တပ်မတော်စစ်တန်းလျား မပြန်သေးပါ

‘‘ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးမှာ တပ်မတော်ရဲ့ အ ခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါ တယ်’’

ရာစုနှစ်တစ်ဝက်နီးပါး ကြာ မြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကို အ ဆုံးသတ်စေခဲ့သည့် ပြုပြင်ပြောင်း လဲရေးသမားကြီးအဖြစ် နိုင်ငံတ ကာ သတင်းဌာနများ မကြာခဏ ညွှန်းဆိုဖော်ပြခဲ့သည့် သမ္မတ ဦး သိန်းစိန်က တာဝန်ထမ်းဆောင်မှု သက်တမ်း သုံးနှစ်ပြည့် အထိမ်းအ မှတ်အဖြစ် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

(ဓာတ်ပုံ - သီဟ)
‘‘တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်းချင်းလျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆဆောင်ရွက်သွား ဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှု နဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ် ပါတယ်’’ ဟု သမ္မတ ဦးသိန်းစိန် က ယင်းမိန့်ခွန်းတွင် တပ်မတော် နှင့် ပတ်သက်ပြီး ထည့်သွင်းပြော ကြားခဲ့သည်။

လက်ရှိနိုင်ငံရေးဖြစ်စဉ်များ အကြားတွင် စစ်တပ်လွှမ်းမိုးမှုများ နှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုမှု များ အရှိန်အမြင့်ဆုံး အချိန်၊ လွှတ်တော်အသီးသီးတွင် ရွေး ကောက်ခံလွှတ်တော်အမတ်များ အကြား အလိုအလျောက်နေရာ ရနေသည့် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များ၏ အ ခန်းကဏ္ဍကို လျှော့ချရန် (သို့မ ဟုတ်) လုံးဝပယ်ဖျက်ရန်အတွက် လှုပ်ရှားမှု အမြင့်ဆုံးအချိန်တွင် သမ္မတဦးသိန်းစိန်က ယခုလို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်သက်တမ်း သုံး နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့သူ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်း အရ လွှတ်တော်တွင် တပ်မတော် ပါဝင်မှု ရာခိုင်နှုန်းကို ပြင်ဆင်ရန် လက်မခံနိုင်သည့်အပြင် နိုင်ငံရေး တွင်လည်း တပ်မတော်အနေဖြင့် ဦးဆောင်ပါဝင်မှုကို လျှော့ချမည့်အရိပ်အယောင်များ မတွေ့ရ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ဆိုသည်။

မူလတာဝန်ဖြစ်သည့် ကာ ကွယ်ရေးတာဝန်ကို အဓိကထား လုပ်ဆောင်ရမည့် တပ်မတော် သည် အုပ်ချုပ်ရေးပိုင်းတွင် ၀င် ရောက်စွက်ဖက်နေမှုများကို ပြု ပြင်ပြောင်းလဲရေးကာလတွင် အ လုံးစုံလျှော့ချရန် (သို့မဟုတ်) တ ဖြည်းဖြည်းချင်း လျှော့ချရေး စဉ်း စားရန်လိုအပ်လာပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

‘‘အခုလို သမ္မတပြောလိုက် တာက တပ်မတော်ရဲ့ အခန်း ကဏ္ဍကို လျှော့ချဖို့လုပ်နေတာကို တားလိုက်တဲ့ သဘောသက် ရောက်တယ်’’ ဟု ဦးအေးသာ အောင်က ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် နှစ် ပေါင်း ၅၀ ကျော် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တပ် မတော်သည် လက်ရှိဖွဲ့စည်းပုံအ ခြေခံဥပဒေအရလည်း အရေးပါ သည့်နေရာတွင် ရှိနေဆဲဖြစ် သည်။

လက်ရှိပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်၊ လွှတ် တော်နှစ်ရပ်ပေါင်း အမတ်စာရင်း တွင် ပြည်ခိုင်ဖြိုးပါတီနောက်တွင် တပ်မတော်သားကိုယ်စားလှယ် များက ၁၆၆ ဦးဖြင့် ဒုတိယအင် အားအကြီးဆုံးအစုအဖွဲ့အဖြစ် အလိုအလျောက် ရပ်တည်ခွင့်ရခဲ့ သည်။

တပ်မတော်ကိုယ်စားလှယ် များအလိုအလျောက် ရရှိထား သည့် အဆိုပါ အရေအတွက်သည် ပြည်ခိုင်ဖြိုးပါတီမှလွဲပြီး လွှတ် တော်တွင်းရောက် အခြားနိုင်ငံရေးပါတီများမှ အမတ်များ၊ တစ်သီးပုဂ္ဂလ အမတ်များအားလုံး စုစုပေါင်းထားသည့်အရေအတွက်ထက်ပင် များပြားနေသေးသည်။

