စကားမ်ားတဲ့သူေတြသာရနိုင္မယ့္ အံ့ၾသေလာက္စရာေကာင္းက်ိဳး(၆)မ်ိဳး

Zawgyiျဖင့္ဖတ္ရန္
စကားမ်ားတဲ့သူေတြက ပတ္ဝန္းက်င္ကိုအေနွာက္အယွက္ျဖစ္ေစတယ္၊ အာရံုေနာက္စရာေကာင္းတယ္လို႕ ထင္စရာရွိေပမယ့္ သူတို႕ေတြဟာ ထူးျခားတဲ့ အက်င့္စရိုက္ေတြရွိျပီး ေအာင္ျမင္နိုင္ေခ်ပိုမ်ားတယ္ဆုိတာကို ေတြ႕ရွိခဲ့ၾကပါတယ္။ စကားမ်ားတဲ့သူေတြဘာလို႕ေအာင္ျမင္နိုင္ေခ်ပိုမ်ားရတာလဲဆိုတာကေတာ့ ဒီအခ်က္ေတြေၾကာင့္ပါတဲ့။
(၁) ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္
စကားမ်ားတဲ့သူေတြဟာ ဘယ္သူ႕ကိုဘယ္လိုအေၾကာင္းအရာမ်ိဳးေျပာရမယ္၊ လူတစ္ေယာက္နဲ႕အဆင္ေျပေအာင္ ဘယ္လိုဝင္ရမယ္ဆိုတာ ေကာင္းေကာင္းသိတဲ့၊ အထာနပ္တဲ့သူေလးေတြျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႕နဲ႕ ေပါင္းလို႕အဆင္မေျပတဲ့လူဆိုတာ မရွိသေလာက္ပါပဲ။
(၂) ဉာဏ္ေျပးတယ္
အေၾကာင္းအရာတစ္ခုခုကိုၾကားလိုက္တဲ့အခါ အဲ့ဒါနဲ႕ပတ္သက္လို႕ ဘယ္လိုတံု႕ျပန္ရမလဲ၊ ျပႆနာတစ္ခုခုျဖစ္လာရင္ ဘယ္လိုေျဖရွင္းရမလဲေကာင္းေကာင္းသိတယ္။ ပုစာၦတစ္ပုဒ္ရဲ႕အေျဖကိုခ်က္ခ်င္းရနိုင္တဲ့သူေတြေပါ့။
(၃) လူဝင္ဆံ့တယ္
စကားေျပာဖို႕မပ်င္းတဲ့သူေတြက ဘယ္လိုလူမ်ိဳးနဲ႕ပဲျဖစ္ျဖစ္ အဆင္ေအာင္ေျပာတတ္ဆိုတတ္တယ္၊ ေျပာရမယ့္အေၾကာင္းအရာေတြလည္း မထပ္ေအာင္ရွိတယ္။ ဒီေတာ့ လူဝင္ဆံ့တဲ့သူေတြလည္းျဖစ္ၾကတယ္။
(၄) စိတ္ဓာတ္မက်လြယ္ဘူး
စစ္တမ္းေတြအရ တိတ္တိတ္ဆိတ္ဆိတ္ခံစားတတ္တဲ့သူေတြက စိတ္ဓာတ္က်ဖို႕ပိုလြယ္ျပီး စိတ္ထဲမွာရွိတာေတြကိို အျမဲလိုလိုဖြင့္ထုတ္ေျပာေနတဲ့သူေတြက စိတ္ဓာတ္က်နိုင္ေခ်နည္းတယ္ဆိုတာ သိခဲ့ၾကတယ္။ စကားမ်ားတဲ့သူေလးေတြက သူတို႕စိတ္ထဲရွိတာကို တခ်ိန္လံုးဖြင့္ထုတ္ေနရတဲ့အတြက္ စိတ္ဖိစီးမႈမျဖစ္ေတာ့ဘဲ သက္ေတာင့္သက္သာရွိၾကတယ္၊ လြယ္လြယ္နဲ႕စိတ္ဓာတ္မက်နိုင္ဘူး။
(၅) လူေတြရဲ႕စိတ္အာရံုကိုဖမ္းစားနိုင္တယ္
စကားမ်ားတယ္ဆိုေပမယ့္ ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာေနတာမ်ိဳးမဟုတ္ဘဲ အေၾကာင္းအရာတစ္ခုကို စိတ္ဝင္စားေအာင္ေျပာတတ္တာမ်ိဳးပါ။ ဒီေတာ့ လူေတြရဲ႕အာရံုကို ေကာင္းေကာင္းဖမ္းစားနိုင္တာေပါ့။
(၆) မိဘေကာင္းေတြျဖစ္လာမယ္
စကားမ်ားတဲ့မိဘေတြက ကေလးေတြနဲ႕ ပြင့္လင္းတဲ့ဆက္ဆံေရးမ်ိဳးရွိျပီး၊ ပိုျပီးလည္းေႏြးေထြးၾကတယ္လို႕ ကေလးသူငယ္ဖြံ႕ျဖိဳးေရးအဖြဲ႕အစည္းတစ္ခုကေျပာၾကားခဲ့ပါတယ္။ ကေလးေတြကိို စကားေကာင္းေကာင္းေျပာေပးနိုင္တဲ့သူေတြျဖစ္တာေၾကာင့္ သူတို႕ကေလးေတြကလည္း ဉာဏ္ရည္ပိုမိုဖြံ႕ျဖိဳးၾကတယ္လို႕ ဆိုခဲ့ပါတယ္။
MAY THAZINHTOO
Credit:Aunty may
Unicodeဖြင့်ဖတ်ရန်

