သင်္ကြန်ကာလ သရုပ်မပျက်စေရန်အင်လျားကန်ဘောင်မှာကမ်ပိန်းစတင်ပြုလုပ်မည်

သင်္ကြန်ကာလရေကစားရာတွင် သရုပ်ပျက်မှုများ မဖြစ်စေရေးအတွက် လက်ကမ်းစာစောင်နှင့် ပါဖောမန့်များ ပြုလုပ်မှုကို ဧပြီလ၁၀ရက်နေ့ ညနေ(၅)နာ၇ီတွင် ရန်ကုန်မြို့ရှိ အင်လျား ကန်ဘောင်၌ စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာလူငယ်များစွမ်းဆောင်ရည်မြှင့် တင်ရေးကွန် ရက်မှသိရသည်။

အဆိုပါက ကမ်ပိန်း၏ လက်ကမ်းစာစောင်များတွင် အနုပညာရှင်များဖြစ်သည့် ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ နန်းခင်ဇေယျာနှင့် အခြားအနုပညာရှင်တစ်ချို့နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အပါအ၀င် စာရေးဆရာများမှ အသိပေးစကားများပြောကြားပေးထားကြသည်။

မြန်မာအနေနှင့် အာဆီယံဥက္ကဌရာထူးရယူထားရချိန်လည်းဖြစ်ပြီး နိုင်ငံတကာမှ စောင့်ကြည့်နေမှုများ ရှိသဖြင့် သင်္ကြန်ကာလတွင်း သရုပ်ပျက်ဝတ်စားမှုများနှင့် ယဉ်ကျေးမှုထိခိုက်စေသည့် ကိစ္စများမဖြစ် ပွားစေရန် လူငယ်အဖွဲ့အစည်းများပူးပေါင်း၍ ပထမဦးဆုံးအကြိမ်အဖြစ် ကမ်ပိန်းပြုလုပ်ရ ခြင်းလည်း ဖြစ်သည်ဟု မြန်မာလူငယ်များစွမ်းဆာင်ရည်မြှင့်တင်ရေးကွန်ရက်ဥက္ကဌ ကိုအောင်ဇင်ကပြောသည်။

သုတလင်း | Popular

မှတ်ချက်များ