ္
မိဘဆိုတာ တစ္ဘဝလံုး သားသမီးကိုပဲ ၾကည့္လာၿပီး မိသားစုအတြက္ပဲ ရွိေနတာပါ။ သင္အရြယ္ေရာက္ေတာ့ သင္က သူတို႔ကို ေပ်ာ္ေနသလား၊ ဝမ္းနည္းေနသလား၊ အထီးက်န္ေနလားေတာင္ မသိရေအာင္ သင့္ဘာသာသင္ ေနေနရင္ေတာ့ သင္က ေတာ္ေတာ္ မသိတတ္တဲ့သူ ျဖစ္ပါတယ္။ မိဘေတြက သင့္ဘက္ကို ၾကည့္ခဲ့ေပမယ့္ သင္က ျပန္မၾကည့္ဘူးဆိုတာ မျဖစ္သင့္လို႔ သူတို႔ကိုလည္း သင္က ျပန္အခ်ိန္ေပးဂရုစိုက္သင့္ပါတယ္။
(၃) ဘဝေနဝင္ခ်ိန္ဆုိတာ ရွိတယ္
ေသျခင္းတရားဆိုတာ အခ်ိန္မေရြး ေရာက္လာႏိုင္တယ္ဆိုေပမယ့္ လူႀကီးေတြအဖို႔ေတာ့ ပိုနီးစပ္တဲ့အရာပါ။ သင့္ေျခေထာက္ေပၚ သင္ ရပ္ႏိုင္တဲဲ့အထိ အခ်ိန္ေပး ဂရုစိုက္ခဲ့တဲ့ မိဘေတြကို သူတို႔ ေနဝင္ခ်ိန္မတိုင္ခင္ အေကာင္းဆံုး အေပ်ာ္ရႊင္ဆံုးျဖစ္ေအာင္ ထားႏိုင္ဖို႔ အခ်ိန္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ သူတို႔မရွိတဲ့အခါ အမွတ္္တရေတြ က်န္ခဲ့ႏိုင္သလို သင္လည္း ေနာင္တရစရာ မရွိႏိုင္ေတာ့ပါဘူး။
(၄) မိဘက ေမြးဖြားခဲ့လို႔ ခ်စ္သူနဲ႔ ဆံုရတာပါ
သင့္ခ်စ္သူကိုလည္း သူ႔မိဘကို ေက်းဇူးတင္ေၾကာင္း ေျပာေပးသင့္သလို သင့္မိဘကိုလည္း အခုလို သင့္ခ်စ္သူနဲ႔ ဆံုေတြ႔ခြင့္ ရေစလို႔ ေက်းဇူးတင္သင့္ပါတယ္။
(၅) အိမ္ဆည္းလည္းအျဖစ္ အျမဲ ေနသင့္ပါတယ္
ကေလးေတြ ရွိတဲ့အိမ္ကို လူႀကီးေတြက သေဘာတက်နဲ႔ အိမ္ဆည္းလည္းေတြ ရွိတယ္လို႔ ေျပာတတ္ၾကပါတယ္။ အိမ္ကို သာယာမႈေတြ အခ်စ္ေတြ သယ္လာတဲ့ ကေလးေလးမို႔ မိဘေတြက ေပ်ာ္ရႊင္ေနတတ္ပါတယ္။ အဲ့သည့္ ေပ်ာ္ရႊင္မႈကို အျမဲ ေပးႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့။ အရြယ္လည္းေရာက္ေရာ အိမ္က နားတဲ့ေနရာ စားတဲ့ေနရာဆိုတာထက္ေတာ့ ပိုေတြးသင့္ပါတယ္။ သင့္မိဘေတြကို လိုရံုေလာက္ ေျပာဆိုတာမဟုတ္ပဲ ငယ္ငယ္ကလိုပဲ ေပ်ာ္ရႊင္စရာ ျဖစ္ေအာင္ ဖန္တီးသင့္ပါတယ္ေနာ္။
မိဘရဲ႕ ေႏြးေထြးၾကင္နာမႈကို သားသမီးေတြက လိုခ်င္သလို မိဘေတြကလည္း သားသမီးေတြဆီက ေႏြးေထြးၾကင္နာမႈကို လိုအပ္ပါတယ္။ ေပ်ာ္ရႊင္သာယာေသာ မိသားစုေလး ျဖစ္ၾကပါေစေနာ္…။
Written by Kham
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
သင့်ချစ်သူထက် သင့်မိဘတွေကို အချိန်ပိုပေးသင့်တဲ့ အကြောင်းအရင်း
တစ်နေ့တစ်နေ့ ချစ်သူနဲ့ လျှောက်သွားလိုက် ဖုန်းပြောလိုက် စကားတွေပြောလိုက်နဲ့ အချိန်တွေ ကုန်နေကြတယ်မလား။ ဒါပေမယ့် သင့်ကို မွေးပေးခဲ့တဲ့ ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေနဲ့ရော သင့်အချိန် ဘယ်လောက်များများ ပေးဖူးသလဲ။ တကယ်တော့ မိဘတွေက ကျွန်တော်တို့အတွက်ဆို အမြဲ အသင့် ရှိတယ်ဆိုတာ သတိရသင့်ပါတယ်။ ကျွန်တော်တို့ အသက်တွေ ကြီးလာလေလေ အိမ်က စကားသံတွေ တိတ်ဆိတ်ပြီး ခြောက်ကပ်လာတယ်ဆိုရင် မိဘတွေ ဘယ်လို ခံစားရမလဲ တွေးကြည့်ပေးရအောင်နော်။ မိသားစု စကားဝိုင်းတွေက ဘာကြောင့် လိုအပ်သလဲ ဆိုရင်တော့……
(၁) မိဘတွေနဲ့ ပိုရင်းနှီးဖို့
