စည်ပင်သန့်ရှင်းရေးဝန်ထမ်းများအား ရိုက်နှက်ခဲ့သူများကို အရေးယူပေးရန်တိုင်တန်း


၂၁.၃.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုကြီးကြပ်ရေးမှူး ဦးထွန်းကြည်နှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်/အရှေ့ရပ်ကွက်၊ ညဈေးအနီး အထက်ကြည့်မြင်တိုင်
လမ်းနှင့် ရွှေလှိုင်လမ်းထိပ်တွင် မော်တော်ယာဉ်ဖြင့်အမှိုက်ပုံမှအမှိုက်များကို
သယ်နေစဉ် လမ်းဘေးဈေးဆိုင်ခုံပေါ်တွင် အရက်သောက်နေကြသော ကြည့်မြင်တိုင်မြို့နယ်နေသူများဖြစ်သည့် ပြည့်ဖြိုးဟိန်း၊ (၁၉)နှစ်၊ (ဘ)ဦးသောင်းပြည့်၊ တုံတုံ(ခ)ရည်မွန်အောင်၊ (၁၈)နှစ်၊ (ဘ)ဦးစိန်ကြည်၊
ဇော်ဝင်းထွဋ်(စိစစ်ဆဲ) တို့(၃)ဦးမှ အမှိုက်များစင်သည်ဟုပြောဆိုကာ
ဈေးဆိုင်အားမိုးထားသော အမိုးထီးကြီး၏ သံပိုက်အရိုးဖြင့်ရိုက်နှက်ပြီး လက်သီးဖြင့်ထိုးခဲ့၍ သန့်ရှင်းရေးယာဉ်မောင်းဖြစ်သူ ကိုမင်းသူတွင်
ဝဲပါးပြင်ပေါက်ပြဲဖူးရောင်ဒဏ်ရာရရှိသဖြင့် ရန်ကုန်အနောက်ပိုင်း
ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည့်ဖြိုးဟိန်းပါ(၃)ဦးတို့ကို အရေးယူပေးပါရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကြည့်မြင်တိုင်မြို့နယ်တာဝန်ခံ ဦးနေလင်းမှ အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၁၉၂/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၂၆/၁၁၄ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့
ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးဟိန်းနှင့် တုံတုံ(ခ)ရည်မွန်အောင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူ ဇော်ဝင်းထွဋ်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