စကားများတဲ့သူတွေသာရနိုင်မယ့် အံ့သြလောက်စရာကောင်းကျိုး(၆)မျိုး

စကားများတဲ့သူတွေက ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေတယ်၊ အာရုံနောက်စရာကောင်းတယ်လို့ ထင်စရာရှိပေမယ့် သူတို့တွေဟာ ထူးခြားတဲ့ အကျင့်စရိုက်တွေရှိပြီး အောင်မြင်နိုင်ချေပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ စကားများတဲ့သူတွေဘာလို့အောင်မြင်နိုင်ချေပိုများရတာလဲဆိုတာကတော့ ဒီအချက်တွေကြောင့်ပါတဲ့။
(၁) ပေါင်းသင်းဆက်ဆံရေးကောင်းတယ်
စကားများတဲ့သူတွေဟာ ဘယ်သူ့ကိုဘယ်လိုအကြောင်းအရာမျိုးပြောရမယ်၊ လူတစ်ယောက်နဲ့အဆင်ပြေအောင် ဘယ်လိုဝင်ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့၊ အထာနပ်တဲ့သူလေးတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ပေါင်းလို့အဆင်မပြေတဲ့လူဆိုတာ မရှိသလောက်ပါပဲ။
(၂) ဉာဏ်ပြေးတယ်
အကြောင်းအရာတစ်ခုခုကိုကြားလိုက်တဲ့အခါ အဲ့ဒါနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်ရမလဲ၊ ပြဿနာတစ်ခုခုဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲကောင်းကောင်းသိတယ်။ ပုစ္ဆာတစ်ပုဒ်ရဲ့အဖြေကိုချက်ချင်းရနိုင်တဲ့သူတွေပေါ့။
(၃) လူဝင်ဆံ့တယ်
စကားပြောဖို့မပျင်းတဲ့သူတွေက ဘယ်လိုလူမျိုးနဲ့ပဲဖြစ်ဖြစ် အဆင်အောင်ပြောတတ်ဆိုတတ်တယ်၊ ပြောရမယ့်အကြောင်းအရာတွေလည်း မထပ်အောင်ရှိတယ်။ ဒီတော့ လူဝင်ဆံ့တဲ့သူတွေလည်းဖြစ်ကြတယ်။
(၄) စိတ်ဓာတ်မကျလွယ်ဘူး
စစ်တမ်းတွေအရ တိတ်တိတ်ဆိတ်ဆိတ်ခံစားတတ်တဲ့သူတွေက စိတ်ဓာတ်ကျဖို့ပိုလွယ်ပြီး စိတ်ထဲမှာရှိတာတွေကို အမြဲလိုလိုဖွင့်ထုတ်ပြောနေတဲ့သူတွေက စိတ်ဓာတ်ကျနိုင်ချေနည်းတယ်ဆိုတာ သိခဲ့ကြတယ်။ စကားများတဲ့သူလေးတွေက သူတို့စိတ်ထဲရှိတာကို တချိန်လုံးဖွင့်ထုတ်နေရတဲ့အတွက် စိတ်ဖိစီးမှုမဖြစ်တော့ဘဲ သက်တောင့်သက်သာရှိကြတယ်၊ လွယ်လွယ်နဲ့စိတ်ဓာတ်မကျနိုင်ဘူး။
(၅) လူတွေရဲ့စိတ်အာရုံကိုဖမ်းစားနိုင်တယ်
စကားများတယ်ဆိုပေမယ့် တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုးမဟုတ်ဘဲ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားအောင်ပြောတတ်တာမျိုးပါ။ ဒီတော့ လူတွေရဲ့အာရုံကို ကောင်းကောင်းဖမ်းစားနိုင်တာပေါ့။
(၆) မိဘကောင်းတွေဖြစ်လာမယ်
စကားများတဲ့မိဘတွေက ကလေးတွေနဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိပြီး၊ ပိုပြီးလည်းနွေးထွေးကြတယ်လို့ ကလေးသူငယ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုကပြောကြားခဲ့ပါတယ်။ ကလေးတွေကို စကားကောင်းကောင်းပြောပေးနိုင်တဲ့သူတွေဖြစ်တာကြောင့် သူတို့ကလေးတွေကလည်း ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးကြတယ်လို့ ဆိုခဲ့ပါတယ်။
MAY THAZINHTOO
Credit:Aunty may

မှတ်ချက်များ