နောက်(၅)နှစ်အထိ အသက်ဆက်ပေးနိုင်တဲ့ နှလုံးတု

နောက်(၅)နှစ်အထိ အသက်ဆက်ပေးနိုင်တဲ့ နှလုံးတု တစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် အစားထိုးတပ် ဆင် အောင်မြင်ခဲ့ပါတယ်။ အသက် (၇၁)နှစ်အရွယ် အဖိုးတစ်ယောက်ကို ဆရာဝန်တွေ က ဒီဇင်ဘာ၊ ၂၅ရက်နေ့မှာ ခွဲစိတ်ကု သခဲ့ပါတယ်။ ခွဲစိတ် အစားထိုးကုသပြီး တဲ့နောက် ကောင်းကောင်းကြီး ကျန်းမာရေးပြန်ကောင်းသွားတယ် လို့သိရပါ တယ်။ နှလုံးအတုနဲ့ အစားထိုးကုသဖို့ကို ဆရာ ၀န်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ကြိုးစားခဲ့ကြပေမဲ့ ဒီ့မတိုင်ခင်အချိန်ထိတော့ နှလုံးတုတွေဟာ လအနည်းငယ်သာ အလုပ်လုပ်နိုင် ခဲ့ကြပါတယ်။ နောက် (၅)နှစ်ထိ အသက်ဆက်နိုင်တဲ့ နှလုံးတုနဲ့ ပထမဆုံးအ ကြိမ် အောင်မြင်စွာ အစားထိုးကုသနိုင်မှုကို ပါရီမှာရှိတဲ့ Georges Pompidou ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်၊ အမေရိက နဲ့ ဥရောပတို့က နှလုံးသစ် လိုအပ်နေတဲ့ လူနာ ၁၀၀၀၀၀ လောက် ကို မျှော်လင့်ချက်ရောင်ခြည် သန်းစေခဲ့ပါတယ်။ အဲ့ဒီ့ နှလုံးတုဟာ အလေးချိန် (၂)ပေါင်ရှိပြီး နှလုံးစစ် တစ်ခုထက် ၃ဆနီးပါး ပိုလေးပါတယ်။ ဘက်ထရီကတော့ အရုပ်တွေ၊ လက်ပတ်နာရီတွေ နဲ့ စမတ်ဖုန်းတွေ ကို အားသွင်းတဲ့ ဘက်ထရီတွေနဲ့ အမျိုးအစား တူတူပါပဲ။ နှလုံးတု စက်ကို တိုင်တေနီယံနဲ့ အဓိကလုပ်ထား ပြီး ခန္ဓာကိုယ်နဲ့ ထိတွေ့မယ့် အပြင်ဘက် နံရံကိုတော့ နွား တစ်သျှူးနဲ့ လုပ်ထားပါတယ်။

မှတ်ချက်များ