အမျိုးသားပညာရေးဥပဒေကြမ်းကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်မြို့၊ လှည်တန်းလမ်းဆုံအနီးရှိ ဦးထွန်းလင်းခြံလမ်းတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငါးခုမှ ကျောင်းသား(၂ဝ)ကျော်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေကြမ်း ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“အရင်တုန်းက လက်တွဲခဲ့တာက ယုံကြည်ရမယ် ထင်လို့ လက်တွဲခဲ့တာ၊ အခုချိန်မှာတော့ အစိုးရကော လွှတ်တော်ကိုပါ ဘယ်လိုမှ ယုံကြည် လို့မရတော့တဲ့ အခြေအနေရောက်လာခဲ့လို့ ဒီနေရာမှာလာရောက် ဆန္ဒထုတ်ဖော် တာပါ”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။

ကျောင်းသားများသည် အမျိုးသားပညာရေးကောင်စီ အလိုမရှိ၊ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ဗဟိုချုပ် ကိုင်မှု ကင်းမဲ့ရေး၊ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြ၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်း ခွင့် ရရှိရေး၊ NNER နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြ သည်။

အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံးကဦးဆောင်သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ(EPCI)က ရေးသားပြီး ပြီးခဲ့သည့် မတ် ၁၃ရက်တွင် လွှတ်တော်သို့တင် သွင်းခဲ့သည့် ပညာရေးဥပဒေမူကြမ်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန် ရက် (NNER)ကလည်း အမျိုးသားပညာရေးကောင်စီ/ကော်မတီနှင့်တကွ ဗဟိုချုပ်ကိုင်မှုကိုကျင့်သုံးသည့် အဆိုပါ ပညာရေးဥပဒေ ကိုဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၇ရက်ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ သည်။

ဓာတ်ပုံ - ထက်နောင်နောင် | The Myanma Age

မှတ်ချက်များ