ထိုသို့မေးမြန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာရပ်ကွက်နေ ဘုကြီး(ခ)ရဟန်းတု (ခ) ကျော်စိုးအောင်(၄၃)နှစ် ဖြစ်ကြောင်းနှင့် သံဃာ အယောင်ဆောင်၍ မီးရထားဘူတာကြီးများတွင် လှုပ်ရှားသွားလာနေသူ ဖြစ်ကြောင်း သိရှိရသဖြင့် ရန်အောင်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ပြီး ပျဉ်းမနားမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ကိုးဆူကျောင်း ဆရာတော် ဘဒ္ဒန္တဥူးစံန္ဒောဘာသ၊ အဘယရာမကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကဉ္ဇနတို့ ရှေ့မှောက်တွင် သိက္ခာချလူဝတ်လဲစေပြီး ဘုကြီး(ခ)ရဟန်းတု (ခ) ကျော် စိုးအောင် အား ပျဉ်းမနားမြို့မရဲစခန်း၊ ရဲအရေးမပိုင်မှု ၇/၂၀၁၄၊ ပြစ်မှုပုဒ် ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ရဲဇာနည်
မှတ်ချက်များ