သင့္အေပၚ တကယ္ခ်စ္ရင္ သူဒါေတြလုပ္လိမ့္မယ္
Zawgyiျဖင့္ဖတ္ရန္
Relationship ဆိုတာ ကိုယ္ထင္ထားသလို ေရရွည္တည္ၿမဲဖို႔ ႏွစ္ဦးႏွစ္ဖက္တည္ေဆာက္ရတာပါပဲ။ႏွစ္ေယာက္သားနားလည္မႈရွိရွိ နဲ႔ေရွ႕ဆက္မယ္ဆိုရင္ အခ်စ္ေရးက ဘဝတစ္ေလွ်ာက္ခိုင္ၿမဲၾကမွာပါ။ဒါေပမဲ့ ကိုယ္ပိုင္ဆိုင္ထားတဲ့အခ်စ္က အခ်စ္စစ္ဖို႔လည္းလိုပါတယ္။
ဒါေၾကာင့္ သူက ကိုယ့္အေပၚတကယ္ခ်စ္တယ္ဆိုတာ ဘယ္အခ်က္ေတြက သိသာေစလဲဆိုတာ ေျပာျပေပးလိုက္ပါတယ္။
*ကတိတည္တယ္
သူဟာ ကိုယ့္ကိုေျပာၿပီးသားစကားဆို အၿမဲတည္တယ္။ကိုယ့္စကားကို အၿမဲဂ႐ုတစိုက္ရွိၿပီး ေပါ့ပ်က္ပ်က္မလုပ္ဘူး။
*ကိုယ့္မိသားစုနဲ႔သူငယ္ခ်င္းအေပၚေလးစားမႈရွိတယ္
ကိုယ္တင္မကဘူး ကိုယ့္မိသားစုနဲ႔သူငယ္ခ်င္းအေပၚ တေလးတစားေျပာဆိုဆက္ဆံတယ္။အေလးထားတယ္။ဂ႐ုစိုက္ေပးတယ္။
*ကိုယ္နဲ႔အခ်ိန္ကုန္ဆုံးရတာကိုႏွစ္သက္တယ္
သူ႔သူငယ္ခ်င္းေတြနဲ႔အခ်ိန္ကုန္ဆုံးေလ့ရွိေပမဲ့ သူဟာ ကိုယ့္ကိုေတာ့ ဦးစားေပးၿပီးအခ်ိန္ေပးေလ့ရွိတယ္။ကိုယ့္စိတ္ဆႏၵကိုဦးစားေပးေဆာင္႐ြက္ေလ့ရွိတယ္။
*ကိုယ္စိတ္ဓာတ္က်အားငယ္ခ်ိန္တိုင္းသူအနားမွာရွိေပးတယ္
ကိုယ္စိတ္ဓာတ္က်ေနတဲ့အခ်ိန္၊အားငယ္ေနတဲ့အခ်ိန္၊က်ရႈံးေနတဲ့အခ်ိန္ေတြမွာလည္း သူက ေဘးနားကေန အၿမဲႏွစ္သိမ့္ေပးတယ္။ေပ်ာ္႐ႊင္ေအာင္လုပ္ေပးတယ္။
*ကိုယ့္ကိုအၿမဲတိုင္ပင္ေလ့ရွိတယ္
တစ္ခုခုမလုပ္ခင္၊မဆုံးျဖတ္ခင္ကိုယ္နဲ႔အၿမဲတိုင္ပင္ေလ့ရွိတယ္။သူ႔ကိစၥျဖစ္ေနရင္ေတာင္ ကိုယ့္ကိုအၿမဲတိုင္ပင္ေဆြးေႏြးတယ္။အႀကံဉာဏ္ေတာင္းေလ့ရွိတယ္။
*ကိုယ့္ရဲ႕ဆိုးကြက္ေသးေသးမႊားမႊားေလးကအစ သူလက္ခံတယ္
လူတိုင္းမွာ ေကာင္းကြက္ေတြရွိသလို ဆိုးကြက္ေတြဆိုတာလည္းရွိပါတယ္။ေကာင္းကြက္ကိုပဲလက္ခံၿပီးဆိုးကြက္ကို လက္မခံဘူးဆိုရင္ေတာ့ ဒါက အခ်စ္စစ္မဟုတ္လို႔ပါပဲ။ကိုယ့္အေပၚတကယ္ခ်စ္တဲ့သူဟာ ကိုယ့္ရဲ႕ဆိုးကြက္ေတြကိုလည္း လက္ခံေပးၿပီးျဖည့္ေတြးေပးတယ္။နားလည္ေပးပါတယ္။
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
သင့်အပေါ် တကယ်ချစ်ရင် သူဒါတွေလုပ်လိမ့်မယ်
