အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၌ ကားအင်ဂျင် အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား




၂၄.၃.၂၀၁၄ ရက်နေ့ ၁၁၄၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း
အတိုင်း စော်ဘွားကြီးကုန်း ဘက်မှ လေဆိပ်လမ်းဆုံဘက်သို့ လှိုင်သာယာ
မြို့နယ်၊ စက်မှုဇုန်(၂)၊ ဆရာစံလမ်းရှိ ဦးမောင်စိန်၏ ပဲဂိုဒေါင်၌ တည်းခို
နေထိုင်သူ အိန္ဒိယနိုင်ငံသား ဆန်းဂျေဂျေ၊ (၄၂)နှစ်၊ (ဘ)ဦးကာလေပူရာ
မောင်းနှင်လာသော ၁င/---- Toyata DAMT အနက်ရောင်ယာဉ်သည် မင်းဓမ္မလမ်းမီးပွိုင့်အလွန်အရောက် အင်ဂျင်မှ အပူလွန်ကဲပြီး မီးလောင်မှု
ဖြစ်ပွားခဲ့သဖြင့် စော်ဘွားကြီးကုန်းအဝေးပြေးဝင်း၊ စည်ပင်သာယာကွပ်ကဲမှု
ရုံးမှ မီးသတ်ဗူးဖြင့် ပက်ဖျန်းမီးငြိမ်းသတ်ခဲ့၍ ၁၁၅၀ အချိန် မီးငြိမ်းသွားခဲ့
ပါသည်။

မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ကားမီးလုံး(၂)လုံး၊လေကာမှန်နှင့်ဝါယာကြိုး
များမီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး(၃)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ပါသည်။

ဖြစ်စဉ်မှယာဉ်အားမီးလောင်ကျွမ်းအောင်အသုံးပြုမောင်းနှင်သူ ဆန်းဂျစ်ဂျေ
အား အင်းစိန်မြို့မရဲစခန်း(ပ)၂၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