‘‘ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တပ်က ပါဝင်ဆွေးနွေးရမယ် ဆိုတာတော့ လက်ခံရမယ်။ အ ပစ်အခတ်ကိစ္စတွေ ပါနေတာကိုး။ ဒါပေမဲ့ နိုင်ငံရေးမှာ တပ်ရဲ့ပါဝင်မှု ကို လျှော့ချဖို့က တကယ်ကို လို အပ်ပါတယ်။ ငြိမ်းချမ်းရေးတို့လို နိုင်ငံကာကွယ်ရေးတို့မှာ တပ်က ပါရမယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ တော့ နေရာတကာပါလို့မရဘူး လေ။ နိုင်ငံရေးဆိုတာ တပ်နဲ့မ ဆိုင်ဘူး။ ၂၀၁၅ အလွန်မှာတော့ တပ်ရဲ့ ပါဝင်မှုကို လျှော့ချဖို့လို အပ်လာတယ်’’ ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် အ တွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

အကူးအပြောင်းကာလတွင် နိုင်ငံရေးအခန်းကဏ္ဍ၌ တပ်မ တော်ပါဝင်နေမှုသည် ရှောင်လွှဲ၍ မရနိုင်သည့် ကိစ္စတစ်ခုဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင် မောင်ဆွေက ပြောသည်။

‘‘အကူးအပြောင်းကာလမှာ တပ်က ဆက်ပါနေဦးမှာဆိုတာက တော့ ကျွန်တော်တို့ ရှောင်လွှဲလို့ မရတဲ့ အရှိတရားပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အပစ်အ ခတ်ကိစ္စတွေ ပါနေတော့ တပ်က ပါနေဦးမှာပါ။ ဒါကိုလည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေက လက်ခံထားပုံရပါ တယ်’’ ဟု ဦးခင်မောင်ဆွေက ပြောသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း တွင်လည်း တပ်မတော်အရာရှိ များ၏ အခန်းကဏ္ဍသည် အရေး ပါသည့် အခြေအနေတွင် ရှိနေခဲ့ ပြီး အစိုးရအဖွဲ့ဝင်များအနက် အ များစုမှာ တပ်မတော်မှ တိုက်ရိုက် ပြောင်းရွှေ့လာသူများ (သို့မဟုတ်) တပ်မတော်အရာရှိဟောင်းအများ အပြား တာဝန်ထမ်းဆောင်လျက် ရှိသည်။

‘‘နှစ်တွေအများကြီး စစ်တပ် အုပ်ချုပ်မှုအောက်မှာ နေပြီးပြီ လေ။ ဘာမှသိသိသာသာ တိုး တက်မှုမတွေ့ရဘူး။ အဲဒီတော့ ဘာဖြစ်လို့ သူတို့က ဆက်ပြီး ပါ ချင်နေသေးတာပဲ။ နှစ်နှစ်ဆယ် လောက် အုပ်ချုပ်ရတာ မ၀သေး ဘူးလား။ သူများနိုင်ငံတွေမှာဆို တပ်က ကာကွယ်ရေးပဲလုပ်တာပဲ ကျွန်တော်တို့ဆီမှာ အဲဒီလိုပဲဖြစ် သင့်တယ်’’ ဟု ကမာရွတ်မြို့နယ် တွင် နေထိုင်သူ ဦမျိုးက ပြော သည်။

ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်ကို အဆုံးသတ်ရန် အ ဖြေရှာနေသည့် အချိန်၊ နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန် တိုင်း ရင်းသားလက်နက်ကိုင်များနှင့် အ စိုးရခေါင်းဆောင်များ ဆွေးနွေး နေသည့် ယခုလိုအချိန်တွင် တပ် မတော်၏ အခန်းကဏ္ဍမှာ အရေး ပါနေဆဲဖြစ်ကြောင်း သမ္မတက သတိပေးပြောကြားသည်။

‘‘နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာ တဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မ တော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲဖြစ်ပါတယ်’’ ဟု သမ္မ တက သူ၏ မိန့်ခွန်းတွင် ပြော ကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မည်မျှ ကြာမြင့်နိုင်ပါသနည်း။

ထိုမေးခွန်းကို မှန်းဆကြည့် ရုံမှလွဲ၍ မည်သူမျှ တိတိကျကျ အဖြေမပေးနိုင်သေးပေ။

သို့သော်လည်း အသွင်ကူး ပြောင်းရေးကာလတစ်လျှောက် တပ်မတော်၏ အခန်းကဏ္ဍသည် မည်သည့်နေရာတွင် ရှိနေမည်ကို နေပြည်တော်၌ ယနေ့ကျင်းပမည့် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်၏ ပြောစကားကို စောင့်ဆိုင်းဖွယ်ရာ မလိုတော့။ တပ်မတော်နေ့မတိုင် မီ တစ်ရက်အလို၌ပင် သမ္မတက ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့ပြီ ဖြစ်သည်။

ရန်မျိုးနိုင်၊ခိုင်ထွန်း| 7 day daily

မှတ်ချက်များ