လင်မယား စကားများရန်ဖြစ်စဉ် ၀င်ရောက်ဖျန်ဖြေသူ(၂)ဦး ဓါးထိုးခံရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲအ ချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ နဂါးအိုင် ရွာနေ အောင်လင်း(၃၂)နှစ်နှင့် တစ်ရွာ တည်းနေ တူဖြစ်သူ သန်းဇော်ဦး(၂၅)နှစ်တို့ ၂ ဦး ငနောင် မုန်းရေနံမှော်ရှိတဲအတွင်း ထန်းရည်သောက်နေစဉ် တဲနီးချင်းနေ ဇော်ကြီး(၃၅)နှစ်နှင့် ၎င်း၏ ဇနီးတို့ စကားများရန်ဖြစ်နေသဖြင့် ၀င်ရောက်ဖြန်ဖြေ ရာ ဇော်ကြီးမှ ဓါးနှင့်ထိုးသဖြင့် အောင်လင်းတွင် ယာနို့အုံအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်နှင့် သန်းဇော်ဦးတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ဇော်ကြီးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်များ