ဂျာမနီ Audi S6 ဇိမ်ခံဆလွန်းရတော့မည်

Audi မှ ၂၀၁၃ မော်ဒယ် S6 ပြီးနောက် ယခုထပ် မံပြီး ၂၀၁၄ မော်ဒယ် S6 ကို ဆက်လက် ထုတ် လုပ်လိုက်ပါတယ်။ ၂၀၁၄ S6မှာတော့ Front Engine နဲ့ Audiရဲ့နာမည်ကျော် Quattro လေး ဘီး ယက်စနစ် သုံး ဖြစ်ပြီး မြင်းကောင်ရေ အား ၄၂၀ ထိထုတ်လုပ်ပေးနိုင်မယ့် ၄.၀ လီတာဆန့် Twin Turbocharged ဆလင်ဒါ ၈လုံးVအင်ဂျင်အမျိုး အစားကို ထည့်သွင်း အသုံးပြု ထားပါတယ်။

အင်ဂျင်ကထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုDual-Clutch အော်တိုဂီယာ ၇ချက်ကနေတစ်ဆင့် ကားဘီးလေးဘီးဆီသို့ စွမ်းအင်တွေ ပို့လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။ ၃.၇ စက္ကန့် အတွင်း သုညမိုင် ကနေ တစ်နာရီ မိုင် ၆၀ နှုန်း အထိ အရှိန်မြှင့် တင်နိုင်ပြီး Top Speedကတော့ တစ်နာရီ မိုင် ၁၅၅မိုင် ဖြစ် ပါတယ်။ ဆီစားနှုန်းမှာတော့ မြို့တွင်း တစ်ဂါလံ မိုင် ၁၇ မိုင်နှုန်း နှင့် အဝေးပြေးလမ်း မှာတော့ တစ်ဂါလံ မိုင် ၂၉ မိုင်နှုန်း ထိပြေးဆွဲ နိုင်ပြီး စုစုပေါင်းဆို ရင်တော့ တစ်ဂါလံ မိုင် ၂၀ နှုန်း ထိ အသုံးပြုမောင်းနှင်နိုင် မှာဖြစ်ပါတယ်။ www.audi.com မှာ S6 ကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

၂၀၁၄မော်ဒယ် S6 ဆီဒန်စပို့စ် ကားသစ်မှာ လုံခြုံရေးစနစ်အတွက် အဆင့်မြှင့် အသက် ကယ်လေအိတ် ၆လုံးထည့်သွင်းထားပြီးOption ပိုင်းအနေဖြင့် ၂လုံးထပ်မံ ထည့်သွင်း နိုင်ပါသေးတယ်။ ကားရဲ့အတွင်း ပိုင်းကိုကြည့်မယ်ဆိုရင်ဖြင့်လူငါးယောက်လုံလုံလောက်လောက်စီးနှင်းနိုင်အောင်ကျယ်ဝန်းပြီး ခေတ်မီလှပတဲ့ ပစ္စည်းပစ္စယတွေ၊ အဆင့်မြင့်ကောင်းမွန် လှတဲ့ နည်းပညာတွေနဲ့ အတူ Power Seat ၊ Leather Seat ၊ Heated Seat တွေပါ ပါဝင်မှာဖြစ်လို့ အသုံးပြုစီးနှင်း သူတွေအဖို့ စိတ်ကျေနပ်မှု အပြည့်အ ၀ရှိစေမယ့် S6 ဖြစ်ပါတယ်။

အမေရိကန်မှာ ရောင်းချတဲ့ Audi S6 ကို ဒီ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ http://www.audiusa.com/models/audi-s6 ၂၀၁၄ Audi S6 Quattro စပို့စ်ဆီဒန်ကားလေးမှာ အဆင့်မြင့် Prestige Trim Level တစ်ခု သာပါဝင်ပြီး အခြေခံဈေးနှုန်း အနေဖြင့်အမေရိကန်ဒေါ် လာ ၇၃,၄၀၀ သတ်မှတ်ထား တယ်လို့သိရှိရပြီး Driver Assistance Package ကိုရွေးချယ်မယ်ဆိုရင် ဒေါ်လာ ၂,၅၀၀ ၊ Innovation Package ဆိုရင် ဒေါ်လာ ၅,၆၅၀ ထပ်မံပေးချေရမှာဖြစ်ပါတယ်။ ၄င်းရဲ့ အဓိကပြိုင်ဘက်တွေကတော့ 2014 Porsche Panamera နဲ့ 2014 Mercedes-Benz E 63 AMG 4Matic တို့ဖြစ်တယ်လို့ သိရှိရပါတယ်။

မြန်မာပြည်ကိုလည်း Audi နောက်ဆုံးပေါ်တွေ ရောက်ရှိ ပါတယ်။ ၂၀၁၄ ခုနှစ် မော်ဒယ်တွေပါ ရောက်ရှိ ပါတယ်။ ဈေး ကတော့ ပြန်လှန်အောင် ကြီးနေမှာပါ။ စာဖတ်သူတို့ ကိုယ်တိုင် လေ့လာ နိုင် ပါတယ်။

 Aung Kham | smart pro

မှတ်ချက်များ