Relationship ဆိုတာ ကိုယ်ထင်ထားသလို ရေရှည်တည်မြဲဖို့ နှစ်ဦးနှစ်ဖက်တည်ဆောက်ရတာပါပဲ။နှစ်ယောက်သားနားလည်မှုရှိရှိ နဲ့ရှေ့ဆက်မယ်ဆိုရင် အချစ်ရေးက ဘဝတစ်လျှောက်ခိုင်မြဲကြမှာပါ။ဒါပေမဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့အချစ်က အချစ်စစ်ဖို့လည်းလိုပါတယ်။
ဒါကြောင့် သူက ကိုယ့်အပေါ်တကယ်ချစ်တယ်ဆိုတာ ဘယ်အချက်တွေက သိသာစေလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
*ကတိတည်တယ်
သူဟာ ကိုယ့်ကိုပြောပြီးသားစကားဆို အမြဲတည်တယ်။ကိုယ့်စကားကို အမြဲဂရုတစိုက်ရှိပြီး ပေါ့ပျက်ပျက်မလုပ်ဘူး။
*ကိုယ့်မိသားစုနဲ့သူငယ်ချင်းအပေါ်လေးစားမှုရှိတယ်
ကိုယ်တင်မကဘူး ကိုယ့်မိသားစုနဲ့သူငယ်ချင်းအပေါ် တလေးတစားပြောဆိုဆက်ဆံတယ်။အလေးထားတယ်။ဂရုစိုက်ပေးတယ်။
*ကိုယ်နဲ့အချိန်ကုန်ဆုံးရတာကိုနှစ်သက်တယ်
သူ့သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးလေ့ရှိပေမဲ့ သူဟာ ကိုယ့်ကိုတော့ ဦးစားပေးပြီးအချိန်ပေးလေ့ရှိတယ်။ကိုယ့်စိတ်ဆန္ဒကိုဦးစားပေးဆောင်ရွက်လေ့ရှိတယ်။
*ကိုယ်စိတ်ဓာတ်ကျအားငယ်ချိန်တိုင်းသူအနားမှာရှိပေးတယ်
ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်၊အားငယ်နေတဲ့အချိန်၊ကျရှုံးနေတဲ့အချိန်တွေမှာလည်း သူက ဘေးနားကနေ အမြဲနှစ်သိမ့်ပေးတယ်။ပျော်ရွှင်အောင်လုပ်ပေးတယ်။
*ကိုယ့်ကိုအမြဲတိုင်ပင်လေ့ရှိတယ်
တစ်ခုခုမလုပ်ခင်၊မဆုံးဖြတ်ခင်ကိုယ်နဲ့အမြဲတိုင်ပင်လေ့ရှိတယ်။သူ့ကိစ္စဖြစ်နေရင်တောင် ကိုယ့်ကိုအမြဲတိုင်ပင်ဆွေးနွေးတယ်။အကြံဉာဏ်တောင်းလေ့ရှိတယ်။
*ကိုယ့်ရဲ့ဆိုးကွက်သေးသေးမွှားမွှားလေးကအစ သူလက်ခံတယ်
လူတိုင်းမှာ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေဆိုတာလည်းရှိပါတယ်။ကောင်းကွက်ကိုပဲလက်ခံပြီးဆိုးကွက်ကို လက်မခံဘူးဆိုရင်တော့ ဒါက အချစ်စစ်မဟုတ်လို့ပါပဲ။ကိုယ့်အပေါ်တကယ်ချစ်တဲ့သူဟာ ကိုယ့်ရဲ့ဆိုးကွက်တွေကိုလည်း လက်ခံပေးပြီးဖြည့်တွေးပေးတယ်။နားလည်ပေးပါတယ်။
Credit:Trend Myanmar


မှတ်ချက်များ