ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်း မှတ်တမ်းရုပ်ရှင်တခုကို ရန်ကုန်မြို့မှာ ရှိတဲ့ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှာ အခု မတ်လ ၂၉ ရက်နေ့မှာ ပြ သသွားဖို့ ရှိပါတယ်။
Boy Saloum အမည်ရတဲ့ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Audrey Gallet ရဲ့ လက်ရာကောင်းတခုဖြစ်ပြီး ဆီနီဂေါနိုင်ငံက ဟစ်ဟော့ အဆိုတော်ရှင် တက်ကြွ လူငယ်တွေက ဦးဆောင်ပြီး သူတို့နိုင်ငံရဲ့ မတရားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားမှုကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်း တခုဖြစ်ပါတယ်။
ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Thiat ဟာ Y'en A Merre လှုပ်ရှားမှုလို့ အမည်ရတဲ့ ဆီနီဂေါ လူထု လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဟစ်ဟော့ပ်ပါ တဦးဖြစ်ပြီး ၂ဝ၁၃ ခုနှစ် Reagan - Fascel Democracy Fellowship Award ဆုကို ရရှိထားသူဖြစ်ပါတယ်။
အခု Boy Saloum မှတ်တမ်း ရုပ်ရှင်ကို ရန်ကုန်တိုင်း တာမွေမြို့နယ်၊ ရေကျော်လမ်း အမှတ် ၄၆ မှာ ရှိတဲ့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းမှာ ညနေ ၃ နာရီကနေ ၅ နာရီထိ ပြသသွားမှာဖြစ်ပါတယ်။
အိမ့်သံစဉ် | ဧရာဝတီBlog

မှတ်ချက်များ