၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား

၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင် အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။


ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိ မှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက် မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို အသုံးပြုရ မှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန် အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။

မူရင်း(digitalone)

မှတ်ချက်များ