ဂျပန်မှာတွေ့ရတဲ့ ထူးထူးဆန်းဆန်း ပွဲတော်

ဂျပန်မှာ ဧပြီလရဲ့တနင်္ဂနွေဆိုရင် ထူးဆန်းတဲ့ ပွဲကြီး တပွဲ ရှိနေတာ နှစ်တိုင်းနှစ်တိုင်းပါပဲ။ပွဲနာမည် ကို Kanamara Matsuri လို့ အမည်ပေး ထားတာပါ။

ဒီပွဲကို ကျင်းပလာတာ နှစ်ပေါင်း သုံးလေးရာ ရှိပါပြီ တဲ့။ မူလ ရည်ရွယ်ချက်ကတော့ ပြည့်တန်ဆာတွေ က လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေကနေ ကင်းဝေးစေရေးအတွက် နတ်ကွန်းမှာဆုတောင်းတဲ့ အခမ်းအနားလို့ ဆိုပါတယ်။ဒီကနေ့မှာတော့ လုံခြုံ စိတ်ချရတဲ့လိင်ဆက်ဆံခြင်းဆိုင်ရာ အကြောင်းအ ရာတွေကို သတိထားမိကြဖို့၊ HIV တိုက်ဖျက်ရေး ရန်ပုံငွေ ရရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါလာပါပြီ။

ပုံမှာတော့ အမျိုးသားလိင်တန်ပုံ မုန့်ပဲသရေစာ စားနေကြတာ တွေ့ရပါမယ်။အဲဒီလိုပုံစံ အမှတ်တရ ပစ္စည်းတွေ ရောင်းချ၊ ၀ယ်ယူကြ၊ ပြီးတော့ ... ပွဲတော်အမှတ်တရပစ္စည်းနဲ့အတူ ဓာတ်ပုံရိုက်ကြ။စိတ်ညစ် စရာသတင်းတွေကြားထဲမှာ ဒီလို ထူးထူးဆန်းဆန်း သတင်းမြင်ကွင်းတွေ ပေါ်လာတာလည်း ကောင်း ပါတယ်။

အမျိုးသားလိင်တန်ပုံက ပွဲတော်မှာ အဓိကနေရာမှာ ရှိနေတာ တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ။ ဂျပန်မှာ ဒီလိုပွဲမျိုး ရှိမယ်ဆိုတာ အများစုက ယူဆထားကြမယ် မထင်ပါဘူး။

တချို့သော အာရှနိုင်ငံတွေမှာတော့ ဒီလို ပွဲတော်ကြီးမဟုတ်သော်ငြားလည်း အမျိုးသားလိင်တန်ပုံကို ဆောင်ထားတတ်တဲ့၊ ရုပ်တုတွေမှာ ထင်ထင်ရှားရှား ဖော်ပြတတ်တဲ့ ဓလေ့ထုံးတမ်းတွေ ရှိနေပါတယ်။ကာဝါဆာကီမြို့က အဲဒီပွဲ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။









ဧရာဝတီBlog

မှတ်ချက်များ