မူကြိုတန်းကိုပါ အခမဲ့မသင်မနေရစနစ်အဖြစ် စာသင်ကျောင်းများမှာစတင်တော့မည်

 မူကြိုပညာရေးစနစ်ကို အခြေခံပညာမူလတန်းအဆင့်ကဲ့သို့ပင်အခမဲ့ မသင်မနေရ အဖြစ် စာသင်ကျောင်း များ တွင် ကျင့်သုံးသွားမည်ဟု ပညာရေးဝန် ကြီးဌာနက ပြောသည်။ လူမှုဝန်ထမ်းအဖွဲ့ကသာ သင်ပေး နေသော မူကြိုကိုပညာရေးဝန်ကြီးဌာနက တာဝန်ယူ သင်ပေးမည့်အစီအစဉ်ကို ပထမဦးဆုံးအ ကြိမ် လွှဲပြောင်းရ ယူလိုက်ခြင်း လည်းဖြစ်သည်။


”ဒီလိုလုပ်မှနယ်ဘက်တွေ အဆင် ပြေမှာ”ဟု ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ လွှတ်တော် ပညာရေး မြှင့် တင်မှုကော် မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ တင်ပြ ထားကြသော ပညာရေးဥပဒေမူကြမ်းကို လက်ရှိတွင် ဥပေ ဒကြမ်းကော်မတီက တစ်ခုတည်း အဖြစ် ပေါင်းလိုက်ပြီး လွှတ်တော်က အမြန်ဆုံးပြဋ္ဌာန်းပေးရန် မတ်လ၂ဝရက် နေ့တွင် တင်ပြလိုက်ပြီဖြစ်၍ ထိုဥပဒေ အတည်ဖြစ်လျှင် မူကြိုစနစ်မှစတင် လိမ့်မည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က မှတ်ချက်ပြုကြသည်။

”အသက်ခြောက်နှစ်ပြည့်တဲ့ကလေး တွေ မူလတန်းအဆင့်ကို စတက်ရမှာလို့ ဥပဒေကြမ်းထဲမှာပါထားတော့ မူကြိုကို ငါးနှစ်နဲ့ စတင်မယ်လို့ သတ်မှတ်လို့တော့ ရတယ်”ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောသည်။ မူကြိုပါပေါင်းလျှင် ကျောင်းသားတစ်ဦးလျှင် အခြေခံပညာအဆင့်ကို ၁၂ တန်းအထိ သင်ရ မည်ဖြစ်သော်လည်း မူကြိုကိုထည့်မတွက်ဘဲ ၁၂ တန်းဟုသာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်မည်ဟု သိရသည်။ မူကြိုပညာရေးကို အခြေခံပညာ ကျောင်းများ တွင် သာ သင်ပေးမည်ဟု သတ်မှတ်ထားပြီး စတင်မည့်ကာလကို အစိုးရက ကြိုတင်ကြေညာပေးမည်ဟု သိရသည်။

Popular Myanmar News Journal

မှတ်ချက်များ