Android ဖုန်းတွေဟာ ဘတ္တရီ သက်တမ်း တိုတောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ Setting အနည်းငယ်လောက်ကို ပြုလုပ်လိုက်တာနဲ့ ဘတ္တရီ သက်တမ်းကို ပိုပြီး တိုးမြင့်နိင်မှာပါ ။ ဘတ္တရီ အားကို ပိုမိုကောင်းကောင်းနဲ့အသုံးခံစေဖို့ အောက် က အချက်တွေ အနည်းငယ်ကို ဖော်ပြလိုက်ပါ တယ်။ ဖုန်းမှာ GPS ဖွင့်ထားခြင်း GPS ဟာဖုန်း ဘတ္တရီ အားစားစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ဖုန်းထဲမှာ ရှိတဲ့ GPS ချိပ်စ်ပြားကနေတစ်ဆင့် တည်နေရာအချက်အလက်တွေကို သိစေပြီး ဖုန်းတာဝါတိုင်နေတွေ၊ ၀ိုင်ဖိုင် Hptspots တွေကနေတစ်ဆင့် သင့်ရဲ့နေရာတွေကို ရှာဖွေနိင်ပါတယ်။ ဖုန်းစစ်တမ်းတွေမှာ ဖုန်းတွေက သင့်ကို ရှာလေလေ သင့်မှာ ရှိတဲ့ ဘတ္တရီအားက ကုန်လေလေပါပဲ။
ဒီတော့ ဖုန်းထဲက Settings > Location > Google Location Reporting ကိုသွားပြီး ပိတ်လိုက်ပါ။
Wi-Fi scanning
ဒါဟာလည်း ဖုန်းဘတ္တရီ အားအကုန်မြန်ရခြင်းရဲ့ အကြောင်း အရင်းတစ်ခုဖြစ်ပါတယ်။ Android ပေါ်တွင် ၀ိုင်ဖိုင် ကို disabled လုပ်ထားခဲ့ရင်တောင် ဖုန်းဟာ နက်ဝပ်ကို ရှာနေတုန်းပါပဲ။ ဒီလိုမဖြစ်ဖို့ Wi-Fi settings > Advanced ထဲသွားပြီး Wi-Fi scanning ကို Uncheck လုပ်ပါ။
Battery tool ကို သုံးပါ။
သင့်ရဲ့ ဘတ္တရီဟာ အရမ်းမြန်မြန်ကြီး အားကုန်နေပြီးလို့ ယူဆရင် Battery tool တွေကိုသုံးနိင်ပါတယ်။ Googleplay နဲ့ အခြား One Mobile Store တွေမှာ ဒေါင်းလ်နိင်ပြီး ထို Tool တွေက ဘယ် app တွေဟာ အားအရမ်းသုံးနေသလဲ ဆိုတာကို ပြပေးနိင်ပါတယ်။
Aung Heine | smart pro
မှတ်ချက်များ