အရင်က ကြေးစားလက်ဝှေ့သမား တစ်ဦးဖြစ်တဲ့ မစ္စတာ ဟာ့ကမာ့ဒဟာ ထောင်ထဲမှာ နှစ်ပေါင်း ၄၆ နှစ် နေခဲ့ရတာ ဖြစ်ပါတယ်။သူ့ရဲ့ အလုပ်ရှင် အပါအဝင် အဲဒီ အလုပ်ရှင်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကိုပါ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သူ သေဒဏ် ချခံခဲ့ရတဲ့အမှုကို ပြန်လည် ကြားနာ စစ်ဆေးကြမှာ ဖြစ်ပါတယ်။
မစ္စတာ ဟာ့ကမာ့ဒဟာ အခု အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။
သူ့ရဲ့သွေး စွန်းထင်းနေတဲ့ အဝတ် ဆိုပြီး အမှုအတွင်း သက်သေအဖြစ် အသုံးပြုခဲ့တာမှာ DNA စမ်းစစ်မှုအရ သူ့ရဲ့သွေး မဟုတ်ဘူး ဆိုတဲ့အကြောင်း ရှေ့နေအဖွဲ့က တင်ပြနိုင်ခဲ့ပြီးနောက် တရားရုံးက သူ့အပေါ် ချမှတ်ထားခဲ့တဲ့ သေဒဏ်ကို ဆိုင်းငံ့ပေးထားခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုကို မူလ စုံစမ်းခဲ့တဲ့ သူတွေဟာ သက်သေ ပစ္စည်းတွေ တင်ပြခဲ့တဲ့ နေရာမှာ လုပ်ကြံ ဖန်တီးခဲ့ပုံရတယ်လို့ တရားသူကြီးက ဆိုခဲ့ပါတယ်။
ဘီဘီစီ
မှတ်ချက်များ