သင် အရွယ်ရောက်လာတာနဲ့ အိမ်မှာ ထမင်းစားလိုက် တချို့ လိုအပ်တဲ့ တစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောမိတဲ့ ကာလတွေ ဖြတ်ခဲ့ဖူးလား။ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး အမြဲ ကိုယ်ပိုင်အချိန် ယူချင်နေတယ်ဆိုရင်တော့ ငယ်ဘဝကို ပြန်စဉ်းစားစေချင်ပါတယ်။ သင့်မိဘတွေလည်း သင်နဲ့ ရင်းနှီးဖို့ သူတို့အချိန်တွေကို သင်နဲ့အတူ တစ်ဘဝလုံး ဖြတ်သန်းပေးခဲ့ပါတယ်။ သင် စကားပြောသင်ချိန်မှာ စကားပြောဖက်၊ သင်အိပ်တဲ့အချိန် ဘေးနားမှာအဖော်အဖြစ်၊ သင် ကစားချိန်မှာ သင့်ကစားဖော်အဖြစ် သင့်ကို အချိန်ပေးခဲ့ကြပါတယ်။ သင်လည်း မိဘတွေနဲ့ ရင်းရင်းနှီးနှီးနဲ့ အချိန်တွေ ကုန်သင့်ပါတယ်။
(၂) သင့်မိဘတွေ အထီးကျန်နေနိုင်တယ်
မိဘဆိုတာ တစ်ဘဝလုံး သားသမီးကိုပဲ ကြည့်လာပြီး မိသားစုအတွက်ပဲ ရှိနေတာပါ။ သင်အရွယ်ရောက်တော့ သင်က သူတို့ကို ပျော်နေသလား၊ ဝမ်းနည်းနေသလား၊ အထီးကျန်နေလားတောင် မသိရအောင် သင့်ဘာသာသင် နေနေရင်တော့ သင်က တော်တော် မသိတတ်တဲ့သူ ဖြစ်ပါတယ်။ မိဘတွေက သင့်ဘက်ကို ကြည့်ခဲ့ပေမယ့် သင်က ပြန်မကြည့်ဘူးဆိုတာ မဖြစ်သင့်လို့ သူတို့ကိုလည်း သင်က ပြန်အချိန်ပေးဂရုစိုက်သင့်ပါတယ်။
(၃) ဘဝနေဝင်ချိန်ဆိုတာ ရှိတယ်
သေခြင်းတရားဆိုတာ အချိန်မရွေး ရောက်လာနိုင်တယ်ဆိုပေမယ့် လူကြီးတွေအဖို့တော့ ပိုနီးစပ်တဲ့အရာပါ။ သင့်ခြေထောက်ပေါ် သင် ရပ်နိုင်တဲ့အထိ အချိန်ပေး ဂရုစိုက်ခဲ့တဲ့ မိဘတွေကို သူတို့ နေဝင်ချိန်မတိုင်ခင် အကောင်းဆုံး အပျော်ရွှင်ဆုံးဖြစ်အောင် ထားနိုင်ဖို့ အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့မရှိတဲ့အခါ အမှတ်တရတွေ ကျန်ခဲ့နိုင်သလို သင်လည်း နောင်တရစရာ မရှိနိုင်တော့ပါဘူး။
(၄) မိဘက မွေးဖွားခဲ့လို့ ချစ်သူနဲ့ ဆုံရတာပါ
သင့်ချစ်သူကိုလည်း သူ့မိဘကို ကျေးဇူးတင်ကြောင်း ပြောပေးသင့်သလို သင့်မိဘကိုလည်း အခုလို သင့်ချစ်သူနဲ့ ဆုံတွေ့ခွင့် ရစေလို့ ကျေးဇူးတင်သင့်ပါတယ်။
(၅) အိမ်ဆည်းလည်းအဖြစ် အမြဲ နေသင့်ပါတယ်
ကလေးတွေ ရှိတဲ့အိမ်ကို လူကြီးတွေက သဘောတကျနဲ့ အိမ်ဆည်းလည်းတွေ ရှိတယ်လို့ ပြောတတ်ကြပါတယ်။ အိမ်ကို သာယာမှုတွေ အချစ်တွေ သယ်လာတဲ့ ကလေးလေးမို့ မိဘတွေက ပျော်ရွှင်နေတတ်ပါတယ်။ အဲ့သည့် ပျော်ရွှင်မှုကို အမြဲ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အရွယ်လည်းရောက်ရော အိမ်က နားတဲ့နေရာ စားတဲ့နေရာဆိုတာထက်တော့ ပိုတွေးသင့်ပါတယ်။ သင့်မိဘတွေကို လိုရုံလောက် ပြောဆိုတာမဟုတ်ပဲ ငယ်ငယ်ကလိုပဲ ပျော်ရွှင်စရာ ဖြစ်အောင် ဖန်တီးသင့်ပါတယ်နော်။
မိဘရဲ့ နွေးထွေးကြင်နာမှုကို သားသမီးတွေက လိုချင်သလို မိဘတွေကလည်း သားသမီးတွေဆီက နွေးထွေးကြင်နာမှုကို လိုအပ်ပါတယ်။ ပျော်ရွှင်သာယာသော မိသားစုလေး ဖြစ်ကြပါစေနော်…။
Written by Kham
Credit:Aunty May


မှတ်ချက်များ