လက်ပံတောင်း လုပ်ခလစာ ညှိနှိုင်းမရသေး

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဝင်လုပ်ဖို့ ဝမ်ပေါင် ကုမ္ပဏီက စာတွေ့ လက်တွေ့ သင်တန်းပေးနေတဲ့ ဒေသခံ ၂၆ ရွာက ဘွဲ့ရ လုပ်သားတွေဟာ ကုမ္ပဏီနဲ့ လစာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။

မတ်လ၂၆ ရက်နေ့ သင်တန်းပြီးချိန်မှာ အလုပ်ဝင်မှာ မဟုတ်ဘဲ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်းတွေနည်းတူ လစာရမှ အလုပ်ဝင်မယ်လို့ သူတို့က ပြောပါတယ်။

အဲဒီ သင်တန်းသား ဝန်ထမ်းတွေဟာ လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာမှာ နေကြတဲ့ တောင်သူတွေရဲ့ သားသမီးတွေ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ပထမဆုံး အနေနဲ့ အများဆုံး ဝင်လုပ်ကြမယ့် ဒေသခံ ဝန်ထမ်းတွေ ဖြစ်ပြီး ဘွဲ့ရ အမျိုးသမီး ၈ဝ နဲ့ အမျိုးသား ၁၅ဝ ကျော် ဖြစ်ပါတယ်။

ဝမ်ပေါင် ကုမ္ပဏီက မေလ ၂၆ ရက်က စပြီး ဒီစီမံကိန်းမှာ လုပ်ဖို့ သင်တန်းတွေ ပေးခဲ့ပါတယ် ။

သင်တန်းအပြီး စာချုပ်ချုပ်ဖို့ ပြင်ချိန်မှာတော့ လုပ်ငန်းခွန် အန္တရာယ် များလို့ သူတို့ထက် အရင် အလုပ်ဝင်သူတွေ ရတဲ့ နှုန်းထားအတိုင်း ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

ဒေသခံတွေ အလုပ်အကိုင် အခွင့်လမ်းတွေ ရမယ်လို့ ကော်မရှင် အစီရင်ခံစာမှာ ပါပေမယ့် အလုပ်ဝင်ချိန်မှာ လက်တွေ့ သူတို့ရမယ့် လစာက သန့်ရှင်းရေး ဝန်ထမ်းတွေထက် ကျပ် တစ်သောင်းလောက်ပဲ ပိုတယ်လို့ သင်တန်းသားတွေဘက်က ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဘီဘီစီ

မှတ်ချက်များ