အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ဆေးရုံမှာ လုံခြုံရေး အစောင့်တဦးက ပစ်ခတ်လို့ ဆရာဝန်တဦးနဲ့ အမေ ရိကန်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ပြီး ပစ်ခတ်မှုမှာ အခြားလူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆေး ရုံကို ထောက်ပံ့နေတဲ့ အမေရိကန်နိုင်ငံက Cure အ ပြည်ပြည်ဆိုင်ရာအဖွဲ့က ပြောဆိုပါတယ်။
တိုက်ခိုက်မှုအများစုကို တာဝန်ခံနေတဲ့ တာလီ ဘန်တွေက အခု တိုက်ခိုက်မှုမှာ ဘာမှ ထုတ်ဖော်ပြော ဆိုတာ မရှိပါဘူး။
သေဆုံးသွားတဲ့ ဆရာဝန် ဂျယ်ရီ အူမာနိုစ်ဟာ အာဖဂန်နစ္စတန်နိုင်ငံက မိခင်နဲ့ ကလေးဆေးရုံမှာ အလုပ်လုပ်နေတာ ၁၀ စုနှစ် တခု နီးပါးရှိတော့မှာ ဖြစ်ပြီး သူသေဆုံးခဲ့တာဟာ သူ့ရဲ့မိသားစု၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် အာဖဂန်ပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးတရပ် ဖြစ်ပါတယ်လို့ လုပ်ဖော်ကိုင်ဖက် ဆရာဝန် လောင်းဒလ် ခရစ်ယာန်ကျန်းမာရေးဌာနက အကြီးအကဲ ဒေါက်တာ ဘရုစ် ရိုဝဲလ်(Bruce Rowell) က ပြောဆိုခဲ့ပါတယ်။
၂၀၁၄ နှစ်ကုန်မှာ အာဖဂန်နစ္စတန်က နိုင်ငံခြားတပ်တွေ ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေချိန် အာဖဂန်သမ္မတ သစ်တဦးကို ရွေးကောက်နေချိန် နိုင်ငံခြားသားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဒီနှစ်ဆန်းကတည်း က မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