မလေးရှားလေယာဉ်တစီး ဟောင်ကောင်မှာ အရေးပေါ်ဆင်း
မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်တစီး မီးစက်ချို့ယွင်းမှုကြောင့် ဒီမနက် ဟောင်ကောင်မှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။
ကွာလာလမ်ပူမြို့ကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားတဲ့လေယာဉ် ဖြစ်ပါတယ်။
ပင်မမီးစက်က အလုပ်မလုပ်တော့တဲ့အတွက် အရံမီးစက်ကိုပဲ အားကိုးခဲ့ရတယ်လို့ ဆိုတယ်။အရေးပေါ်ဆင်းသက်ဖို့ လိုအပ်ကြောင်း အကြောင်းကြားချက်က ဟောင်ကောင်လေဆိပ်ကိုမနက် ၂း၃၀ မှာ ရောက်သွားတာလို့ ကမ္ဘာ့သတင်းတွေမှာ ရေးနေကြပါတယ်။ မလေးရှားလေယာဉ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုများနေတဲ့အတွက် အနည်းငယ်ဆက်စပ်တဲ့ ဒီသတင်းကိုလည်း ဧရာဝတီဘလော့ ပရိသတ် သိရှိနိုင်ဖို့ အတွက် နိုင်ငံတကာသတင်းတွေကိုဖတ်ပြီး ဖောက်သည်ချလိုက်ပါတယ်။
ဟောင်ကောင်လေဆိပ်ကို မနက် ၃း၀၀ နာရီမှာ အန္တရာယ်ကင်းကင်း ဆင်းတယ်၊ လေယာဉ်ပေါ်က ခရီးသည် ၂၇၁ ဦးကို တခြားလေယာဉ်တွေနဲ့ လိုက်ပါနိုင်အောင် စီစဉ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဆိုးလ်မြို့ကနေ ကွာလာလမ်ပူမြို့ကိုပျံသန်းမယ့် အပြန်ခရီးစဉ်ကိုတော့ ဖျက်သိမ်းလိုက်ရပါတယ် တဲ့။
ဒီဖြစ်ရပ်ဟာ မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်တစီး ပဟေဠိဆန်ဆန်ပျောက်ဆုံးမှု ၁၆ ရက်မြောက်နေ့မှာ ဖြစ်ခဲ့တာပါ။
ဒီပဟေဠိလေယာဉ်ကို ရှာဖွေနေတုန်းပါပဲ။
အရပ်ဘက်လေကြောင်းပျံသန်းမှုမှာ ဒီလိုပျောက်ဆုံးမှုဟာ အင်မတန် ထူးဆန်းတဲ့ဖြစ်ရပ်တခုအဖြစ် လူအများက စိတ်ဝင်စားနေကြပါတယ်။
ဧရာဝတီBlog

မှတ်ချက်များ