MH 370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ကြေညာ



ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

အဲဒီ လေယာဉ်ပေါ်ကို လိုက်ပါသွားတဲ့ လူ ၂၃၉ ယောက်ရဲ့ မိသားစုတွေကိုလည်း မလေးရှား လေကြောင်းလိုင်းက အကြောင်းကြားလိုက်ပြီလို့ သူက ဆိုပါတယ်။

အစောပိုင်းကတော့ သြစတြေးလျ ရှာဖွေရေး လေယာဉ် တစ်စင်းဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာပဲ စက်ဝိုင်းပုံ အရာဝတ္ထု တစ်ခုနဲ့ လေးထောင့် သဏ္ဌာန် အရာတစ်ခု တွေ့ခဲ့ပါသေးတယ်။

သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

ဘီဘီစီ

မှတ်ချက်များ