သင်္ကြန်တွင်းမှာ ပျော်စရာကိုသာရှာသူတွေ ဒုက္ခပင် လယ်ဝေရတဲ့ဇာတ်လမ်းတွေကို သူမသိပေမဲ့ တ ကယ်ရှိပါတယ်။ ခေတ်ပြောင်းလာလို့ ဝတ်စားဆင် ယင်တာတွေ ခေတ်ဆန်းလာသလို အကြံသ မား တွေအတွက်လဲ အကြံသစ်တွေ၊ လက်နက် သစ်တွေ တပ်ဆင်ထားနိုင်ကြပါတယ်။
အန္တရာယ်အသစ်ကို ကာကွယ်နည်းသစ်နဲ့သာ ကာကွယ်နိုင်ကြမှသာ နှစ်သစ်မှာ လူဖြစ်မရှုံး သူ ဖြစ်နိုင်ပါလိမ့်မယ်။
၁။ သောက်စရာမှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင် လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေးသောက် သုံးစရာထဲကဆို ပိုသတိကြီးကြပါ။
၂။ မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်တော့ပါနဲ့။ ခွက်ကို တခုခုနဲ့ ဖုံးပေးထားပါ။ တနေရာမှ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။
၃။ အဖေါ်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလဲ ဈေးရောင်းတဲ့သူတိုင်းကို မယုံပါ နဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖေါ် ဆက်ဆံရေးကိုလဲ အကဲခတ်တတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ စတာမျိုးလဲ အဓိပ္ပါယ်ဖွင့်တတ်ပါစေ။
၎။ သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာ များတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာ သောက်ပါ။ ဒါလဲ ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလဲ ရှိနိုင်တယ်။ ရောသောက်ရတာမှာ ရောတာတိုင်းကို သတိထား ရမယ်။
၅။ တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တခုခုထူးတာ နဲ့ ဆေးအ ကူအညီ တောင်းဘို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။ ရဲကိုအကူအညီယူ ပါ။ ကြက်ခြေနီ အကူအညီယူပါ။
၆။ ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ် အိုင်ဒီ သူများကို မပေးပါနဲ့။ ကိုယ်တယောက်ထဲရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။
၇။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုမူတမျိုးမျိုး အချိန်မရွေး လာလုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။ လက်ကို ကိုင်တွယ်တာကအစဖြစ်တယ်။ ခေါင်းညိတ်တာကို မလွယ်ပါစေနဲ့။
၈။ ရင်းနှီးတဲ့သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းကမ်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။
၉။ ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တယောက်ယောက်ကို အသိပေးထားခဲ့ ပါ။ နေရာပြောင်း တိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာဆို အဆက်အသွယ် အမြဲမပြတ်ရှိနေပါ။
၁၀။ လက်ကိုကိုင်တာ၊ ပါးကိုနမ်းရှုံတာလေးနဲ့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးအ ထိ ဆက်နိုင်ဘို့ လမ်းဖွင့်ပေးတာနဲ့ တူပါမယ်။
၁၁။ အိမ်ပြန်ပို့ပေးမယ်ဆိုသူ၊ ဟိုနားသွားရအောင်ခေါ်သူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့ ဆိုတာ အမြဲသံသယရှိထားပါ။
၁၂။ နေရတာ စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာ ကို ပြောင်းပါ။
၁၃။ ကိုယ့်ကိုခြိမ်းခြောက်မှုရှိထာကို ငြိမ်မနေပါနဲ့။ တခြားလူတွေကို သိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခုအသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ စသည်။ အဲလိုအခြေအနေမျိုးများ သိပ်သဘောကောင်းသူ၊ သီးခံတတ်သူလို့ ကိုယ့်ကိုအထင်မခံချင်ပါနဲ့ လူကြမ်း၊ စိတ်ကြမ်းသူလို တမင်တ ကာပြုမူပါ။ ကိုယ့်ကိုအထင်သေးသွားပါစေ။ အနားကလူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာ မဟုတ်ပါ။
၁၄။ အပြောကောင်းသူ၊ မြူဆွယ်သူတွေကို လူကဲခတ်တတ်ပါစေ။ အပြောတမျိုး အလုပ်တမျိုးလာနိုင်တာလဲ သတိထားပါ။ ရွယ်တူတွေက ဆွဲဆောင်တိုင်း၊ မဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူး လွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု၊ တိုက်မှုသာ မဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့် ကမ်းပေးတာမှာလဲ ကြံရာပါမဖြစ်ပါစေနဲ့။
၁၅။ ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ၊ ကိုယ်သွားရာနေရာတွေဟာ ရန်သူကို ဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။
၁၆။ သူများ အကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင်လဲ ကိုယ်တိုင်ဖြစ်ဖြစ် အကြောင်းကြားပေးတာ၊ အကူအ ညီ ခေါ်ပေးတာမျိုးနဲ့ ကူညီပါ။
၁၇။ မသင်ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းကို အဆင်သင့်ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့် လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းစတာမျိုးကို သိထားပါ။
၁၈။ ကိုယ်မြင်တာ သိတာကို ရဲကနေမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ် ရှိတာကိုလဲ အသုံးချပါ။
၁၉။ သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများဆိုတာ ခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ် လို့ ပြန်မပြောနိုင်တဲ့ မေ့ဆေးအစွမ်းရှိတယ်။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ ဘဝမျိုး ရောက်သွားတယ်။ ညစ်ညမ်းလက်ဖက် ရည်၊ လေဒီကော် ဖီတွေကလဲ အတူတူဘဲ။
၂၀။ ပြုကျင့်မဲ့သူကနေ အရင်ကတည်းက အရိပ်အကဲခတ်ထားပြီးဖြစ်နိုင်တယ်။ သင်္ကြန်မတိုင်ခင်ကည်း က နောက်ယောင်ခံနေတာလဲရှိနိုင်တယ်။
ဒေါက်တာတင့်ဆွေ

မှတ်ချက်များ